ဒီရေတောအကြောင်း သိကောင်းစရာ

26/06/2023 17:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။
  • ဒီရေတောများသည် ကုန်းမြေပေါ်ရှိမိုးသစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူနိုင်သည်။
  • ဒီရေတောများသည် ပြင်းထန်ဆိုးရွားလွန်းသော ရာသီဥတု(မုန်တိုင်း) ဒဏ်တို့ကို ကာကွယ်နိုင်သည်။ 
  • ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။
  • သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များကို ကာကွယ်ရန်အတွက် ရေသန့်ကို စစ်ထုတ်ပေးသည်။
  • သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူလေးဦးအတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည်။
  • ကမ္ဘာပေါ်တွင်နေထိုင်သည့် သက်ရှိများအတွက် အအေးဓာတ်ပေးခြင်း၊ အရေးကြီးသောဂေဟစနစ်ကို ထောက်ပံ့ခြင်း တို့ပြုလုပ်ပေးသည်။
  • ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော ဖွံ့ဖြိုးတိုး တက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။

သစ်ပင်၊ သစ်‌တောများအားလုံးသည် ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ် ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည်။ လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိဒီရေတော ဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသောအကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။

ဒီရေတောများသည် အပူပိုင်းဒေသ၊ ဒီရေလွှမ်းမိုးတတ်သောနေရာများတွင် ပေါက်ရောက်လေ့ရှိသည့် သစ်ပင်များဖြစ်သည်။

သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ ၅၀ ရာခိုင်နှုန်းသော မြင်သာထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတောများက ဆောင်ရွက်သည်။ ၎င်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကိုကာကွယ်ပေးနေသည်ဟုဆိုလျှင်လည်းမမှားပေ။ ဆူနာမီ၊ ဆိုင်ကလုန်း နှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ်မဖြစ်ပေါ်စေရန် ဒီရေတောများက မားမားမတ်မတ်ကာ ကွယ်ပေးနေခြင်းဖြစ်လေသည်။

၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရာတွင် အခြားသော အရေးကြီးသောအင်္ဂါရပ်များစွာဖြင့် ပင်လယ်စာထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်‌ပေလျက်ရှိပါသည်။ ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့်နေရာတွင်ရှိနေသော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများ ပြန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ရောက်ရှိနေပြီ ဟုဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက် သုံးဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန်အ ချိန်တန်ပြီဟုဆိုနိုင်ပါသည်။ 

ပင်လယ်သမုဒ္ဒရာမှရရှိသော အရေးပါသည့်ဂေဟစနစ်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာတို့မှာ ရှေးယခင်ကတည်းက ရှင်သန်ရေပန်းစားခဲ့သည်။ ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်ရပ်တည်နေနိုင်မှုမှာ ထိုအရင်းအမြစ်များအား အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှုအပေါ် မူတည်ပါသည်။ 

ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင်ပေါက်ရောက်တတ်သည့် တစ်ခုတည်း သောအပင်များမှာ ဒီရေတောများပင်ဖြစ်သည်။ ထိုသစ်ပင်များသည် အနည်များကိုသန့်စင်စေပြီး သန္တာကျောက်တန်းများ၊ ပင်လယ်မြင်များကို ကာကွယ်ပေးနေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါးစေရန် အမြင့်ဆုံးစွမ်းရည်ကိုထောက်ပံ့ပေးလျက်ရှိသည်။ ထိုကဲ့သို့သော အံအားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနေပြန်ပါသည်။ 

သို့သော်လည်း အချို့နိုင်ငံများတွင် လုံးဝမျိုးသုဉ်းသွားမည့် အန္တရာယ်စိုးရိမ်စရာအခြေအနေသို့ရောက်ရှိနေပြီဖြစ်၍ ထိန်းသိမ်းကာကွယ်ရန်လိုအပ်နေပြီဖြစ်ပါသည်။ ဒီရေတောဆိုင်ရာ သိကောင်းစရာ များကို  https://www.facebook.com/WorldviewInternationalFoundation တွင်လည်းဖတ်ရှုနိုင်ပါ သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်