ရေချိုပုစွန်မွေးမြူရေးတွင် အဓိကကျသော ကန်တူးဖော်ခြင်းအကြောင်း

05/01/2022 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေချိုပုစွန်မွေးမြူဖို့ ကန်တူးဖော်ရာတွင် ကန်ဘောင်ထုထည်ပမာဏကို ကန်တူးဖော်သည့် မြေအမျိုးအစားပေါ်မူတည်၍ ပြုလုပ်ရပါမည်။ ဥပမာ- ၀.၅ ဧကအရွယ်ကန်များတွင် တာဘောင်မျက်နှာပြင်အကျယ်ကို ၅ပေခန့် ထားရန် လိုအပ်ပါသည်။ ၁ဧက အရွယ်ကန်များတွင် ၁၀ ပေခန့် ရှိရပါမည်။ ၁.၅- ၂.၅ ဧကကန်များတွင် မျက်နှာပြင်အား ၁၅-၂၀ ပေ ရှိသင့်ပါသည်။ ရေဆင်းများတည်ဆောက်ရာတွင် မြေသားအခြေအနေအရ သဲဆန်သည့်ရွံ့စေးမြေများတွင် ၁း၁.၅ - ၁း၂.၅ အထိ ထားရပါမည်။ ရေထိန်းနိုင်စွမ်း ပိုကောင်းသည့် ရွံ့စေးမြေတွင် ၁း၁.၅- ၁း၂ ခန့်သာ ထားရန် လိုအပ်ပါသည်။ 

ကန်တူးဖော်ရာတွင် အရေးကြီးသည့် အချက်မှာ ကန်အောက်ခြေမျက်နှာပြင်သည် ရေထုတ်ပေါက်ရှိရာဘက်သို့ နိမ့်ကျနေစေရန်နှင့် အောက်ခြေသည် ပြင်ညီချောမွတ်နေစေရန် ပြုလုပ်ထားရပါမည်။ တာ​ဘောင်များ တည်ဆောက်ရာတွင် မြေသားထုအပိုအလို မရှိစေရန်နှင့် လိုအပ်သော အမျိုးအစား၊အရွယ်အစား ရရှိစေရန် ကန်ပန္နက်ရိုက်သည့်အခါ ဝါး(သို့)ကြိုးတန်းများကိုအသုံးပြု၍ တာဘောင်များကို ပုံဖော်ထားရပါမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကန်တူးဖော်ရာတွင် သေသပ်ခိုင်ခန့်သည့် တာဘောင်များကို ကုန်ကျစရိတ်နည်းပါးစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ 

ကန်များတွင် ရေတံခါးတပ်ဆင်ထားခြင်းသည်က ရေသွင်း/ရေထုတ် ပြုလုပ်နိုင်ပေသည်။ ရေတံခါးများကို ကန်မျက်နှာပြင်၏ နိမ့်ရာဘက်တွင်တပ်ဆင်ပြီး ရေထုတ်ပေါက်အား အရွယ်အစား အမျိုးမျိုး ပြုလုပ်ကြပါသည်။ ဥပမာ-၂.၅ ဧက အရွယ်အောက်ရှိ ကန်များကို ရေထုတ်ပိုက် ၉ လက်မ အရွယ်ပြုလုပ်၍ ၂.၅ ဧကနှင့်အထက် ကန်များကို ၁၄ လက်မပိုက်များတပ်ဆင်အသုံးပြုကြသည်။

ရေတံခါးတိုင်များကို ကန်၏လိုအပ်သော ရေမျက်နှာပြင်ထက် ၆လက်မ မှ ၁ပေ အမြင့်အထိ တည်ဆောက်ထားခြင်းဖြင့် လိုအပ်သောရေထက်ပိုလျှံနေသော ရေများကို ရေတံခါးတိုင်မှတဆင့် အပြင်သို့ ထွက်စေသည်။ ထို့ကြောင့် ရေတံခါးတိုင် ရှိသည့်ကန်များတွင် ရေလျှံပေါက် အထူးတလည်တပ်ဆင်ရန် မလိုအပ်တော့ပေ။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။                             

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်