မြေထု ညစ်ညမ်းခြင်း
ကိုယ်တွေမှာက စိုက်ဖို့ ပျိုးဖို့ မြေလေးရှိရင်ကို တော်တော်ကို တန်ဖိုးထားနေရတာ။ မြေမှန် မျိုးမှန် မှ အဖိုးတန်တာကိုး။
မြေကောင်းတယ်ဆိုတာ သူ့နေရာနဲ့သူ လေရှိတယ်၊ အထဲမှာ အဏုဇီဝ သက်ရှိတွေလည်း သူ့ဘာသာ ရှိနေပြီးတော့ မချဉ် မငန် ဖြစ်နေတာမျိုးပါ။ သဘာဝတရာကြီးကနေ မြေကြီး တစ်လွှာဖြစ်ဖို့ ဘယ်လောက်တောင် အချိန်ယူရသလဲ။
ဒါပေမဲ့ အခု အဲ့မြေတွေက ပျက်စီးနေကြပြီ။ ညစ်ညမ်းမှုတွေ ဖြစ်နေကြပြီ။ Pollution ဆိုတဲ့ ညစ်ညမ်းမှုက နေရာတကာလိုဖြစ်နေရာကနေ အခု စိုက်နေပျိုးနေကြတဲ့ မြေမှာပါ Soil Pollution ဆိုတာကြီး ဖြစ်နေပြီ။
မြေထု ညစ်ညမ်းမှု(Soil Pollution) ဆိုတာ ဘာလဲ
မြေသားထဲကို ရောက်လာတဲ့ ပစ္စည်းတွေကြောင့် မြေသားရဲ့ ရှိသင့် ရှိထိုက်တဲ့ မြေအရည်အသွေးက ကျဆင်းလာတာကို ဆိုလိုပါတယ်။ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေက မြေထဲကို ဝင်ရောက်လာတယ်။ မြေသားထဲက အဏုဇီဝ သက်ရှိတွေကိုလည်း ပျက်စီးစေတယ်။ အဲ့ပစ္စည်းတွေက ဘာတွေလဲဆိုတော့ အောက်မှာ ဆက်ကြည့်ရအောင်။
မြေသားထုကို ညစ်ညမ်းစေသူများ
ကိုယ်တွေက စိုက်ရေး ပျိုးရေးသမားတွေဆိုတော့ ကိုယ့်နားက အလွယ်တကူ ရတာတွေနဲ့ စကြတာပေါ့။
(၁) ပိုးသတ်ဆေးများ
ပိုးသတ်ဆေးတွေက တော်တော်ဆိုးဆိုးပါပဲ။ အရမ်းဆိုးလွန်းလို့ ပိတ်လိုက်ရတဲ့ DTT လိုဆေးမျိုးဆို နာမည်ကြီးပေါ့။ လူတွေ ထွင်ထားတဲ့ ဓာတုပိုးသတ်ဆေးတွေဟာ လူတွေကိုလည်း ထိခိုက်စေတဲ့ အပြင်ကို လွယ်လွယ်ကူကူနဲ့ ပြေပျောက်သွားတာမျိုး မဟုတ်တော့ မြေသားထဲလည်းရောက်တယ်။ သီးနှံတွေထဲလည်းရောတယ်။ လူတွေကိုလည်း ထိတယ်။ ပတ်ဝန်းကျင်ကိုလည်း ထိတယ်။
(၂) ပေါင်းသတ်ဆေး
ပေါင်းပင်တွေကို သတ်ရင်း မြေတွေပါသေနေတာပါ။ ဆိုဒီယမ် အာဆင်းနစ်၊ ဆိုဒီယမ် ကလိုရိတ် စတဲ့ ဒြပ်ပေါင်းတွေပါဝင်တဲ့ ပေါင်းသတ်ဆေးတွေက မြေကြီးထဲကိုရောက်ပြီး လ တော်တော်ကြာတဲထိ မပျက်ပြယ်သွားပါဘူး။ ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် ပေါင်းနည်းနည်းကတည်းက လူတွေကိုယ်တိုင် လိုက်ရှင်းပေးတာ အကောင်းဆုံးပါပဲ။ ကြာကြာဝါးမဲ့သွားက အရိုးတော့ အငတ်ခံရမှာပေါ့။
(၃) အော်ဂဲနစ် မဟုတ်တဲ့ မြေသြဇာတွေ
ဓာတုမြေသြဇာတွေကို ပြောတာပါ။ သူတို့ကို ထည့်တာကြာလာရင် မြေအချဉ်ပေါက်လာနိုင်ပါတယ်။ အဲ့လို မြေသား အချဉ်ပေါက်တာကလည်း မြေညစ်ညမ်းမှုပါပဲ။ ဓာတုညစ်ညမ်းမှုတွေဖြစ်လာပါလိမ့်မယ်။
(၄) စက်မှုလုပ်ငန်းတွေ
စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် မြေသားထုကလည်း ညစ်ညမ်းမှုတွေဖြစ်စေပါတယ်။ ဒါတွေကတော့ ရင်းနှီးပြီးသား တွေဖြစ်ပါတယ်။
(၅) ရေသွင်းစနစ်တွေကြောင့်။
ရေသွင်းတာ မမှန်ရင်လည်း ဆားပေါက်နိုင်ပါတယ်။ ရေအများကြီး သွင်းထားတာ၊ မြောင်းတွေ ကောင်းကောင်းမလုပ်ထားတာ၊ သီးလှည့်မစိုက်ပဲ တစ်ခုတည်းကိုပဲ စိုက်နေတာမျိုးတွေက မြေသား အရည်အသွေးကို ကျဆင်းစေပါတယ်။
(၆) စွန့်ပစ်ပစ္စည်းမာတွေ
ကဲ လာပြီ။ ကျွတ်ကျွတ်အိတ် ပလပ်စတစ်အိတ် ရေဘူး ကော်ဘူးတွေ ၊ လျှပ်စစ်ပစ္စည်းတွေ အပြင် ဘက်ထရီအစုတ် ဓာတ်ခဲ့အစုတ်တွေက ထွက်လာတဲ့ ဓာတုပစ္စည်းတွေက မြေကြီး အတွက် ဘယ်ကောင်းလိမ့်မလဲနော်။ သူတို့က သစ်ရွက်တွေလို ဆွေးလွယ်တာတွေလည်း မဟုတ်တော့ ပြဿနာအကြီးကြီးတက်နေပါပြီ။ ပိုးသတ်ဆေးဘူးတွေ ပေါင်းသတ်ဆေးဘူးတွေဆိုရင်ရော?
(၇) မြို့ပြစနစ်
မြို့ကလူတွေက နေဖို့ထိုင်ဖို့ နေရာကို ဦးစားပေးရတော့ စွန့်ပစ်မြောင်းတွေ ဘာတွေ သေသေချာချာလည်းမလုပ်နိုင်။ ပြီး အိမ်ဖျက် အိမ်ပြောင်း လမ်းခင်း ကတ္တရာတွေကြို စတဲ့ လုပ်ငန်းတွေကြောင့် မြေသားပျက်စီးမှုတွေ ညစ်ညမ်းမှုတွေဖြစ်လာတာပါ။
ညစ်ညမ်းမှုတွေ ဖြစ်လာရင် မြေအရည်အသွေးကျမယ်။ မကြောက်ပါဘူး မြေသြဇာတွေရှိတယ်လေ လို့ ဆိုပေမဲ့ အဲ့ဓာတုမြေသြဇာတွေ ကိုယ်တိုင်က မြေသားကို ညစ်ညမ်းစေတဲ့ အကြောင်းတရားတွေဖြစ်တာကြောင့် ဂရုစိုက်ကြပါ။ အရင်းစစ်တော့ အမြစ် မြေက ဆိုတဲ့ စကားအတိုင်း အမြစ်ရှိတဲ့ မြေကိုလည်း ထိန်းသိမ်းကြပါ။ သဘာဝမြေဆွေး မြေသြဇာ ကျောက်မှုန့် အရိုးမှုန့်နဲ့ ဇီဝပစ္စည်းတွေနဲ့ မြေကို ဂရုစိုက်လို့ရပါတယ်။
ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ကြီးနဲ့ တောင်သူဦးကြီးများ အဓွန့်ရှည် တည်တံ့ အောင်မြင်ကြပါစေ။
ထွန်းဝင်းကျော်
Reference
https://www.toppr.com/guides/chemistry/environmental-chemistry/soil-pollution/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကအော်ဂဲနစ် အသုံးပြုလျင် ကွာခြားမှုပိုကောင်းပါတယ်ခင်ဗျ...အသေးစိတ်သိလိုပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျ
ပအကသစ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဆရာ
စိုးသူ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်တယ်ဗျာ။
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် ကပေါင်းသတ်ဆေးမကောင်းမှန်းသိသော်လည်း သူမပါလျှင် စပါးမရတော့ပါ။
ကျော်ဇင်
လွန်ခဲ့သော ၅ နှစ် ကတနှစ်မှမရဘူး
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 2.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
ကုန်းမြင့်ပိုင်းမြေကို နွေစပါးစိုက်ပျိူးရင် အပင်ကြံခိုင်ဖို့နှင့် ပိုးမွှားဒဏ် ခံနိုင်အောင် မြေဆီလွှာကို ဘယ်လိုပြုပြင်သင့်လဲ မြေခံကို ဘာတွေ ထည့်သုံးသင့်လဲ
Nwe Nwe aung • ဖြေကြားချက် 2 ခု
မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....