အိန္ဒိယနှင့် တရုတ်မှ မုန်တိုင်းနှစ်လုံးကြားရောက်နိုင်မှုကြောင့် ဩဂုတ် ၇ ရက်ခန့်ကစပြီး  ဒေသအများစု မိုးများနိုင်

02/08/2022 17:12 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်လာဖွယ်ရှိတဲ့ မုန်တိုင်းနှစ်လုံးကြား ရောက်ရှိသွားနိုင်တဲ့အခြေအနေကြောင့် ဩဂုတ် ၇ ရက်ခန့်ကစလို့ အလယ်ပိုင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံ ဒေသအများစုမှာ မိုးများနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်ဟာ အခုဩဂုတ် ၄ ရက်ခန့်မှာ အစပျိုးလာနိုင်ပြီး တောင်တရုတ်ပင် လယ်ပြင်မှာဖြစ်မယ့်မုန်တိုင်းကတော့ ဩဂုတ် ၈ ရက်မှာ အစပျိုးလာနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ ၈ ရက်၊ ၉ ရက်ဆိုရင် နှစ်လုံးစလုံးရဲ့အားနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က တိမ်တွေလည်းပိုဝင်လာမယ်။ နောက်ပြီးတော့မှ တောင်တရုတ်ပင်လယ်ဆိုတော့ အရှေ့မြောက်ဘက်က တိမ်တွေလည်းဝင်လာမယ်။ မိုးများမယ်။ အလယ်ပိုင်းမှာတောင်မှ ၂ လက်မလောက်ထိ ရွာမယ့်နေရာတွေ ဖြစ်လာမှာ”

ဒီမုန်တိုင်းနှစ်လုံးအရှိန်ကြောင့် ဩဂုတ် ၇ ရက်ကနေ ၁၀ ရက်ဝန်းကျင်အထိ အလယ်ပိုင်း ဒေသတွေအပါအဝင် မိုးတွေများနိုင်ပြီး တောင်ကျချောင်းရေကျနိုင်တဲ့ဒေသတွေကတော့ သတိထားသင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။

“ ကချင်ပြည်နယ်ကလွဲရင် ကျန်တဲ့နေရာတွေ မိုးများမှာ။ ရှမ်းပြည်နယ်တောင်များမယ်။ ရခိုင်ပြည်နယ်များမယ်။ အလယ်ပိုင်းဒေသလည်း မိုးများမယ်ပေါ့နော်။ အဲ့ကျမှ တောင်ကျ ချောင်းရေကျတာတွေဘာတွေလာမှာ။ ၃ နာရီလောက်အတွင်း ၂ လက်မ၊ ၃ လက်မလောက် ရွာရင်ဖြစ်မှာလေ။ ပြင်ဦးလွင်ဖြစ်သလိုမျိုးပေါ့” 

မိုးအများဆုံးက တနင်္သာရီတိုင်းမြောက်ပိုင်း၊ ထားဝယ်နဲ့ရေးကြားဖြစ်နိုင်ပြီး တိုင်းနဲ့ပြည်နယ်အတော်များများလည်း များနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ အများဆုံးက တနင်္သာရီတိုင်းမြောက်ပိုင်း။ ထားဝယ်နဲ့ရေးကြားပေါ့။ ပဲခူးတိုင်းလည်းများမယ်။ ရန်ကုန်တိုင်းလည်းများမယ်။ ဧရာဝတီတိုင်းလည်းများမယ်။ ရခိုင်လည်းများမယ်။ ရခိုင်ကတော့ အနီးဆုံးဖြစ်မှာကိုး။ မုန်တိုင်းဖြစ်လာတဲ့အနေအထားဖြစ်မယ်ဆိုရင် ကမ်းရိုးတန်းဒေသတွေလည်း လေပြင်းလာမှာပေါ့။ အလယ်ပိုင်းကတော့ အကုန်ပဲ။ အနည်းဆုံးဖြစ်မယ့် ချောက်၊ ညောင်ဦးဝန်းကျင်တောင် ၂ လက်မ၊ ၂ လက်မခွဲလောက်ရှိမှာ။ ကျန်တဲ့နေရာတွေကတော့ သူ့ထက်များမှာ။ မကွေးတောင် ၃ လက်မ၊ ၄ လက်မလောက်ဖြစ်မယ်"

အားအကောင်းဆုံးဖြစ်လာနိုင်မယ့်အချိန် ဩဂုတ်လ ၉ ရက် ညပိုင်းမှာတော့ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံး၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ တိမ်အနိမ့်တွေ အပြည့်ဖုံးပြီး မိုးသည်းထန်နိုင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ်ရက် ဇူလိုင် ၃၁ ရက်ကတော့ ပြင်ဦးလွင်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေအတွင်းအထိ ရေဝင်ရောက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။

Photo Crd_U Win Naing, Myanmar Fire Service Department

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်