“နှမ်းခင်း" ပေါင်းသတ်ဆေးသုံးစွဲနည်းစနစ်များ

04/07/2022 17:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားလာသည်နှင့်အမျှ ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်း၊ မြေပဲ၊နေကြာ သီးနှံများ စိုက်ဧကများပြားလာသည်ကို တွေ့ရပါတယ်။

နှမ်းသီးနှံစိုက်ပျိုးမှုမှာတော့ … နွေရာသီရေသွင်းနှမ်းကို မတ်၊ ဧပြီလတွင်လည်းကောင်း၊ မိုးဦးနှမ်းကို မေလတွင်လည်းကောင်း၊ ဆောင်းနှမ်း ခေါ် နှမ်းကြီးကို စက်တင်ဘာလတွင်လည်း ကောင်း စိုက်ပျိုးလေ့ ရှိကြပါတယ်။

နှမ်းအများဆုံးစိုက်တဲ့ ဒေသတွေကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသတွေပဲဖြစ်ပါတယ်။

ယာသီးနှံများ အထွက်နှုန်းပြည့်မီရေးအတွက်ဆိုရင် ပေါင်းမြက်ရှင်းလင်းရေးဟာ အဓိကအခန်းကနေ ပါဝင်နေပါတယ်။

အထူးသဖြင့် အညာဒေသအခေါ် လောင်းကစားသီးနှံ(Gamble crop)လို့ခေါ်တဲ့ နှမ်းသီးနှံမှာအသီးဖြစ်ထွန်းချိန် မိုးရွာပါမှ အစေ့အဆန် အောင်မြင်လေ့ရှိပါတယ်။

သို့သော် နှမ်းပင်ပေါက်လာသည်နှင့် ပေါင်းမြက်ပါတစ်ချိန်တည်းထွက်လေ့ရှိလို့ အချိန်မီပေါင်းမြက်မရှင်းနိုင်ရင်တော့ ပေါင်းမြက်ခင်းလား! နှမ်းခင်းလား! ဆိုပြီး မသဲမကွဲနဲ့ လား..လား.. တွေ ဖြစ်တတ်ပါတယ်။

*သမားရိုးကျပေါင်းမြက်ရှင်းခြင်း

- နှမ်းပင် ၁၀ - ၁၅ ရက်သားတွင် သားခွဲ ကြားလိုက်ခြင်း

- လူအားဖြင့် ပေါင်းမြက်နုတ်ခြင်း၊

 ပေါင်းလိုက်တူရွင်းပြားဖြင့် ခါးဆွပေါင်းရှင်းခြင်း။

- နွားထွန်ဖြင့် ကြားထွန်ဝင်၊ ပေါင်းရှင်းခြင်း စတာတွေ ပြုလုပ်ကြပါတယ်။

 

ပေါင်းသတ်ဆေးဖြင့်ပေါင်းမြက်ရှင်းလင်းခြင်း

လူအားဖြင့်ပေါင်းရှင်းရာမှာ ကုန်ကျစရိတ်များပြားလို့ ပေါင်းသတ်ဆေးကိုအသုံးပြုလာကြပါတယ်။

၁။ ပေါင်းအုပ်ဆေးအသုံးပြုခြင်း

(Pre emergence)

မျိုးစေ့ချပြီး နေ့ချင်း(သို့မဟုတ်) အစိုဓာတ်ရှိပါက ၂-၃ ရက်အတွင်း ထွန်ကြောင်းပေါ် (ထွန်ရေးပြင်ပေါ်) ပေါင်းအုပ်ဆေးဖျန်းခြင်း

- S/Metolachlor (ယာရှင်း 960 EC)

(ဆေးတစ်ပုံး ၈၀-၁၀၀ စီစီ)  

- Metolachlor (မိန်း 72EC/မက်တယ်72EC)

( ဆေးတစ်ပုံး ၈၀-၁၀၀ စီစီ) 

ဒါဟာ မြေကြီးအတွင်းမှ ပေါင်းမြက်မျိုးစေ့များ အညှောင့်မပေါက်မီ ကြိုဖျန်းထားတာဖြစ်လို့ ဆင်ငို၊ မြက်သီး၊ မြက်မုန်ညင်း၊ ကြိတ်မှန်၊ ဟင်းနုနွယ်ဆူးပေါက်၊ ကပ်စေးနှံ စတဲ့ ပေါင်းမြက်များ ကိုနှိမ်နင်းနိုင်ပါတယ်။

ပေါင်းအုပ်ဆေးဖျန်းရာတွင်သတိပြုရမည့်အချက်တွေကတော့..

- အစိုဓာတ်ကောင်းစွာရှိရန် လိုအပ်ပါတယ်။

- သဲဆန်သောမြေမှာ အစိုဓာတ်ကြာရှည်စွာမနေနိုင်လို့ ပေါင်းသတ်ဆေးအာနိသင် ထိရောက်မှု နည်းတတ်ပါတယ်။

- ပေါင်းအုပ်ဆေးဖြစ်တဲ့အတွက် ထယ်ခဲကြမ်းပါက ပေါင်းအုပ်ဆေးအာနိသင် ထိရောက်မှုနည်းတတ်လို့ ထွန်ရေးညက်ဖို့လိုပါတယ်။

- ဆေးဖျန်းရာမှာ တစ်ဧက ၅ ပုံးနှုန်းဖြင့် လက်ကြောင်းမထပ်အောင်၊ လပ်လည်းမလပ်အောင် ဖျန်းဖို့လိုပါတယ်။

- ဆေးဗူးပါအညွှန်းကို သေချာစွာဖတ်ပြီး တိကျစွာလိုက်နာဖို့ လိုပါတယ်။

- လိုအပ်ပါက နီးစပ်ရာစိုက်ပျိုးရေးတာဝန်ခံနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။ (အစိမ်းရောင်လမ်းဆော့ဝဲမှာလည်း ဝင်ရောက်မေးမြန်းလို့ ရပါတယ်။)

၂။ ပေါင်းပင်ပေါက်ပြီးမှဖျန်းရမည့်ဆေး

(Post emergence)

- Fluazifop p  butyl 25%(စ​တော့ )

- Quizalofop ,p ,ethyl 10EC(ဝမ်းဂိုး /ကျုဂိမ်း/​ဖော်ကျွန်း..)

နှမ်းပင် ၁၅ -၂၀ ရက်သားအတွင်း ပေါက်ရောက်နေတဲ့မြက်အုပ်စု(မြက်သီး၊ ဝမ်းဘဲစာ၊ လက်သည်းခွ၊ ပန်းတော်နီ/ညို စသည်)များကို နှိမ်နင်းနိုင်ပါတယ်။

၄ ဂါလံဆေးတစ်ပုံး =  ၃၀ - ၅၀ စီစီ ဖျန်းပါ။

ပေါင်းသတ်ဆေး ဖျန်းရာတွင်သတိပြုရန်

- မြေအစိုဓာတ်ကောင်းစွာရရှိချိန်မှာ ဖျန်းပါ။

- တစ်ဧကလျှင်ဆေးဖျန်းပုံး ၅ ပုံး ဖျန်းပါ။

- လက်ကြောင်းမထပ်အောင်/မလပ်အောင် ဂရုစိုက်ဖျန်းပါ။

- ဆေးနှုန်းထားကို အညွှန်းပါအတိုင်း တိကျစွာဖျန်းပါ။

(မှတ်ချက်။ ။ နှမ်းခင်းအတွင်းရှိ ရွက်ပြန့်ပေါင်းများကိုတော့ ဤပေါင်းသတ်ဆေးဖြင့် မနှိမ်နင်းနိုင်ပါ။)

 

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်