ပြင်ပဒေါ်လာငွေလဲနှုန်း ကျဆင်းမှုနဲ့အတူ ကုန်စည်တချို့ ဈေးပြန်ကျပေမယ့် အတက်ဈေးမှာသာ ငြိမ်နေခဲ့တဲ့ ဆန်ဈေးတွေဟာ မနေ့က (အောက်တိုဘာ ၅ ရက်) မှာတော့ အနည်းငယ် အကျဘက် ပြန်ရောက်သွားတာပါ။
အမျိုးအစားအကုန်လုံးတော့မဟုတ်ဘဲ အချို့သာ ဈေးအနည်းငယ် ပြန်လည်ကျဆင်းသွားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဈေးအတက်အကျ ထပ်မရှိဘဲ မနေ့ကဈေးတွေအတိုင်းသာ ဆက်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ပြည်ပဆန်တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးနောက် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စတဲ့ ဆန်အဓိကတင်ပို့ရာနိုင်ငံတွေမှာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကုန်သည်နဲ့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းမှုတွေ ပြုလုပ်ထားပေမဲ့ လက်ရှိမှာတော့ မြန်မာ့ဆန်အမျိုး အစားအချို့ဟာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားတာ ဖြစ်ပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တနင်္လာနေ့ (အောက်တိုဘာ ၃ ရက်) ဆန်ဈေးနှုန်းတွေနဲ့ ဒီနေ့ (အောက်တိုဘာ ၆ ရက်) ဆန်ဈေးနှုန်းတွေကို အောက်ကဇယားမှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ (၁ တင်းခွဲ ဈေးနှုန်းတွေဖြစ်ပါတယ်။)

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more