အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ

ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ

AMIA
AMIA • 15/10/2026

ဈေးကွက်သို့ အာလူးအဝင်များပြီး ဝယ်လိုအား လျော့ကျနေခြင်းကြောင့် ဈေးကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ဈေးကွက်သို့ တရုတ်အာလူးများ အဝင်နည်းနေသော်လည်း ပြည်တွင်းထွက် အာလူးများ ဝင်ရောက်မှု များနေပြီး မိုးအာလူးမှာ အရည်အသွေး မလှသဖြင့် ဝယ်ယူမှု နည်းနေကြောင်းလည်း သိရသည်။

"အရင်နှစ်တွေက တရုတ်အာလူးတွေ အဝင်များလို့ ဈေးကွက် အပြိုင်လုနေရလို့ ဈေးကျတတ်တယ်ဆိုပေမဲ့ ဒီနှစ်က တရုတ်အာလူးလည်း အဝင်နည်းခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အရောင်းအဝယ်ဖြစ်ခဲ့တော့ ဒီနှစ်မှာ တောင်သူတွေက လိမ့်စိုက်နေတော့ အာလူးအဝင်က အခုထက်ထိ များနေတယ်။ တရုတ်အာလူးတွေ ဝင်လာခဲ့လို့ကတော့ ဒီထက်တောင် ပိုဒုက္ခရောက်နိုင်တယ်" ဟု ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ကုန်စိမ်း ရောင်းဝယ် လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့က ရှမ်းပြည်နယ် S-2/S-3 တစ်ပိဿာလျှင် ကျပ် ၄,၀၀၀၊ S-2/S-1 တစ်ပိဿာလျှင် ကျပ် ၃,၈၀၀၊ S1 OK အာလူး တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ယင်းအပြင် ဘုရင့်နောင် ကုန်စည်ဒိုင်တွင်လည်း အောက်တိုဘာ ၁၄ ရက်နေ့၌ A1 အာလူး တစ်ပိဿာလျှင် ကျပ် ၁,၅၀၀၊ S-1 တစ်ပိဿာလျှင် ကျပ် ၃,၀၀၀၊ S-2 တစ်ပိဿာလျှင် ကျပ် ၃,၃၀၀ နှင့် OK အာလူး တစ်ပိဿာလျှင် ကျပ် ၂,၃၀၀ သို့ ပေါက်ဈေးသာ ရှိပြီး လအစနှင့် ယှဉ်ပါက တစ်ပိဿာလျှင် အမျိုးအစားပေါ် လိုက်၍ ကျပ် ၃၀၀ မှ ၇၀၀ အထိ ကျဆင်းသွားကြောင်း တွေ့ရသည်။

မိုးတွင်းတစ်လျှောက်မှာ ဈေးအဆိုးရွားဆုံး ကာလဖြစ်လေ့ရှိပြီး မိုးတွင်းအာလူးမှာ အနာအဆာ များသောကြောင့် လူကြိုက်နည်းလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် စားအုန်းဆီ အကျပ်အတည်းများကြောင့် အာလူးကြော်ဖိုများ အာလူးဝယ်ယူမှု ရပ်နားထားကြသည့်အတွက်ကြောင့်လည်း အရောင်းအဝယ် အေးကာ ဈေးကျနေခြင်းမှာလည်း တစ်စိတ်တစ်ပိုင်း ပါကြောင်း ဈေးကွက်နားလည်သူများက သုံးသပ်ကြသည်။

လက်ရှိ ဒေသစိုက်ပျိုးမှု အာလူးများအနေဖြင့် နည်းပညာ အားနည်းပြီး အနာအဆာ လွန်စွာ များပြားနေခြင်း၊ စားသုံးသူနှင့် ကုန်သည်များ၏ ဝယ်လိုအားထက် စိုက်ပျိုးမှုက များပြားလွန်းခဲ့ခြင်းတို့ကြောင့် ဈေးမရခြင်းဖြစ်ကြောင်းလည်း ဈေးကွက်နားလည်သူများက သုံးသပ်ပြောဆိုကြသည်။

နောက်နှစ်များတွင် မိုးအာလူးကို ရာခိုင်နှုန်း လျှော့စိုက်ပြီး ဆောင်းအာလူး ပေါ်မည့်အချိန်ကို ပိုမိုစိုက်ပျိုးသင့်ကြောင်း တောင်သူများကို အကြံပေးထားခြင်းများလည်း ရှိသည်။

အာလူးမျိုးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်သာလန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီး အခက်အခဲများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ ဟဲဟိုးအာလူး အစုအဖွဲ့၏ တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရပြီး ဒေသအတွင်း အာလူးစိုက် တောင်သူများ၏ မျိုးအာလူး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျ အိန္ဒိယ နိုင်ငံမှာ နာမည်ကြီးနေသည့် နွားသေး ။ နွားချေး စသည် အရော (ဆေး)ရည်ကို လီတာ ၂၀ ဆယ်ဆည့် ပုံးနဲ့ ဖျော်နည်း စပ်နည်း အပြည့်စုံ သိပါရစေ ခင်ဗျ ကျေးဇူးပါ

ကိုညိမ်းရွှေ • ဖြေကြားချက် 0 ခု

ငှက်ပျောပင်ကို မေလ နှင့် လာမဲ့ နိုဝင်ဘာလတွေမှာ စိုက်လို့ရလားဗျ

ကျော်ကြီး • ဖြေကြားချက် 2 ခု

ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏

bominthu • ဖြေကြားချက် 1 ခု

ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....

သန်းထိုက်အောင် • ဖြေကြားချက် 5 ခု

မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ‌ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ

Thiha • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။