အရည်အသွေးကောင်းမျိုးစေ့သုံးခြင်း၏ အကျိုးကျေးဇူးများနှင့် မျိုးကွဲပယ်ပေးခြင်း
' မျိုးစေ့မမှန်၊ ပင်မသန်...
ဖူးတံငုံကင်း၊ အသီးဖျင်း၏' တဲ့။
#အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ...
- မျိုး၏ကောင်းမွန်သောမူလဗီဇအရည်အသွေးကိုထိန်းသိမ်းထားနိုင်ခြင်း
- အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း
- မြေသြဇာ ၊အစိုဓာတ်၊ အလင်းရောင် စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း
- အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်းခြင်း
- ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း
- ပေါင်းမြက်ကင်းစင်ခြင်း
- ပိုးမွှားရောဂါကင်းစင်ခြင်း
- ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း
- အခြားမျိုးကွဲများမပါခြင်း
- သီးနှံအထွက်နှုန်းကို ၁၀~၂၀ % အထိ ပိုမိုထွက်ရှိစေခြင်း...
မျိုးစေ့အဆင့်(Seed Class) အနေဖြင့် ၄ ဆင့်ရှိပါသည်။ ၎င်းတို့မှာ -
- (၁) Breeder Seed(B.S) (မိဘမျိုးစေ့ - မျိုးမွေးမြူရေးပညာရှင်(Breeder) က ထုတ်လုပ်နိုင်ပါသည်)
- (၂) Foundation Seed (F.S) (ဆင့်ပွားမျိုးစေ့ - မျိုးမွေးမြူရေးပညာရှင်(Breeder) (သို့မဟုတ်) မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)
- (၃) Registered Seed(R.S) (မျိုးသန့်မျိုးပွားမျိုးစေ့- မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)
- (၄) Certified Seed(C.S) (စီးပွားဖြစ်မျိုးသန့်မျိုးစေ့ - မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)
မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် မည်သည့် မျိုးစေ့အဆင့်ကို စိုက်ပျိုးစေကာမူ...
*ကွင်းဆင်းစစ်ဆေးခြင်း(Field Inspection) မရှိပါက အရည်အသွေးကောင်းမွန်သောမျိုးစေ့များရရှိနိုင်မည်မဟုတ်ပေ။
အရည်အသွေးကောင်းမျိုးစေ့တွေ ရဖို့ဆိုရင်တော့ မျိုးကွဲပယ်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ လိုပါမည်။

အထူးသဖြင့် မျိုးကွဲပယ်ခြင်းကို...
- အပင်ပွားစည်းချိန်...
- ပန်းပွင့်ချိန်
- ရင့်မှည်ချိန်တို့တွင် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပါသည်။
(စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သူ U Mg Mg Aye Facebook မှ ခွင့်ပြုချက်ရယူ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ဆရာဆင်းသီဟ ရေးသားထားသည့် အောက်ပါဆောင်းပါးဖြင့် တွဲဖက်လေ့လာနိုင်ပါသည်။
https://greenwaymyanmar.com/posts/Rice_Seed_Advantages
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မျိုးစပါး
Zayar Myint (Dip.Agri)(BA.Geo)
လွန်ခဲ့သော ၁ နှစ် ကအပင်မညီတာ. အရပ်ပုတာ. ရှည်တာ. စောထွက်တာ. နောက်ကျထွက်တာ ကြည့်ပြီးပယ်ပါတယ်
Than Htun
လွန်ခဲ့သော ၃ နှစ် ကမျိုးကွဲပယ်တဲ့အခါဘယ်လိုရွေးချယ်ပယ်ရမလဲဗျ
Aungmintun
လွန်ခဲ့သော ၃ နှစ် ကပြောင်းမျိုးပြန်ကို မြေဆီထည့်ပြီး ပြန်စိုက်ရင်ရောအဆင်ပြေမလား
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....