အိန္ဒိယနှင့် တရုတ်မှ မုန်တိုင်းနှစ်လုံးကြားရောက်နိုင်မှုကြောင့် ဩဂုတ် ၇ ရက်ခန့်ကစပြီး ဒေသအများစု မိုးများနိုင်
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်လာဖွယ်ရှိတဲ့ မုန်တိုင်းနှစ်လုံးကြား ရောက်ရှိသွားနိုင်တဲ့အခြေအနေကြောင့် ဩဂုတ် ၇ ရက်ခန့်ကစလို့ အလယ်ပိုင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံ ဒေသအများစုမှာ မိုးများနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်ဟာ အခုဩဂုတ် ၄ ရက်ခန့်မှာ အစပျိုးလာနိုင်ပြီး တောင်တရုတ်ပင် လယ်ပြင်မှာဖြစ်မယ့်မုန်တိုင်းကတော့ ဩဂုတ် ၈ ရက်မှာ အစပျိုးလာနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ ၈ ရက်၊ ၉ ရက်ဆိုရင် နှစ်လုံးစလုံးရဲ့အားနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က တိမ်တွေလည်းပိုဝင်လာမယ်။ နောက်ပြီးတော့မှ တောင်တရုတ်ပင်လယ်ဆိုတော့ အရှေ့မြောက်ဘက်က တိမ်တွေလည်းဝင်လာမယ်။ မိုးများမယ်။ အလယ်ပိုင်းမှာတောင်မှ ၂ လက်မလောက်ထိ ရွာမယ့်နေရာတွေ ဖြစ်လာမှာ”

ဒီမုန်တိုင်းနှစ်လုံးအရှိန်ကြောင့် ဩဂုတ် ၇ ရက်ကနေ ၁၀ ရက်ဝန်းကျင်အထိ အလယ်ပိုင်း ဒေသတွေအပါအဝင် မိုးတွေများနိုင်ပြီး တောင်ကျချောင်းရေကျနိုင်တဲ့ဒေသတွေကတော့ သတိထားသင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
“ ကချင်ပြည်နယ်ကလွဲရင် ကျန်တဲ့နေရာတွေ မိုးများမှာ။ ရှမ်းပြည်နယ်တောင်များမယ်။ ရခိုင်ပြည်နယ်များမယ်။ အလယ်ပိုင်းဒေသလည်း မိုးများမယ်ပေါ့နော်။ အဲ့ကျမှ တောင်ကျ ချောင်းရေကျတာတွေဘာတွေလာမှာ။ ၃ နာရီလောက်အတွင်း ၂ လက်မ၊ ၃ လက်မလောက် ရွာရင်ဖြစ်မှာလေ။ ပြင်ဦးလွင်ဖြစ်သလိုမျိုးပေါ့”
မိုးအများဆုံးက တနင်္သာရီတိုင်းမြောက်ပိုင်း၊ ထားဝယ်နဲ့ရေးကြားဖြစ်နိုင်ပြီး တိုင်းနဲ့ပြည်နယ်အတော်များများလည်း များနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ အများဆုံးက တနင်္သာရီတိုင်းမြောက်ပိုင်း။ ထားဝယ်နဲ့ရေးကြားပေါ့။ ပဲခူးတိုင်းလည်းများမယ်။ ရန်ကုန်တိုင်းလည်းများမယ်။ ဧရာဝတီတိုင်းလည်းများမယ်။ ရခိုင်လည်းများမယ်။ ရခိုင်ကတော့ အနီးဆုံးဖြစ်မှာကိုး။ မုန်တိုင်းဖြစ်လာတဲ့အနေအထားဖြစ်မယ်ဆိုရင် ကမ်းရိုးတန်းဒေသတွေလည်း လေပြင်းလာမှာပေါ့။ အလယ်ပိုင်းကတော့ အကုန်ပဲ။ အနည်းဆုံးဖြစ်မယ့် ချောက်၊ ညောင်ဦးဝန်းကျင်တောင် ၂ လက်မ၊ ၂ လက်မခွဲလောက်ရှိမှာ။ ကျန်တဲ့နေရာတွေကတော့ သူ့ထက်များမှာ။ မကွေးတောင် ၃ လက်မ၊ ၄ လက်မလောက်ဖြစ်မယ်"
အားအကောင်းဆုံးဖြစ်လာနိုင်မယ့်အချိန် ဩဂုတ်လ ၉ ရက် ညပိုင်းမှာတော့ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံး၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ တိမ်အနိမ့်တွေ အပြည့်ဖုံးပြီး မိုးသည်းထန်နိုင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
ပြီးခဲ့တဲ့နှစ်ရက် ဇူလိုင် ၃၁ ရက်ကတော့ ပြင်ဦးလွင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေအတွင်းအထိ ရေဝင်ရောက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။
Photo Crd_U Win Naing, Myanmar Fire Service Department
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဌေး
လွန်ခဲ့သော ၄ နှစ် ကအခုတော့မိုးရွာနေပါတယ် မင်းဘူးမြို့နယ်
ဦးသူရိန်ထွန်း
လွန်ခဲ့သော ၄ နှစ် ကကချင် က မိုးနည်းမဲ့ သဘော လား
Daw Khin Cho Oo
လွန်ခဲ့သော ၄ နှစ် ကမြစ်သားမိုးအေနဘယ်လိုလဲ
ko kyaw thein
လွန်ခဲ့သော ၄ နှစ် ကမိုးရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုမရှိ
ko kyaw thein
လွန်ခဲ့သော ၄ နှစ် ကစစ်တွေမြို့ IDP Camp အတွက် ဘယ်လိုလုပ်မှာလဲ မသိဘူး
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 0 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 4 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....