အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယူကရိန်းက စစ်ပွဲလက်ကျန် အဆိပ်သင့်မြေဆီလွှာများ (၁)

ယူကရိန်းက စစ်ပွဲလက်ကျန် အဆိပ်သင့်မြေဆီလွှာများ (၁)

ယူကရိန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ခါဆန်မြို့ကို ရုရှားဆီက ပြန်ရပြီးတဲ့နောက် တောင်သူ  Andrii Povod တစ်ယောက် သူ့ယာ‌တောကို ပြန်လာကြည့်တဲ့အခါ ရစရာမရှိအောင် ပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ ထွန်စက်နှစ်စင်းလည်း ပျောက်၊ စိုက်ထားတဲ့ဂျုံတွေလည်း ကုန်တဲ့အပြင် သီးနှံနဲ့ စက်ယန္တရားတွေ ထားရှိရာ ဂိုဒေါင် ၁၁ လုံးစလုံးလည်း ဗုံးထိမှန်ကာ မီးလောင်ပြာကျနေနှင့်ပါပြီ။

ယာမြေတွေပေါ်မှာ ရုရှား ဗုံးဆန်အမြောက်ဆန် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေသလို မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေက ယာခင်းပြင်တွေကို ဆန်ခါပေါက်လို ဖြစ်နေစေပါတယ်။ ဒါပေမဲ့ စစ်ပွဲတစ်နှစ်တာအပြီး အပျက်အယွင်းတွေထဲကမှ အကောင်းပကတိပြန်ဖြစ်အောင် ပြင်ဆင်ရအခက်ခဲဆုံးဟာ မြေဆီဩဇာကောင်းလွန်းလို့ နာမည်ကြီးခဲ့တဲ့ ယူကရိန်းရဲ့မြေဆီလွှာတွေပဲ ဖြစ်ပါလိမ့်မယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းက ပြန်သိမ်းပိုက်နယ်မြေ ခါကိဗ်နယ်ထဲကနေ ရယူထားတဲ့ မြေနမူနာတွေကို သိပ္ပံပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါ စစ်ပွဲသုံးခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေကြောင့် မာကျူရီနဲ့ အာဆင်းနစ်လို အဆိပ်အတောက်တွေ မြေဆီလွှာအတွင်း ပမာဏမြင့်မားစွာ ညစ်ညမ်းပါဝင်နေတာကို တွေ့ခဲ့ကြပါတယ်။

စစ်ပွဲကြောင့် ယူကရိန်းမှာရှိတဲ့ စိုက်ပျိုးမြေယာ ဟက်တာ ၁၀ ဒသမ ၅ သန်းထက်မနည်း နိမ့်ကျပျက်စီးခဲ့တယ်လို့ ယူကရိန်းမြေဆီလွှာသိပ္ပံနဲ့ စိုက်ပျိုးရေးဓာတုဗေဒသုတေသနဌာနက မြေနမူနာနဲ့ ဂြိုလ်တုဓာတ်ပုံတွေကို အသုံးပြုပြီး ခန့်မှန်းထားကြောင်း ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရတဲ့ သုတေသနတစ်ခုအရ သိရပါတယ်။

ဒါဟာ ဥရောပတိုက်ရဲ့ ပေါင်မုန့်ဖိုဒေသကြီးလို့ တင်စားကြတဲ့ ယူကရိန်းရဲ့ စိုက်ပျိုးမြေတွေအနက် လေးပုံတစ်ပုံနဲ့ညီမျှပြီး အဲဒီထဲမှာ ရုရှားတပ်တွေ သိမ်းပိုက်ထားဆဲ နယ်မြေတွေ အပါအဝင် ဖြစ်ပါတယ်။

"ကျွန်တော်တို့ဒေသအတွက် အလွန်အမင်း ကြီးမားတဲ့ပြဿနာပါ။ ဒီလိုမြေကောင်းယာကောင်းတွေကို ပြန်မွေးယူလို့မရတော့ဘူး" လို့ အသက် ၂၇ နှစ်ရှိ Povod က ရှေ့တန်းစစ်မြေပြင်တစ်နေရာ ဒီနီပရိုမြစ်နဲ့ ခြောက်မိုင်ခန့်အကွာ ယူကရိန်းအရှေ့တောင်ပိုင်း ဘီလိုဇာကာမြို့အနီးက သူ့ယာတောမှာ လမ်းလျှောက်နေရင်း ပြောပြပါတယ်။

ဥရောပပေါင်မုန့်ဖိုဒေသကြီးမှာ မြေဆီလွှာညစ်ညမ်းမှုပြုပြင်ရေး၊ မိုင်းရှင်းလင်းရေးနဲ့ ပျက်စီးအခြေခံအဆောက်အအုံပြန်လည်တည်ဆောက်ရေး အပါအဝင် အပျက်အယွင်းတွေကို ပြုပြင်ဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရနိုင်ပြီး ကမ္ဘာ့ကောက်ပဲသီးနှံရောင်းအားအကျပ်အတည်း နောက်နှစ်များစွာ ဆက်ကြုံရဦးမှာဖြစ်ကြောင်း ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့တဲ့ မြေဆီလွှာပညာရှင်၊ တောင်သူလယ်သမား၊ သီးနှံလုပ်ငန်းရှင်ရှင်နဲ့ သုတေသီတို့ ပါဝင်တဲ့ ကျွမ်းကျင်ပညာရှင် နှစ်ဒါဇင်လောက်က ‌ပြောကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြေသားကို နိုက်ထရိုဂျင်လို အပင်အာဟာရတွေအဖြစ် ပြောင်းလဲပေးနေတဲ့ အဏုဇီဝသက်ရှိတွေရဲ့ အထိမခံဂေဟစနစ်တွေကို ကမောက်ကမဖြစ်စေပါတယ်။ တစ်ခါ တင့်ကားတွေ ဖြတ်သန်းမောင်းနှင်မှုကလည်း မြေသားကို ကျပ်သိပ်သွားစေကာ အပင်အမြစ်တွေ ကြီးထွားရှင်သန်ဖို့ ပိုမိုခက်ခဲသွားစေကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အချို့နေရာတွေမှာ မိုင်းအလွန်အမင်း ထိထားသလို ကတုတ်ကျင်းတွေနဲ့ လက်နက်ကြီးထိမှန်ထားတဲ့ ကျင်းချိုင့်တွေကြောင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး ပထမကမ္ဘာစစ်လက်ကျန် စစ်တလင်းနေရာတွေလို သီးနှံစိုက်ပျိုးထုတ်လုပ်လို့ရတဲ့အခြေအနေကို ဘယ်တော့မှ ပြန်ရောက်လာနိုင်ဖွယ်မရှိဘူးလို့ ပညာရှင်အချို့က ပြောပါတယ်။

မြေဆီသြဇာဆုံးရှုံးမှု

စစ်မဖြစ်မီတုန်းက ယူကရိန်းဟာ ကမ္ဘာမှာ ပြောင်းတင်ပို့မှု စတုတ္ထအများဆုံးနဲ့ ဂျုံတင်ပို့ရောင်းချမှု ပဉ္စမအများဆုံးအဖြစ် ရပ်တည်ခဲ့ပြီး တင်သွင်းသီးနှံအပေါ် မှီခိုနေကြရတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီ သီးနှံပင်တိုင်ရောင်းချပေးနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားကျူးကျော်စစ် စတင်လာအပြီးမှာတော့ ယူကရိန်းသီးနှံ တင်ပို့နေကျ ပင်လယ်နက်ဒေသဆိပ်ကမ်းတွေ ပိတ်သွားတာကြောင့် သီးနှံဈေးတွေ ထောင်တက်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းက ကုန်ဈေးနှုန်းမြင့်တက်မှုကို အရှိန်မြင့်စေခဲ့ပါတယ်။

စစ်ပွဲရဲ့ သက်ရောက်မှုကြောင့် ယူကရိန်းနှစ်စဉ် ကောက်ပဲသီးနှံထုတ်လုပ်မှု တန်ချိန် ၁၀ သန်းကနေ သန်း ၂၀ ခန့် ကျဆင်းသွားနိုင်ပါတယ်။ တနည်းအားဖြင့် စစ်မတိုင်ခင်က နှစ်စဉ် ထုတ်လုပ်နေကျ တန်ချိန် သန်း ၆၀ ကနေ ၈၉ သန်းလောက် ရှိခဲ့ရာကနေ အဲဒီရဲ့ သုံးပုံတစ်ပုံပမာဏလောက် ကျဆင်းသွားနိုင်တယ်လို့ မြေဆီလွှာသုတေသနဌာနရဲ့ ဒါရိုက်တာ Sviatoslav Baliuk က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သီးနှံစိုက်ပျိုးဧရိယာ၊ ရာသီဥတုပြောင်းလဲမှု၊ ဓာတ်မြေသြဇာအသုံးပြုမှုနဲ့ စိုက်ပျိုးရေးနည်းပညာသစ်တွေ ကျင့်သုံးမှု စတဲ့ တခြားအချက်တွေဟာလည်း သီးနှံထုတ်လုပ်မှုအလားအလာအတွက် အရေးကြီးလှပါတယ်။

ယူကရိန်းစိုက်ပျိုးရေးဝန်ကြီးဌာနကတော့ စစ်ပွဲကြောင့် မြေဆီလွှာညစ်ညမ်းမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်နိုင်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူကရိန်းတောင်သူတွေဟာ မြေဆီလွှာထိခိုက်ပျက်စီးမှုအပြင် ယာခင်းတွေအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆန်တွေ ကျန်ရှိနေတာ၊ ရေမြောင်းတွေ၊ သီးနှံကျီတွေနဲ့ သင်္ဘောဆိပ်တွေ ပျက်စီးတာနဲ့ပတ်သက်ပြီးလည်း အခက်အခဲရင်ဆိုင်နေကြရပါတယ်။

ယူကရိန်း အကြီးဆုံးကောက်ပဲသီးနှံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nibulon ရဲ့ အမှုဆောင်အရာရှိချုပ် Andriy Vadaturskyi က မိုင်းရှင်းလင်းရေးတစ်ခုတည်းတင် နှစ်ပေါင်း ၃၀ လောက်အချိန်ယူရနိုင်တယ်လို့ မျှော်လင့်ထားပြီး ယူကရိန်းတောင်သူတွေ လုပ်ငန်းခွင်ထဲ ပြန်ရောက်အောင် အရေးပေါ်ဘဏ္ဍာရေးအကူအညီတွေ လိုအပ်နေကြောင်း ပြောဆိုပါတယ်။

"ဒီနေ့ဖြစ်နေတာက စားသောက်ကုန်ဈေး ကြီးမြင့်တဲ့ပြဿနာပါ။ စားသောက်ကုန်တွေက ဈေးကွက်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်ကြာကာလလောက်မှာ ဖြေရှင်းစရာမရှိတဲ့အခြေအနေ၊ သီးနှံလုံးဝပြတ်တောက်သွားတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်" လို့ Vadaturskyi က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ယူကရိန်းရဲ့ မြေဆီသြဇာအကောင်းဆုံး 'Chernozem' လို့ ခေါ်တဲ့ မြေမည်းတွေဟာ ထိခိုက်မှုအခံရဆုံးဖြစ်ကြောင်း သုတေသနဌာနက တွေ့ရှိခဲ့ပါတယ်။ ဒီမြေမည်းတွေဟာ အခြားမြေဆီလွှာတွေထက် အာဟာရပိုကြွယ်ဝပြီး မြေဆွေး၊ ဖော့စဖရပ်နဲ့ နိုက်ထရိုဂျင်တွေ ပိုမိုပါဝင်ကာ အနက် တစ်မီတာခွဲလောက်အထိ မြေသားကောင်းမွန်ကြောင်း သိရပါတယ်။

စစ်ပွဲဒဏ်ချက်တွေဟာ စိုးရိမ်ဖွယ်ရာ မြေဆီမြေသားဆုံးရှုံးမှုကို ဦးတည်စေနိုင်မယ်လို့ သုတေသနဌာနဒါရိုက်တာ Baliuk က ပြောဆိုပါတယ်။

မြေကြီးအတွင်း အဆိပ်အတောက်ဓာတ် များလာတာနဲ့ အဏုဇီဝသက်ရှိတွေ လျော့နည်းလာတာတွေကြောင့် ပြောင်းမျိုးစေ့တွေ အညှောက်ပေါက်ဖို့အတွက် စွမ်းအင်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းခြေ ၂၆ ရာခိုင်နှုန်းလောက် လျော့ကျစေကာ အကျိုးဆက်အနေနဲ့ သီးနှံထွက်နှုန်းကျဆင်းစေခဲ့တယ်လို့ ဌာနရဲ့ သုတေသနပြုချက်ကို ကိုးကားပြီး ၎င်းက ပြောဆိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဝေယံဟိန်း (B.Ag)

Ref: Soils of war: The toxic legacy for Ukraine's breadbasket

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။