ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပြီး ဖြစ်ခဲ့ပါက မေ ၇ ရက်မှ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာနိုင်
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တဲ့အခြေအနေ သေချာသလောက်နီးပါးရှိနေပြီး ဖြစ်လာပါက မေ ၇ ရက်ကနေ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာနိုင်တယ်လို့အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ ECMWF နဲ့ GFS တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဦးဝင်းနိုင်က သုံးသပ်တာပါ။

“ ECMWF က ရတဲ့ နောက်ဆုံး update data အရတော့ မေလ ၇ ရက် - ၈ ရက်တွေမှာ မုန်တိုင်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းရောက်လာမယ်၊ "ပန်းရောင်ပြထားတဲ့ ဒေသတွေ"မှာ မိုးရေချိန် ၃ လက်မ မှ ၇ လက်မအထိ ရွာနိုင်တယ်။ ရန်ကုန်မှာလည်း မိုးရေချိန် ၆ လက်မကျော်တဲ့အထိ ရွာနိုင်ကြောင်း ပြနေတယ်။ လေပြင်းတိုက်ခတ်နိုင်ခြေကတော့ တစ်နာရီ ၂၅ မိုင်နှုန်းမှ မိုင် ၃၀ အထိ ရှိနိုင်ပါတယ်” လို့ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ သတိပေးပြောကြားထားပါတယ်။

မုန်တိုင်းရဲ့အခြေအနေနဲ့ပတ်သက်လို့ Green Way က ဦးဝင်းနိုင်ကို မေးမြန်းရာမှာတော့ “ သေချာသလောက်ဖြစ်သွားပြီပေါ့နော်။ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက်ထိ သေချာသွားပြီ။ အိန္ဒိယမိုးလေဝသထုတ်ပြန်ချက်ကလည်း အဲ့ဒီအတိုင်းပဲ။ ၄ ရက်နေ့ကနေ နောက်ထပ် ၂၄ နာရီအတွင်းဆိုတော့ ၅ ရက်ပေါ့လေ။ ၅ ရက်နေ့လောက်ဆိုရင် မုန်တိုင်း ဖြစ်မယ်ပေါ့။ အဲ့ဒီဟာ ထုတ်ပြန်တာလည်း ဖြစ်ပြီဆိုတော့ ကျိန်းသေသလောက်ဖြစ်ပြီ” လို့ အတည်ပြုပါတယ်။
ဒီမုန်တိုင်းအရှိန် မြန်မာနိုင်ငံဘက်ကို ရိုက်ခတ်မှုမြင့်ခဲ့မယ်ဆိုရင် မုတ်သုံလည်း ဝင်လာနိုင်ပြီး မိုးဆက်သွားတာလည်း ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ မုန်တိုင်းရဲ့အားနဲ့အရှိန်ကြောင့် မုတ်သုံလည်း ဝင်လာနိုင်တယ်။ စောပြီးတော့။ ဒါဆိုရင်တော့ မိုးတွင်းဖြစ်သွားမှာ။ ဒါပေမဲ့ မေလက မကုန်သေးဘူးဆိုတော့ ထုံးစံအတိုင်းဆိုရင်တော့ မုတ်သုံက ပုံမှန်ဝင်မယ်ဆိုတော့ ။ ဆိုကြပါတော့ မုန်တိုင်းက ၈ ရက်နေ့လောက်ဆိုရင် မော်တင်စွန်းဘယ်ဘက်ခြမ်းလောက်ရောက်မှာကိုး။ ဘင်္ဂလားပင်လယ်အော်ထဲမှာ။ အိန္ဒိယဘက်ကို ဝင်မှာက ၁၂ ရက် ၁၃ ရက်လောက်ဖြစ်မယ်။ မုတ်သုံပုံမှန်ဝင်မယ် ဆိုရင် နောက်အများဆုံး ၁၀ ရက်ပေါ့နော်။ မေလ ၂၁ ရက် ပတ်ဝန်းကျင်လောက်ကို မုတ်သုံဝင်မယ်ဆိုတော့ ဆက်သွားနိုင်တယ်”
မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေရှိတာမဟုတ်ပေမယ့် မြန်မာနိုင်ငံက မုန်တိုင်းရဲ့ညာဘက်ခြမ်းမှာရှိနေလို့ မုန်တိုင်းသက်ရောက်မှုကို ပိုခံရမှာဖြစ်ပြီး အိန္ဒိယကတော့ ဘယ်ဘက်ခြမ်းမှာရှိတာမို့ သက်သာမှာဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်နဲ့ မေ ၇ ရက်နောက်ပိုင်း မိုးရွာတာတွေ ဆက်သွားနိုင်လို့ နွေစပါးသိမ်းနေတဲ့ တောင်သူတွေနဲ့ ဧရာဝတီတိုင်းက ဆားတောင်သူတွေ ပြင်ဆင်စရာတွေပြင်ဆင်ဖို့နဲ့ လုပ် စရာရှိတာတွေ အမြန်အပြီးသတ်ထားဖို့လည်း ဦးဝင်းနိုင်က တိုက်တွန်းပါတယ်။
မေလ ၇ ရက်နောက်ပိုင်းမှာ မြစ်ဝကျွန်းပေါ်ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၄၀ လောက်အထိ ရှိနိုင်ပြီး လှိုင်းအမြင့်က ၁၀ ပေအထိ ရှိနိုင်လို့ ပင်လယ်ပြင်က ရေလုပ်သားများတွေလည်း ကြိုတင်ဆုတ်ထားဖို့လိုအပ်ရင် ဆုတ်ထား သင့်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးမှု ပြုလုပ်ထားပါတယ်။
ဓာတ်ပုံများခရက်ဒစ် - Win Naing Facebook page
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U kyaw oo
လွန်ခဲ့သော ၄ နှစ် ကok
ကိုအောင်
လွန်ခဲ့သော ၄ နှစ် ကok
ဦးစိုးအောင်
လွန်ခဲ့သော ၄ နှစ် ကok
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....