နာနတ်ပွင့်ရဲ့ ဆေးဖက်ဝင်ကောင်းကျိုးများ

06/03/2023 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား
  • အင်္ဂလိပ်အမည် - Star Anise
  • သိပ္ပံအမည် - Illicium verum

နာနတ်ပွင့်ဟာ ၎င်းရဲ့ထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ အရသာကြောင့်အပြင် အထူးသဖြင့် လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ ကောင်းကျိုးသက်ရောက်မှုရှိတာကြောင့် ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲက တစ်ခုဖြစ်လာပါတယ်။ ၎င်းရဲ့ ဆက်စပ်သုံးစွဲနိုင်မှုနဲ့ အသုံးပြုရတဲ့တန်ဖိုးဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အချက်အပြုတ်နဲ့ ဆေးဖက်ဆိုင်ရာ အသုံးပြုမှု ၂ မျိုးစလုံးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

သူက မာကျောတဲ့ အခွံပါရှိသော အသီးတစ်မျိုး ဖြစ်ပါတယ်။ နာနတ်ပွင့်ဆိုပေမဲ့ အသီးအစေ့ခြောက်ကို အဓိကအသုံးပြုကြတာ ဖြစ်ပါတယ်။ မူရင်းဒေသက အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံရဲ့အချို့သော အစိတ်အပိုင်းတွေဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ကြယ်ပုံသဏ္ဍာန်ရှိတဲ့ အဆိုပါနာနတ်ပွင့်မှာရော ၎င်းကနေ ထုတ်ယူရရှိတဲ့အဆီမှာပါ များပြားတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတာ ဖြစ်ပါတယ်။

ဒီဆေးဖက်ဝင်အပင်မှာ shikimic acid လို့ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်နေပြီး ၎င်းဓာတ်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ တုပ်ကွေးရောဂါတိုက်ဖျက်ရေးအတွက် အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါအက်ဆစ်ဓာတ်ကို ထုတ်ယူခြင်းနဲ့ ပြုပြင်ခြင်းလုပ်ငန်းတွေဟာ တစ်နှစ်ပတ်လုံး အချိန်ယူရတာကြောင့် အဆိုပါဆေးဖက်ဝင်အပင်ရဲ့ ကုန်ကျစရိတ်ဟာ တုပ်ကွေးဆေးဝါးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကို ကြီးမားစွာ ဆုံးဖြတ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။

ပါဝင်တဲ့ အာဟာရဓာတ်များ 

နာနတ်ပွင့်မှာဆိုရင် linalool၊ quercetin၊ thymol၊ terpineol၊ caffeic acid၊ anethole၊ kaemferol နဲ့ coumaric acid ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာ ပါဝင်နေတဲ့အပြင် သံဓာတ်များစွာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီ ©၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် ပမာဏ အနည်းငယ်စီလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

shikimic acid၊ အဆီဓာတ်နဲ့ အမျှင်ဓာတ် ကဲ့သို့သော အခြားဒြပ်ပေါင်းနဲ့ အော်ဂဲနစ်အက်ဆစ်တွေလည်း ပါဝင်နေသေးတာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ နာနတ်ပွင့်ထမင်းစားဇွန်း ၁ ဇွန်းမှာ ၂၃ ကယ်လိုရီသာ ပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှုကလည်း နည်းပါးပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း 

နာနတ်ပွင့်မှာ အမျိုးမျိုးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်အနှံ့ အထူးသဖြင့် အရေပြားအတွင်းမှာ ဆဲလ်တစ်ရှူးတွေကို ဖြိုခွဲပြီး ဒီအန်င်အေ (DNA) ပျက်စီးမှု (oxidative stress) ကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ် (free radicals) တွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ အရေးအကြောင်းတွေရဲ့ အသွင်အပြင်ကို လျော့ပါးစေပြီး အသားအရေ တင်းရင်းမှုကိုလည်း မြှင့်တင်ပေးနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေကို နုပျိုပြီး တောက်ပနေစေရန်လည်း ကူညီပေးနိုင်တဲ့အပြင် အမာရွတ်နဲ့ အမဲစက်တွေကိုလည်း ဖုံးအုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

နာနတ်ပွင့်မှာပါဝင်တဲ့ ဘက်တီးရီးယားဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိဟာ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုထားပြီးသားဖြစ်ပြီး အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေမှာရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်တာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ အဆိုပါဟင်းခတ်အမွှေးအကြိုင်ဟာ ပဋိဇီဝဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားမျိုးကွဲတွေကို ထိရောက်စွာ တိုက်ဖျက်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ 

၃။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများကို ကာကွယ်နိုင်ခြင်း

နာနတ်ပွင့်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တာကြောင့် ချောင်းဆိုးခြင်း (သို့မဟုတ်) လည်ချောင်းနာခြင်းနဲ့ တုပ်ကွေးဖျားနာခြင်းများကို ခံစားရပါက ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေမပေါ်လာခင်မှာ နာနတ်ပွင့် လက်ဖက်ရည်တစ်ခွက်သောက်သုံးခြင်းဖြင့် ရောင်ရမ်းမှုတွေကို လျင်မြန်စွာပျောက်စေနိုင်ပြီး အရင်းခံရောဂါပိုးမွှားတွေကို ချေဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။

၄။ အိပ်စက်ခြင်းပြဿနာများအတွက် ကုစားပေးနိုင်ခြင်း 

နာနတ်ပွင့်မှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် စိတ်တည်ငြိမ်စေနိုင်တဲ့ ဂုဏ်သတ္တိအချို့ ရှိနေကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ အိပ်မပျော်ခြင်းနဲ့ ပုံမှန်အိပ်စက်ခြင်းတို့ကို အနှောင့်အယှက်ဖြစ်နေသူတွေအတွက် အထောက်အကူပြုစေနိုင်မဲ့ အာရုံကြောဓာတ်ထုတ်လွှတ်မှုအချို့ကို လှုံ့ဆော်ပေးနိုင်တာလည်း ဖြစ်ပါတယ်။

၅။ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း 

နာနတ်ပွင့်မှာတွေ့ရှိရတဲ့ အထင်ရှားဆုံး သတ္တုဓာတ်ကတော့ သံဓာတ်ဖြစ်ပြီး နာနတ်ပွင့် ထမင်းစား ဇွန်း ၁ ဇွန်းမှာ ကျွန်ုပ်တို့အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၃ ရာခိုင်နှုန်းခန့် ပါဝင်နေတာဖြစ်ပါတယ်။ ထိုကဲ့သို့ သံဓာတ်ပါဝင်မှုကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကို ကူညီပေးနိုင်သလို သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အောက်ဆီဂျင်ကို ထုတ်ပေးခြင်းဖြင့် စွမ်းအင်ကိုလည်း တိုးမြင့်စေမှာ ဖြစ်ပါတယ်။ 

၆။ မှိုရောဂါများကို တိုက်ဖျက်ပေးနိုင်ခြင်း

ဟင်းခတ်အမွှေးအကြိုင် နာနတ်ပွင့်မှာ အစွမ်းထက်တဲ့ မှိုသတ်ဆေးဂုဏ်သတ္တိတွေလည်း ပါဝင်နေတာဖြစ်ပြီး သဲဝဲ၊ ဒက်၊ ပွေးကွက်၊ မှက်ခရုနဲ့ အခြားအဖြစ်များတဲ့ မှိုပိုးကူးစက်မှုတွေအတွက် ယုံကြည်စိတ်ချရတဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။ မှိုပိုးကူးစက်မှုအများစုဟာ ယေဘုယျအားဖြင့်တော့ အန္တရာယ်မရှိပေမဲ့လည်း နာနတ်ပွင့်လက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၇။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အချို့သော လေ့လာမှု အထောက်အထားတွေအရ နာနတ်ပွင့်ဟာ အစာချေဖျက်မှုအတွက် ထိရောက်တဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အစာချေမှုကို မြှင့်တင်ဖို့ရန်အတွက် အစာစားပြီးနောက် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ လေပွခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ကို သက်သာစေနိုင်ပြီး အာဟာရဓာတ်စုပ်ယူမှု မြင့်မားစေဖို့အတွက် အစာအိမ်အတွင်းရှိ ဘက်တီးရီးယားတွေရဲ့ ညီမျှမှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။ 

၈။ ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း 

ဟင်းခတ်အမွှေးအကြိုင် နာနတ်ပွင့်မှာ အမျိုးမျိုးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ quercetin၊ kaemferol၊ thymol နဲ့ coumaric acid တို့ဟာ ဆဲလ်တစ်ရှူးတွေကို ဖြိုခွဲပြီး ဒီအန်င်အေ (DNA) ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ (oxidative stress) ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ နာနတ်ပွင့်ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ trans-anethole ဟာ အသားပိုအကျိတ်ဖြစ်ပွားမှုတွေကို ဆန့်ကျင်ပေးနိုင်ကာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်ဆိုပြီး South African Journal of Botany မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ၎င်းဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်စွမ်းရှိမရှိကိုလည်း သုတေသနပြုနေကြပါတယ်။

ဇင်ထူးနိုင် 

Ref: https://www.organicfacts.net/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်