ထပ်တက်ပြန်ပေါ့ ဆန်ဈေးအားလုံး

31/07/2023 14:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက်မယ်ဆိုတဲ့ ဗဟိုဘဏ်ကြေညာချက်ထွက်အပြီး နောက်တစ်နေ့ ဇူလိုင် ၂၄ မှာ ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတက်ခဲ့သလို ထွက်ဖို့ကြေညာထားတဲ့ရက် ဒီနေ့ ဇူလိုင် ၃၁ ရက်မှာလည်း ဆန်ဈေးတွေ ထပ်မံမြင့်တက်လာပါတယ်။

ဇူလိုင် ၂၄ ရက်မှာ ဆန်ဈေးအားလုံးနီးပါးဈေးတွေတက်ခဲ့ပြီး တစ်ပတ်လုံး အဲ့ဒီဈေးအတိုင်း ငြိမ်နေခဲ့ရာကနေ ဒီနေ့မှာတော့ ဆန် (ဧည့်မထ ၂၅ %) (သစ်) ကလွဲလို့ ကျန်ဆန်အမျိုးအစားအားလုံး ဈေးတွေထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ 

ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ (အပြောင်းအလဲဖြစ်သွားတဲ့ဈေးနှုန်းတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နဲ့ ဆင်ဖြူတော်ရတနာ ‘ရဋ္ဌနန္ဒက’ ၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဇူလိုင် ၃၁ ရက်မှာ ‘ နှစ်သောင်းကျပ် တန်’ ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၂၃ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

‘ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန်မသင့်သော ငွေ စက္ကူအမျိုးအစားအသီးသီးတို့နှင့် ‘တန်ဖိုးတူ’ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ပါ သည်’ လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို ပြည်သူတွေက စိုးရိမ်မှုတွေ ရှိခဲ့ပြီး ဝယ်လိုအားတွေမြင့်တက်ခဲ့တာကြောင့် ဆန်ဈေးကွက်အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ဈေးကွက်သတင်းသုံးသပ်ချက်အရ သိရပါတယ်။ 

ဗဟိုဘဏ်ဘက်ကတော့ အခုလို ‘ နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေခြင်းဟာ အမှတ်တရ အနေ ဖြင့် လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ် ပေးခြင်း ဖြစ်၍ လည်းကောင်း ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ဖော်ပြအပ်ပါသည်’ လို့ သတင်း ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ကလည်း ပြီးခဲ့တဲ့သောကြာနေ့ ဇူလိုင် ၂၈ ရက်မှာ ‘ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များထုတ်ရောင်းရန် စီစဉ်သွားမည်’ ဆိုတဲ့ သတင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ ‘ ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပ ဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသောအရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ် ထားသောအရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည် ဖြစ်ပါသည်’ ‘ ကနဦးအနေဖြင့် (၂၅% အဆင့် - Single polished and Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ ၅၀၀၀၀ ကို ဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ပါသည်’ ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာတော့ ဆန်ဈေးအားလုံး ထပ်မံမြင့်တက် နေဆဲဖြစ်ပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်