တစ်နှစ် သုံးသီး စိုက်ပျိုးကြမယ်ဆိုတော့..

26/09/2022 16:30 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

ပြောနေ ရေးနေကြလေတော့ ကြားနေ၊ ဖတ်နေရပါတယ်။

ပြောတဲ့လူ၊ ရေးတဲ့လူတွေက အားရပါးရ ရှိလေတော့ ကြားရ ဖတ်ရတဲ့သူ အချို့ကတော့ သဘောကျ နှစ်သက်မိကြမှာပါ။ အဲဒီအထဲမှာ မိတ်ဆွေကော ပါနေပါသလား။

ပါတဲ့လူကတော့ များကြမှာပါ..။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးကျေးဇူးများနိုင်ပြီး ရရှိနိုင်မယ့် ဝင်ငွေကလည်း များနိုင်တာကိုး။

#တစ်နှစ် သုံးသီး စိုက်၍ရကြောင်း ရေးနေ၊ ပြောနေ၊ စီမံချက် စီမံကိန်းများ လျာထားရေးဆွဲနေသူများကို မိမိအနေဖြင့် မေးလိုတာကတော့...

ထိုသီးနှံပုံစံအား...

~  ဘယ်ဒေသတွေအတွက် ရည်ညွန်းပြောဆိုတာလဲ၊

~  ဘယ်နှနှစ် တာဝန်ယူစိုက်ပျိုးခဲ့ဖူးပါသလဲ၊

~  အကျိုးအမြတ် ရခဲ့ဖူးပါသလား၊

~  တတိယသီးနှံ ရိတ်သိမ်းချိန်သည် နောက်နှစ်သို့ ကူးသွား၍ နောက်နှစ်သီးနှံ စိုက်ပျိုးရန်ကော အဆင်ပြေပါသလား...

ဆိုတာတွေပါပဲ..။

#တစ်နှစ် သုံးသီး စိုက်ပျိုး၍ ရသည်လို့ လွယ်လွယ်ကူကူ ပြောနေကြခြင်းမှာ...

~ ပထမသီး စပါး ၁၃၅ ရက်။

~ ဒုတိယသီး မတ်ပဲ ၉၀ ရက်။

~ တတိယသီး စပါး ၉၀-၁၂၀ ရက်။

စုစုပေါင်း (၃၁၅-၃၄၅) ဆိုတော့ (၅၀- ၂၀) ရက်တောင် ကျန်နေသေးတာပဲလို့ဆိုပြီး  စိုက်ပျိုးစေခြင်း၊ စိုက်ပျိုးကြခြင်းပါ။

ဒီတော့.. လက်တွေ့ မြေပြင် အခြေအနေကို ပြန်ကြည့်လိုက်တော့ ~

♥ ပထမသီးနှံ စပါး

စိုက်ခင်းလား?၊ ကြဲပက်ခင်းလား?

စိုက်ခင်းဖြစ်လို့ ဆင်းသုခ(၁၃၅ ရက်) စိုက်တယ်ဆိုပါစို့။

ဘယ်လမှာ စစိုက်မှာပါလဲ..?

မုတ်သုန်ရာသီလေဟာ အောက်မြန်မာပြည်သို့ ပုံမှန်အားဖြင့် မေလကုန် ဇွန်လဆန်းမှ ရောက်ရှိတတ်တာဖြစ်လို့ ထိုကာလမှသာ စတင်ပြီး သမန်းကြဲစိုက်ခြင်းနဲ့ စိုက်ခင်းဆိုပါက ပျိုးထောင်ရပြီး ပျိုးသက်နုနုနှင့် စိုက်ပျိုးမည်ဆိုသော်လည်း ကောက်ပင်လှန်ချိန် ရှိနေရာ သက်တမ်း ၁၃၅ ရက်သာ ထားလိုက်ပါမည်။

အခြောက်ကြဲခင်းသမားများအနေဖြင့် မည်သည့်လမှာ ကြဲပက်သည် ဖြစ်ပါစေ..။ မိုးရွာမှသာ စပါးပင် ပေါက်ပါလိမ့်မည်ဖြစ်ရာ သက်တမ်းအားဖြင့် မိုးရွာ အပင်ပေါက်မှသာ ရေတွက်၍ ရပါလိမ့်မည်။

ဒီနေရာမှာ ထည့်သွင်းတွက်ချက်ရမှာက စပါးခင်း ရေပြတ်လျှင် သက်တမ်းပို၍ ရှည်သွားသည် ဆိုတာကိုပါပဲ။

ဒီတော့ ပထမသီးနှံမှာ ဇွန်လတွင် စစိုက်ပါက အောက်တိုဘာ (၁၅) ရက်မှသာ ရိတ်ကြရမှာပါ။ ဆိုတော့ ... ပြောကြပါလိမ့်မည်။

ရက်(၉၀) နှင့် (၁၂၀) သက်တမ်း စပါး စိုက်မှာပေါ့လို့..။

ဟုတ်ပါပြီ။

  • သက်တမ်း(၉၀) စိုက်လျှင် စက်တင်ဘာလဆန်း..
  • သက်တမ်း(၁၂၀)စိုက်လျှင် အောက်တိုဘာလဆန်း..

ရိတ်သိမ်းကြရမည်ဖြစ်ရာ..

အသက်ရက် ၁၃၅၊ ၁၂၀၊ ၉၀ စပါးများ ရိတ်ပြီးပြီးချင်း ဆောင်းသီးနှံ မတ်ပဲ စိုက်ကြပါသလား။

အောက်မြန်မာပြည် မိုးကောင်းစိုက် လယ်စိုက်သူတွေဟာ အောက်တိုဘာ လလယ်နောက်ပိုင်း နိူဝင်ဘာလ ရောက်ရှိမှသာ ဆောင်းသီးနှံ စိုက်ကြတာပါ။ (မျိုးပေါသူများကတော့ ဘယ်အချိန်စိုက်စိုက် စိုက်နိုင် ပါတယ်)

မှတ်ချက် - မြစ်ရေဝင်ဒေသများကတော့ တစ်နှစ်သုံးသီးတွင် မပါဝင်ပါ။

♥ ဒုတိယသီးနှံ ဆောင်းသီးနှံ ပဲမျိုးစုံ

မုတ်သုန်ရာသီလေသည် စက်တင်ဘာလကုန်တွင် အောက်မြန်မာပြည်မှ ထွက်တတ်သည် ဆိုသော်လည်း မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများကြောင့် အောက်တိုဘာလသည်လည်း မိုးစိတ်မချကြ၍ မစိုက်ကြပါဘူး။

ဒီတော့ စပါးရိတ်သိမ်းချိန် စက်တင်ဘာလ ဖြစ်နေစေကာမူ ဒုတိယသီးနှံအား နိုဝင်ဘာ ပထမပတ်မှသာ စ၍ စိုက်ပျိုးရ တွက်ချက်ရပါမည်။

ဆောင်းသီးနှံသည် သက်တမ်းဘယ်လောက်သတ်မှတ်ပါမည်လဲ။

အသက်ရက် (၆၅၊ ၇၅၊ ၉၀) စသည်ဖြင့် မည်သို့ပင် ဆိုစေကာမူ ဆောင်းသီးနှံတွင် သက်တမ်း( ၉၀-၁၂၀) ရက်အထိ ဖြစ်သွားတတ်ရာ အသက်ရက် ပျမ်းမျှ (၁၀ဝ) ရက်တော့ ထားရပါလိမ့်မည်။

♥ တတိယသီးနှံ စပါး

ဆောင်းသီးနှံအား ဒီနေ့ရိတ် မနက်ဖြန် ခြွေကြပါသလား။

ဆောင်းသီးနှံသည် စပါးမဟုတ်၊ ရိတ်စက်ဖြင့်ရိတ် အစေ့တန်းမထွက်နိုင်၍ ပဲရိတ်ပြီးလျင် နေလှန်း၊ စုပုံ၊ ခြွေလှေ့ လုပ်ရသဖြင့် အချိန် (၁၀-၁၅) ပေးရမည်ဖြစ်ရာ ဒုတိယသီးနှံအား (၁၂၀)ရက် သတ်မှတ်၍ ဆည်ရေ ရရှိမှုအရ မတ်လ ၁၅ ရက် ခန့်မှသာ စပါးမျိုးကြဲနိုင်ပါလိမ့်မည်။ (ရိုး၊ ချောင်း၊ မြစ်၊ ရေတွင်း များမှဆိုလျှင်တော့ အချိန် လျော့နိုင်ပါသည်)

သက်တမ်း (၉၀) စပါးဖြစ်လျှင် ဇွန်လ (၁၅)ရက်၊ (၁၂၀) ဆိုလျှင် ဇူလိုင် (၁၅)ရက်အထိ တတိယသီးနှံ သည် ရောက်ရှိသွားပါလိမ့်မည်။

ဒီတော့ စာရွက်ထဲမှာ ချရေးထားသလို တစ်နှစ် သုံးသီး ဝင်ပါသလား။

နောက်နှစ် ပထမသီးနှံသည် အစောဆုံး ဇွန်လ (၁၅) ရက်မှ ဇူလိုင်(၁၅) ရက်အထိ ဖြစ်သွားလျှင် မိုးသီးနှံအား သမန်းကြဲခင်း၊ ပျိုးထောင်စိုက်ခင်းများ ဖြစ်သွားပါက သီးနှံစိုက်ပျိုးမှု အချိန်ဇယားသည် ပျက်ပြားသွားပါလိမ့်မည်။

ဒီတော့... ကျွန်တော့်အနေဖြင့် ဆိုရပါမူ..

တစ်နှစ် သုံးသီး စိုက်၍ ရသည်။

တစ်နှစ် သုံးသီး စိုက်မည်။

ဆိုသည့် စိတ်ကူးယဉ်အိမ်မက်များကို...ဖျောက်ဖျက်ပြစ်ပြီး ဖြစ်နိုင်သည့် စီမံချက်ကိုသာ လုပ်ကိုင် ဆောင်ရွက်ကြပါလို့ အကြုံပြုလိုက်ချင်ပါတယ်။

(ဆရာဦးသက်လွင်ရဲ့အကြံပြုချက်နဲ့ပတ်သက်လို့ ... ဆွေးနွေးစရာတွေရှိလာနိုင်တဲ့အခြေအနေတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးအောက်မှာ ဆွေးနွေးပေးကြဖို့ Green Way က ဖိတ်ခေါ်ချင်ပါတယ်)

ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်