ပဲတီစိမ်း၊ မတ်ပဲ ဖားဥမှိုရောဂါ ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းများနှင့်ဆေးဝါးများ

07/12/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • မြန်မာအမည်        = ဖားဥမှို​ရောဂါ
  • အင်္ဂလိပ်               = powdery mildew
  • ​မှိုအမျိုးအစား        = Blumeria Graminis F. Sp. Hordei
  • ပဲတီစိမ်း/မတ်ပဲ မှို = Erysiphe polygoni

ဖားဥမှို​ရောဂါ အမျိုးအစားဟာ  ပူ​နွေးစွတ်စို​တဲ့ရာသီဥတုအ​ခြေအ​နေမျိုးဆိုရင် သီးနှံအ​တော်များများမှာ ကျ​ရောက်​လေ့ရှိပါတယ်၊

အထူးသဖြင့် ပဲတီစိမ်း၊မတ်ပဲသီးနှံများအတွက် အဓိကကျ​ရောက်တဲ့ ​ရောဂါ (Major  disease)လည်း ဖြစ်ပါတယ်။

စစ်ဆေးသိရှိနိုင်မဲ့ လက္ခဏာများ

  • သူကြိုက်တဲ့ရာသီဥတု အ​ခြေအ​နေ​ပေးရင် အပင်သက်တမ်းမ​ရွေး ကျ​ရောက်နိုင်ပါတယ်။
  • ကိုယ့်ပဲခင်းမှာ အပင်လည်းထူတယ်၊​ ပေါင်းလည်းထူတယ်၊ ရာသီကလည်း နှင်းကျလို့/မိုးဖွဲကျလို့ စိုစွတ်မယ်ဆိုရင် သင့်ပဲပင် ​အောက်​ခြေအရွက်​တွေကို လှန်ကြည့်လိုက်ပါ။(​နေ​ရောင်ရတဲ့ အ​ပေါ်အရွက်မှာတော့ မမြင်ရ​သေးပါ)
  • ​ပေါင်ဒါမှုန့်​လေး​တွေ ဖြူးထားသလို့ အဖြူကွက်​လေး​တွေ ​တွေ့ရပါမယ်။
  • အချို့​တောင်သူများက ဒါကို ​ဆေးဖျန်းလို့ ​ဆေးစက်ကျန်တာလို့ထင်ကြတာမို့ ဖားဥမှို​ရောဂါလို့ မသိကြပါဘူး (သတိထားဖို့လိုပါတယ်)။
  • အဲသလို ​ပေါ့ဆရာကနေ အရွက်​ပေါ်မှာ အဖြူကွက်​တွေ တဖြည်းဖြည်း ကျယ်ပြန့်ထူ​ပြောလာပါတယ်။
  • မှိုစပိုး​တွေဟာ အရွက်တွင်းက အက်ပီဒါးမစ်ထဲက အပင်ဆဲလ်​တွေကို ကပ်ပါးပြုရင်း အရွက်​တွေ အားနည်းပြီး ဝါလာပါတယ်။
  • အပွင့်အသီးဝင်စ၊ အပင်အာဟာရဓာတ် အလိုအပ်ဆုံးအချိန်မှာ ပိုကျ​ရောက်တတ်လို့.. ပိုဂရုစိုက်သင့်တဲ့အချိန်ပါ။
  • အကယ်၍ ဒီအ​ခြေအ​နေမှာ ဒီ​ရောဂါကို မနှိမ်နင်းနိုင်ဘူးဆိုရင် ပဲပင်က ပထမတသီးပဲ ရပြီး အပင်က တဖြည်းဖြည်း အကျမြန်ပြီး ​သေသွားပါတယ်။
  • ​တောင်သူအများစုက အပင်​တွေ အရွက်​တွေ ရင့်မှည့်  ဝါ​ခြောက်တော့မှ  မှို​ဆေး ၂ မျိုး/၃ မျိုး ​ရောဖျန်း၊ အား​ဆေး​တွေ အတင်းလှိမ့်ပက်​ပေမဲ့...
  • ​ဆေးကုန်၊ လူပန်း၊ အသီးတန်းလန်းနဲ့ ​သေရတာပါဘဲ။

ဆိုတော့ အသိ သတိ နောက်မကျကြပါစေနဲ့လို့ အကြံပြုချင်ပါတယ်။

ဘယ်လို ကာကွယ်သင့်ပါသလဲ..

  • ပေါင်းမြက်​တွေကို ​စောစီးစွာရှင်းပါ။
  • ဖြစ်နိုင်ရင် ပဲကို အတန်းစနစ်စိုက်ပါ။
  • အပင် ​လေဝင်/ထွက်​ ကောင်း​အောင် ပါးပါးစိုက်ပါ။
  • ယူရီးယား​မြေသြဇာ အသုံးပြုခြင်းကို ​လျှော့ပါ။

(အချို့​​ဒေသများတွင် ပုလဲ​ကျွေး ၊ ​ရေသွင်း ပြုလုပ်ခြင်း၊ ပုလဲ+လက်ချား ဖျန်းခြင်း၊ အပင်​ဟော်မုန်း အသုံးများခြင်းများသည်  ​ရောဂါကိုပွား​စေပါသည်။ ပဲမျိုးနွယ်များသည် အမြစ်ဖု​လေးများပါရှိပြီး ​လေထဲမှနိုက်ထြိုဂျင်ကို ဖမ်းယူပြီး အပင်အတွက် အ​ထောက်အကူ​ပေးပါသည်။ နိုက်ထြိုဂျင် ထပ်မံဖြည့်စွက်ပါက မြစ်ဖုများအလုပ်မလုပ်​တော့ဘဲ အပင်သာကြီးပြီး အသီးမသီးဘဲ ဖြစ်တတ်သည်ကို သတိပြုသင့်ပါသည်။)

  • ဆာလဖာ ၈၀ ရာနှုန်း ပါ​သော WDG များ ဖျန်း​ပေးပါ။
  • ၀: ၅၂: ၃၄ ကဲ့သို့ နိုက်ထြိုဂျင် မပါ​သော ရွက်ဖျန်း​ဆေး ဖျန်းပါ။

နှိမ်နင်းနိုင်သော မှိုသတ်​ဆေးများနှင့်ကုသခြင်း

  • ဇီဝမှိုသတ်​ဆေး အသုံးပြုလိုပါက ထရိုင်ကိုဒါးမားကို ဖျန်း​ဆေးအဖြစ် သုံးနိုင်ပါတယ်။

ဓာတုမှိုသတ်​ဆေး အသုံးပြုမယ်ဆိုရင်တော့...

​အောက်ပါမှိုသတ်ဆေးများကို အေအိုင်အဆင့်အလိုက် အလှည့်ကျ အသုံးပြုပါ။

  • ဆာလဖာ ၈၀% ဒဗလူဒီဂျီ (Sulphur 80% WG)
  • ဟက်ဇာကိုနာဇိုးလ် (Hexaconazole)
  • ပရိုပီကိုနာဇိုးလ် (Propiconazole)
  • အဇိုဇီစထရိုဘင် (Azoxystrobin)

ဖားဥမှိုလောက်က​တော့..​အေး​ဆေးပါဆိုပြီး  ​ပေါ့​ပေါ့ဆဆ သ​ဘောထားမိမှာစိုးပါတယ်။

အပင်တပင်မှာ အရွက်​တွေက အစာချက်နိုင်မှ အပင်ကြီး အသီးသီးနိုင်မှာပါ။

ဖားဥမှို​​တွေက ​ပေါက်ပွားနှုန်းမြန်လို့ အရွက်တရွက်လုံး အဖြူမှုန့်ဖုံးသွားရင်  အရွက် အစာမချက်နိုင်​တော့ပါဘူး။

အစာမချက်နိုင်ရင်  အပင်အားနည်းပြီး အပွင့်အသီးမလာ၊ အပင်ပါ​ သေသွားနိုင်ပါတယ်။

ယခင်က​တော့ ကာဘင်ဒါဇင် ဖျန်းလိုက်ရင် ရှင်းသွားပါတယ်..။

​နောက်​တော့ ကာဘင်ဒါဇင်ထက် ဘီနိုမိုင်း ဖျန်းမှရပါ​တော့တယ်။

အခုကျ​တော့  ဆာလဖာ ဖျန်းလာခဲ့လည်း ​ရောဂါဝင်ချိန် မနိုင်တော့ပါ။(ကာကွယ်တဲ့အဆင့် ​လောက်သာရပါတယ်)

သတိပြုရန်အချက်များ

  • ဖားဥမှိုဟာ မတ်ပဲ၊ ပဲတီစိမ်းမှာ အဓိက ​ရောဂါဖြစ်ပါတယ်။
  • ဖားဥမှို မျိုးစိတ်​တွေက သီးနှံအလိုက်ကွဲပြားခြားနားပါတယ်။
  • ​လေနဲ့အတူ ​နောက်ဆက်တွဲပြန့်ပွားမှု မြန်တဲ့အတွက်... ​ပေါ့ဆလို့မရပါဘူး။
  • ​ဆောင်းသီးနှံ ပဲခင်းများဟာ ပက်ကြဲ/အပင်ထူစနစ် စိုက်ကြလို့ ဖားဥမှို​ရောဂါ ကျလွယ်ပါတယ်။
  • မှို​ဆေးဖျန်းရင်​တောင်မှ အပင်ထူရင် ထိ​ရောက်မှုနည်းပါတယ်။

​ဖော်ပြပါ အ​ကြောင်းအချက်များ​ကြောင့် ဖားဥမှို​ရောဂါဟာ အသီးတသီးသာရပြီး ပဲပင် အကျမြန်

ခြင်းဖြစ်ပါတယ်။

ဆိုတော့ကား...

အပင်သက်တမ်းရှည်ပြီး အသီးများများသီးနိုင်ဖို့ဆိုရင်..

ဖားဥမှို​ရောဂါကို  အဆင့်ဆင့် ကြိုတင်ကာကွယ်နည်းအတိုင်း သတိဝိရီယဖြင့် လုပ်​ဆောင်နိုင်ကြပါရန် နှိုး​ဆော်လိုက်ရပါတယ်။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်