အပင်တွေအတွက် ဆာလဖာဓာတ်

04/03/2022 15:47 PM တွင် Rob G Parker Rob G Parker မှ ရေးသား

ဆာလဖာ(ကန့်)က အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်(၁၇) မျိုးထဲမှာ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်ပြီးရင် စတုတ္ထမြောက် အလိုအပ်ဆုံးပါ။

အလင်းမှီစု အစာချက်လုပ်ခြင်း၊ အမီနိုအက်စစ်နဲ့ ပရိုတိန်းချက်လုပ်ခြင်းတို့အတွက် ဆာလဖာက အရေးပါ အခရာကျပါတယ်။ အပင်ကြီးထွားဖို့နဲ့ သီးနှံအရည်အသွေးကောင်းဖို့ အပင်အာဟာရပိုင်းဆိုင်ရာလိုအပ်မှုမှာ နိုက်ထရိုဂျင်နဲ့ ဆာလဖာတို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။

ဘယ်နေရာတွေမှာ တွေ့ရလဲ

ဆာလဖိုက်၊ ဆာလဖိတ် တွင်းထွက်တွေက ကမ္ဘာ့မြေထဲအတွေ့ရများတဲ့ ပင်မတွင်းထွက်သတ္တုပုံစံတွေပါပဲ၊ မြေလွှာထဲမှာရှိတယ်၊ လေထုထဲကရတယ်၊ မီးတောင်တွေပေါက်ကွဲရင်လဲရပါတယ်။

စိုက်ကောင်းမြေကောင်း နေရာအတော်များများမှာ အော်ဂဲနစ်အစုအဝေးထဲ ဆာလဖာအများစု ရှိတတ်ပါတယ်။ အပေါ်ယံမြေသား ၆ လက်မက အော်ဂဲနစ်အစုအဝေး ၁ ရာနှုန်းမှာ တဧက ကို ဆာလဖာ ပေါင် ၁၀၀ တွေ့ရှိရတယ်။ ဒါဟာဘာ့ကြောင့်လဲဆိုရင် ဆာလဖာသီးသန့်အင်အော်ဂဲနစ်ပုံစံက ဆာလဖိတ်ပုံစံ နဲ့ အများစု ဖြစ်တည်နေတာကြောင့်လို့ ဆိုပါတယ်။ 

ဆာလဖာဟာနိုက်ထရိတ် နိုက်ထရိုဂျင်လိုပဲ ဓါတ်ပြုပြီး အပင်က စားသုံးဖို့ ပြောင်းလဲတည်ရှိကြပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ ထယ်ရေးညက်တဲ့ မြေတွေမှာ အင်အော်ဂဲနစ်ပုံစံ ဆာလဖာကို ရေခိုမြေသား တွေထဲ ဆာလဖိတ်ပုံစံနဲ့ တွေ့ရပါတယ်။ ဓါတ်သတ္တုတွေကို တွယ်ကပ်နေမယ်။ နိုက်ထရိတ်လိုပဲ ဆာလဖိတ် က အလွယ်တကူပဲ မြေထဲစီးဆင်းပျောက်ကွယ်တတ်၊ စိမ့်ဝင်တတ်ပါတယ်။ အထူးသဖြင့် မိုးများတဲ့ဒေသများ နဲ့ သဲဆန်မြေတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဘယ်လိုပုံစံနဲ့ အပင်တွေကစားသုံးလဲ

အပင်တွေက ဆာလဖာကို အဓိကစားသုံးရယူတာက မြေထဲက ဆာလဖိတ်ပုံစံပါပဲ။ သီးနှံတွေမှာ ဆာလဖာ ချို့တဲ့မှုအဖြစ်များတာက အော်ဂဲနစ်အစုအဝေး မြေဆွေးဓာတ်နည်းတဲ့မြေသားပွပွတွေ၊ မိုးများရပ်ဝန်းတွေနဲ့ အထွက်တိုးသီးနှံတွေမှာ ဖြစ်ပါတယ်။

ဆာလဖာချို့တဲ့တာကို ဘယ်လိုစမ်းသပ်နိုင်မလဲ

အများအားဖြင့် အရွက်ငယ်တွေမှာ စိမ်းဖျော့ကန အဝါရောင်ဖြစ်လာတတ်တယ်။ နိုက်ထရိုဂျင် ချို့တဲ့တာနဲ့ လည်း မှားတတ်ပါတယ်။ 

သေချာတာကတော့ ဓာတ်ခွဲစစ်ဆေးကြည့်ဖို့ဖြစ်ပေမယ့် ဆာလဖာချို့တဲ့တာ ခန့်မှန်းသိရှိဖို့က မြေဆီလွှာကို စမ်းသပ်ရုံလောက်နဲ့ မလုံလောက် မတိကျပါဘူးတဲ့။ အပင်တစ်ရှူးတွေကို စစ်ဆေးစမ်းသပ်ခြင်းနဲ့သာ ပိုမိုတိကျတယ်လို့ ဆိုပါတယ်။ 

ဆာလဖာချို့တဲ့တာကို အလွယ်တကူပြုပြင်ရာမှာ ဆာလဖိတ်မြေသြဇာ၊ ဆာလဖာသီးသန့်သိုင်ယို ဆာလ ဖိတ် ဒါမှမဟုတ် ဆာလဖာပါတဲ့ အော်ဂဲနစ်မြေဆွေးတွေ ထပ်ပေါင်းကျွေးဖို့ လိုပါတယ်။

ဆာလဖာကို အပင်ကဘယ်လိုရသလဲ

ဆာလဖိတ်မြေသြဇာတွေက သီးနှံပင်များက ချက်ချင်းရ ချက်ချင်းသုံးပေမယ့် အမြစ်ဇုံအောက်နား ကွယ်ပျောက်သွားတတ်ပါတယ်။

ဆာလဖာသီးသန့်မြေသြဇာတွေကို မြေတွင်းအဏုဇီဝပိုးတွေက ပြောင်းပေးမှ ဆာလဖိတ်ပုံစံ အပင်က ရပါတယ်။ ဒါပေမဲ့ မြေထဲကနေတော့ စိမ့်ဝင်ပျောက်ကွယ်မသွားနိုင်ပါဘူး။

မြေသားအပူချိန်မြင့်ရင်၊ မြေသားအစိုဓာတ်ပြည့်ရင်၊ မြေချဉ်ငန်ကိန်းမြင့်ရင်၊ အော်ဂဲနစ်မြေဆွေးဓါတ်မြင့်ရင် ဆာလဖာဓါတ်တိုးမှု ပိုကောင်းလာပါတယ်။

ဆာလဖိတ်ပုံစံ နဲ့ ဆာလဖာသီးသန့်မြေသြဇာနှစ်ခုလုံးဟာ ခပ်မြန်မြန်အပင်က ရနိုင်စားနိုင်ပီး သီးနှံ အာဟာရအတွက် ခပ်ဖြည်းဖြည်းထုတ်လွှတ်ပေးတဲ့ ဆာလဖာပင်မရင်းမြစ်တွေပါ။

ဆာလဖာချို့တဲ့တတ်တဲ့အကြောင်းအရာတွေက ဘာတွေလဲ

စိုက်ပျိုးရေးနည်းစနစ်တွေမှာ ဆာလဖာချို့တဲ့တာတွေ အတွေ့ရပိုများလာတဲ့ အကြောင်းတွေက လေထု ညစ်ညမ်းစေတဲ့ ဆာလဖာဓာတ်ကို တင်းတင်းကျပ်ကျပ်ထိန်းကွပ်တာကြောင့်ရယ်၊ ဆာလဖာလွတ် အဆင့်မြင့်မြေသြဇာတွေ သုံးလာတာကြောင့်ရယ်၊ ထွက်တိုးသီးနှံတွေက ဆာလဖာရယူနှုန်း တိုးလာတာ တွေကြောင့်လို့ ဆိုနိုင်ပါတယ်။

ဆာလဖာမြေသြဇာတွေအသုံးချပြီး အထွက်တိုးအောင် ဘယ်လိုလုပ်ကြမလဲ

ဆာလဖာတွေက ရေနဲ့မျောပါတတ်၊ နေရာရွေ့တတ်တော့ အော်ဂဲနစ်အစုအဝေးဖြစ်တဲ့ မြေဆွေးတွေနဲ့ ရောနှောအသုံးပြုရမှာ ဖြစ်ပါတယ်။ ရေဝပ်သီးနှံ စပါးမှာကျတော့ သံဓာတ်နဲ့ဆက်စပ်ပြီး မပျော်ဝင်နိုင်တဲ့ ဆာလဖိုက်အစုအဝေးတွေက မျောပါမသွားပေမယ့် အပင်စားသုံးနိုင်ဖို့ဆိုရင်တော့ ကြားပေါင်း လိုက်ပေးရမှာ ဖြစ်ပါတယ်။

ဆိုတော့ အပင်တွေအတွက် လိုအပ်ချက်မြင့်မားတဲ့ ဆာလဖာအကြောင်း နားလည်လို့ အကျိုးရှိရှိ အသုံးချနိုင် ပြီး အထွက်ကောင်းတွေ ရရှိကြပါစေ။

Ref; Green Magnolia Myanmar

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်