တီကောင်မွေးပြီး စွန့်ပစ်ပစ္စည်းများမှ မြေဆွေးနှင့် တီကျစ်ရည်များ ထုတ်လုပ်နည်း အပိုင်း - ၃ 

14/08/2022 12:30 PM တွင် Htet Zaw Htun (organic Farming Coach) Htet Zaw Htun (organic Farming Coach) မှ ရေးသား

တီမွေးမြူရေးမှ ရရှိနိုင်​သော အကျိုးအမြတ်များ

ကျေးလက်ရှိ နွား၊ ကြက်၊ ဝက်၊ ဆိတ် စသည့် တိရစ္ဆာန်မွေးမြူကြသော တောင်သူများအတွက် တီမွေးမြူရေးသည် များစွာအကျိုးအမြတ်ရရှိနိုင်ပေသည်။

ဥပမာ - နွားမွေးထားပြီး ပိုလျှံသော နွားချေးကို တီမွေးလျှင် တောင်သူများအတွက် တီကျစ်စာ၊ တီကျစ်ရည်နှင့် တီကောင်တို့ကို ထုတ်လုပ်နိုင်ပြီး စိုက်ပျိုးရေးသဘာဝမြေသြဇာများကို များစွာထုတ်လုပ်ပေးနိုင်‌ပေသည်။ 

သဘာဝအားဖြင့်ဆိုပါက နွားချေးကို ချက်ခြင်းအသုံးမပြုနိုင်ဘဲ လများစွာ ကြာပြီး ဆွေးမြေ့ခံပြီးအသုံးပြုမှသာ အပင်များအတွက် ရောဂါများ မကျရောက်ဘဲ ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေးမြေ့အောင်ထားရသည့်အတွက် နွားချေးတွင်ပါဝင်သည့် အပင်အာဟာရဓာတ်များ ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်သည်။ 

နွားချေးအစိုကို တီကောင်မွေးပြီး အပင်ကျွေးပါကမူ တစ်လခန့်အကြာတွင် သာမန်နွားချေးထက် အာဟာရတန်ဖိုးများစွာမြင့်​သော သဘာဝတီကျစ်မြေဆွေးကို ရရှိနိုင်မည် ဖြစ်ပါသည်။ 

*တီမြေဆွေးနှင့် တီကျစ်ရည်၏ အားသာချက်များ*

#စိုက်ပျိုးရေးတွင် တီမြေဆွေးနှင့် တီစွန့်ပစ်ရည်ကို အသုံးပြုခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ​ကောင်းစွာရရှိနိုင်ပါသည်။

  • နည်းပညာလိုအပ်မှု အရမ်းနည်းခြင်း
  • အပင်များ လျင်မြန်စွာ ကြီးထွားရန် အဓိကအပင်အာဟာရ ၆ မျိုးနှင့် အနည်းလိုအာဟာရစုစု​ပေါင်း ၁၁ မျိုးကို ရရှိနိုင်ခြင်း
  • မျိုးစေ့အညှောက်ပေါက်နိုင်မှုကို အားပေးပြီး ပျိုးပင်များ၏ အမြစ်ဆင်းမှုနှင့် ကြီးထွားမှုကို ကောင်းစေခြင်း
  • မြေဆီလွှာတွင် သဘာဝမြေဆွေးကို ထိန်းသိမ်းထားနိုင်ခြင်း
  • အပင်အတွက်လိုအပ်သော အကျိုးပြုအဏုဇီဝပိုးမွှား အမြောက်အများ ပွားများလာစေခြင်း
  • သီနှံအထွက်တိုးစေခြင်း
  • မြေတွင်း အစိုဓာတ် ပိုမိုထိန်းသိမ်းထားနိုင်ခြင်း
  • မြေအောင်းရောဂါများ ကျရောက်မှု လျော့နည်းစေခြင်း
  • စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ပြီး လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း
  • စီးပွားရေးအရ တွက်ခြေကိုက်ပြီး စိုက်ပျိုးရေးသမားများအတွက် သဘာဝတီကျစ်မြေသြဇာနှင့် တီကျစ်ရည်တို့ကို ငွေကြေးကုန်ကျစရိတ်နည်းနည်းဖြင့် ဖော်ထုတ်အသုံးပြုနိုင်ခြင်း

တီကောင်မွေးမြူခြင်းနှင့် တီမြေဆွေးပြုလုပ်သော လုပ်ငန်းမှာ ပတ်ဝန်းကျင်ကောင်းမွန်အောင် ပြုလုပ်ပေးပြီး အကျိုးအမြတ်များစွာလည်း ရသော ​ရေရှည်ခံစိုက်ပျိုး​ရေးလုပ်ငန်းတခု ဖြစ်ပါသည်။ 

တီမြေဆွေးနှင့် တီစွန့်ပစ်ရေကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုပါက မြေဆီလွှာကောင်းမွန်စေပြီး သီးနှံများအတွက် ရေရှည်အကျိုးရှိစေသလို ကုန်ကျစရိတ်သက်သာမှုကြောင့် အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်ပါသည်။

ထို့အပြင် သဘာဝမြေဩဇာဖြစ်၍ စားသုံးသူများအတွက် အန္တရာယ်ကင်းသည့် သီးနှံများ ရရှိစေနိုင်သလို စိုက်ပျိုးသူများအတွက်လည်း ဓာတုအဆိပ်သင့်ခြင်းများ နည်းပါးစေနိုင်သည့် အကျိုးကျေးဇူးများပါ ရရှိနိုင်မည်ဖြစ်ပါသည်။

အပိုင်း (၁) နှင့် (၂) ကို မဖတ်ရသေးပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

အပိုင်း (၁) -  https://greenwaymyanmar.com/posts/Vermicompost_Vermitea

အပိုင်း (၂) - https://greenwaymyanmar.com/posts/Vermicompost_Vermitea_2

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်