မန်ဂျန်ရှား စိုက်ပျိုးနည်း၊ အပင်ပြုစုထိန်းသိမ်းနည်းနှင့် အသုံးဝင်ပုံများ
စိုက်ပျိုးနည်း
Acacia မန်ဂျန်ရှား သည် အမြင့် ( ၉၈ ပေ) ရှိပြီး ဖြောင့်မတ်သောပင်စည်ရှိသည်။ မျိုးစေ့အနေဖြင့် တစ်ကီလိုတွင် ၁၄၂၀၀၀ ရှိသည်။ မျိုးစေ့အပင်ပေါက်ရန်အတွက် ရင့်မှည့်သောမျိုးစေ့ အစေ့ငုတ်ချိန်အား အညှောင့်မဖောက်ခင် ပြင်ဆင်သည့်အနေဖြင့် မျိုးစေ့မျက်နှာပြင်အား ခြစ်ခြင်း သို့ ရေဖြင့်ပြုတ်ခြင်း ပြုလုပ်ပါက မျိုးစေ့အညှောင့်ပေါက်ခြင်း မြန်ဆန်ပြီး ၇၅ % ထိ အပင်ပေါက်နိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ အခြား ပဲမျိုးနွယ်ဝင်အပင်များကဲ့သို့ လေထုထဲမှ နိုက် ထရိုဂျင်ကို မြေကြီးထဲသို့ ဖမ်းယူရရှိစေသည်။ သစ်တောစိုက်ခင်း ပြုလုပ်ရန်အတွက် အရေးပါသော မျိုးစိတ်တစ်ခုဖြစ်ပြီး ယခုအခါ သစ်တောသစ်ပင် ရောနှောစိုက်ပျိုးခြင်း ပရော့ဂျက်များအတွက် ပို၍ပို၍ သုံးစွဲလာကြသည်။ Acacia မန်ဂျန်ရှား နှင့် ရောပြီးစိုက်ပျိုးခြင်းဖြင့် Acacia မန်ဂျန်ရှားအပင်မှ ရရှိမည့် အကျိုးအမြတ်အပြင် မြေကြီးအတွင်းနိုင်ထရိုဂျင်ကိုလည်း ရရှိစေမည်။ Acacia မန်ဂျန်ရှားအပင်သည် ရေစီးဆင်းမှုညံ့ဖျင်း၍ မြေဆီအဟာရချို့တဲ့သော မြေတွင် ရှင်သန်နိုင်သော်လည်း ရေစီးဆင်းမှုကောင်းမွန်ပြီး မြေဆီထက်သန်သောမြေတွင် ပိုမိုဖြစ်ထွန်းသည်။ အထွက်နှုန်းသည် မြေအနက်နှင့် မြေအနေအထားပေါ် မူတည်သည်။ စိုက်ပျိုးသည့်အခါ နေရာဒေသ၊ အီကွေတာ နှင့် အကွာအဝေးပေါ်မူတည်၍ အပင်များသိသိသာသာ ကွာဟပြောင်းလဲမှုရှိသည်။ အီကွေတာနှင့်နီးသောဒေသတွင် အပင်အမြင့် ပုံမှန်ထက် ၉ - ၁၀ ပေ ပိုမြင့်ပြီး အီကွေတာနှင့်ဝေးသော နေရာဒေသများတွင် ကြီးထွားမှုနည်းသည်။
အပင်ပြုစုထိန်းသိမ်းနည်း
စိုက်ပျိုးပြီးသည်မှ ၄ - ၅ နှစ်သား တွင်အမြင့်ပေ ၁၆ ပေ နှင့် လုံးပတ် ၂ ပေ သို့ ရှိမည်ဖြစ်သည်။ Sabash နှင့် ဆူမားတြား တွင် တစ်နှစ်သား၌ ၉ - ၁၀ ပေအမြင့်ရှိပြီး ဖိလစ်ပိုင်တွင် နှစ်နှစ်သား ၌ အနိမ့်ဆုံးအမြင့် ၂၇ ပေ နှင့် အချင်း ၄ ပေ ရှိသည်။ ၇ - ၈ နှစ်သားတွင် အပင်အမြင့်ပိုင်း ကြီးထွားမှုများ ရပ်သွားသည်။ ပုံမှန်အခြေအနေတွင် အနှစ် ၂၀ ကျော်သည်အထိ အမြင့်ဆုံး ပေ ၁၀၀ ကျော် နှင့် အများဆုံးအချင်း ၁ပေခွဲ ကိုသာရရှိသည်။
Acacia မျိုးစိတ်သည် အကောင်းဆုံးကြီးထွားရန်အတွက် အလင်းရောင်အပြည့်အဝရရှိရန်လိုအပ်သည်။ အရိပ်ကျပါက ကြီးထွားမှုရပ်ဆိုင်းသွားပြီး သေးသွယ်သွားမည်။ လေကာပင် အဖြစ်စိုက်ပျိုးပါက ရှင်သန်သည့် အပင်များ၏အမြင့်သည် ၆၀ % ရှိမည်ဖြစ်ပြီး အပင်ကြိုက်နှစ်သက်သော အခြေအနေတွင် စိုက်ပျိုးပါက ၉၀ % အထက် ရှိမည်ဖြစ်သည်။ ပင်ကြားတန်းကြား၊ ပေါင်းကင်းစင်မှု၊ မြေဆီထက်သန်မှုပေါ် မူတည်၍ ၉ လမှ ၃နှစ်သား အရွယ်တွင် အပင်၏ အရွက်ဧရိယာ များဖုံးအုပ်လာသည်ကို တွေ့ရမည်။ Sabah တွင် ၁၀ ပေ ပတ်လည် အကွာအဝေးဖြင့် စိုက်ပျိုးထားပြီး တစ်နှစ်သားတွင် အပင်၏ရွက်ဖုံးဧရိယာများ နီးကပ်လာသည်။ စစိုက်သည့်နှစ်တွင် အပင်များအား ကျွဲ၊ နွား အန္တရယ်၊ ပေါင်းပင်များ၊ နွယ်တက်အပင်များကို ရှင်းလင်းပေးရမည်။ Acacia မန်ဂျန်ရှားသည် ပေါင်းသတ်ဆေးများကို လွန်စွာတုံ့ပြန်သော အပင်ဖြစ်သည်။
စိုက်ပြီး ၄ - ၆ လသားတွင် ပင်ခြေမှ ထွက်လာမည့်ကိုင်းများအား ရှင်းလင်းပေးရမည်။ ဒုတိယအကြိမ် ကိုင်းဖြတ်ရှင်းလင်းခြင်းကို အပင်အမြင့် ပေ ၂၀ ရှိချိန် လုံးပတ်အချင်း ၂ စင်တီမီတာ အထက်ရှိသော အဓိကအားဖြင့် ပင်စည်ပုပ်ဖြစ်နေသောကိုင်းများကို ဖယ်ရှားရမည်။ အပင်များသည် ကြီးထွားရန် နေရာကျယ်ပြန့်ပါက ပို၍ကြီးထွားသည်။ စက္ကူပျော့ဖတ်ထုပ်ရန်အတွက် တစ်ဧကလျှင် အပင် ၅၀၀ ကျော် စိုက်ပျိုးခြင်းဖြင့် ၁၈ လ မှ စတင်ခုတ်လှဲနိုင်ပြီး ၆ - ၈ နှစ် တွင် တစ်ဧကလျှင် ၂၆၃ ပင်စည် နောက်ဆုံးရရှိမည်ဖြစ်သည်။ ပထမစိုက်ပျိုးထားသော အပင်များကို အပင်ကောင်း စွာကြီးထွားရန်အတွက် ဧက ၂၀၀၀ ကျော် ရှိအပင်များကို ဧက ၃၇၀ ကျော် ကျန်သည်အထိ ၂ - ၃ ကြိမ် ခန့် ခုတ်ရှင်းပေးရမည်။ ပထမအကြိမ်ကို အပင် ၂ နှစ်သားမပြည့်မှီ အမြင့် ပေ ၃၀ ရှိချိန်မှ စတင်ပြုလုပ်ရမည်။ သစ်သားရယူရန်အတွက် နှစ် ၂၀ ခန့် စောင့်သောအခါ အပင်ခုတ်ရှင်း၍ အပင်ကြီးထွားမှုအတွက် နေရာကျယ်အောင် ပြုလုပ်ပေးရန် လိုအပ်သော်လည်း ပျော့ဖတ်အတွက် ၆ - ၇ နှစ်သက်တမ်း စိုက်ပျိုးရာတွင် ၂ - ၃ ကြိမ် ခန့် ပြုလုပ်ပေးရန် မလိုအပ်ပါ။
မျိုးစေ့ထိန်းသိမ်းခြင်း
ပျိုးပင်ရရှိရန်အတွက် သီးတောင့်များမှ ရိတ်သိမ်းပြီးစသီးတောင့်များ ဖြစ်ရန်လိုအပ်သည်။ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် နှင့် တိုက်ရိုက်နေရောင်ရရှိပါက အပင်ပေါက်နှုန်း ကျဆင်းမည်ဖြစ်သည်။ မျိုးစေ့အား ၄ - ၅ ဒီဂရီစင်တီဂရိတ် တွင် ၁ - ၂ နှစ်ထိ သိမ်းဆည်းထားပါက အပင်ပေါက်နှုန်း ၆ % ထိသာ လျော့နည်းနိုင်သည်။
ပိုးမွှားရောဂါကျရောက်မှု
အဖြူရောင်မှိုကြောင့် ပင်စည်ပုပ်ရောဂါကို နှစ်ကြာမြင့်သောအပင်ကြီးများတွင် တွေ့ရသည်။ မလေးရှားတွင် (17%) pink disease ၊ အင်ဒိုနီးရှားတွင် အရွက်စားလောက်ကောင်, ဓားခုတ်ကောင် များကိုတွေ့ရပြီး ဆူမားတြား တွင် စုပ်စားဂျပိုး Helopeltis spp များ ကျရောက်သည်ကို တွေ့ရသည်။
စီးပွားရေးထိခိုက်သည့်အဆင့်အထိ ဖျက်ဆီးသောဖျက်ပိုးမှာ ခြ ၊ ကျိုင်း နှင့် ပင်စည်ဖောက်ပိုး ၂ မျိုးဖြစ်သော Stemocera aequisignata နှင့် Zeuzera coffea တို့ ဖြစ်ပါသည်။
သုံးစွဲခြင်း
အစားအစာအဖြစ် - ပျိုးပင်ပေါက်များကို ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ်စားသောက်နိုင်သည်။
ဆိုးဆေး - (18-39 %) ဆိုးဆေး ပါဝင်၍ စီးပွားဖြစ် ဆိုးဆေးထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်သည်။
အခြားထုတ်ကုန် - Acacia မန်ဂျန်ရှားလွှစာသည် ရှီတာကီမှိုထုတ်လုပ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းဖြစ်သည်။
အရိပ်နှင့် လေကာ - ထူထဲသောအရွက်များ အုပ်ဆိုင်းကြီးထွားမှု တစ်နှစ်ပတ်လုံးရှိသောကြောင့် အရိပ်ပင်အဖြစ် စိုက်ပျိုးကြသည်။ လေကာပင်နှင့် မီးတားအပင်များအဖြစ်လည်း စိုက်ပျိုးကြသည်။
သီးညှပ်စိုက်ပျိုးခြင်း- ပြောင်း၊ မြေပဲပင်များနှင့်လည်း သီးညှပ်စိုက်ပျိုးကြသည်။
သစ် - Acacia မန်ဂျန်ရှား သစ်ပင်မှ သစ်အကာသား နှင့် သစ်အတွင်းသား တို့ထုတ်လုပ်သည်။ သစ်အတွင်းသား၏ အရောင်သည် အညိုရောင်သန်းသော အဝါရောင်ဖြင့် တောက်ပပြီး အလယ် အလတ်ထူသည်။ အလွန်လေးခြင်း၊ မာကျောခြင်း၊ အလွန်သန်မာခြင်း၊ အကြမ်းခံခြင်း၊ ပုံသွင်းရန်နှင့် ခွဲစိတ်ရန်မခက်ခဲခြင်းတို့ကြောင့် အိမ်တံခါးများ၊ ပြတင်းပေါက်ဘောင်များ နှင့် အိမ်တွင်း ပရိဘောဂ အသုံးအဆောင်များ ပြုလုပ်ရာတွင် သုံးစွဲကြသည်။ အချောကိုင် အရောင်တင်ပြီးသော Acacia မန်ဂျန်ရှား သစ်သားများကို နရံနှင့် ကြမ်ခင်းများအား စတုရန်းအကွက်များပြုလုပ်ကာ အလှဆင်ရန်ရည်ရွယ်၍ တင်ပို့ရောင်းချကြသည်။
စက်မှုလုပ်ငန်းဆိုင်ရာသုံးစွဲမှု - Acacia မန်ဂျန်ရှား သစ်သားများသည် ခွဲစိတ်ရန်လွယ်ကူခြင်း၊ အိမ်ထောင် ပရိဘောဂ လုပ်ငန်းများ၊ စက္ကူကြိတ်ဖတ်များနှင့် လောင်စာတောင့်များ၊ စက်ရုံများအတွက် သုံးစွဲကြသည်။ အဆိုပါစက်ရုံများသည် Acacia မန်ဂျန်ရှား သစ်ပင်အစိုကို တန် ပမာဏ များစွာလိုအပ်ပါသည်။
မြေပြုပြင်ခြင်း နှင့် စီးပွားရေးတွက်ခြေကိုက်ပြုပြင်ခြင်း - Acacia မန်ဂျန်ရှား သစ်ပင်သည် အပေါ်ယံ မြေမျက်နှာပြင်၏ နိုက်ထရိုဂျင်ပမာဏကို ပြန်လည်မြင့်မားစေသည့်အတွက် Acacia မန်ဂျန်ရှား သစ်ပင်နှင့်တွဲ၍ စိုက်ပျိုးသောမြေနေရာတွင် နိုက်ထရိုဂျင် ပါဝင်မှု ပမာဏကို ပိုများစေသည်။ လျှင်မြန်စွာကြီးထွားသော အပင်ဖြစ်သောကြောင့် မြေဆီသြဇာချို့တဲ့သော မြေနေရာတွင် အမြစ်ပိုင်းအဖွဲ့အစည်းများ လျှင်မြန်စွာဖြစ်ထွန်းသည်။ ပျက်စီးနေသော အပေါ်ယံမြေလွှာ ကို ပြုပြင်ရာတွင်လည်း Acacia မန်ဂျန်ရှား သစ်ပင်သည် အသုံးဝင်သည်။ ဂိုအာရှိ မိုင်းတွင်း တူးခြင်းလုပ်ငန်းတွင် စွန့်ပစ်ပစ္စည်းအစုအပုံများ ပြန်လည်အသုံးပြုနိုင်ပြီး ကောင်းမွန်စေရန်အတွက် Acacia မန်ဂျန်ရှားသစ်ပင်ကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ ကိုလန်ဘီယာတွင် Acacia မန်ဂျန်ရှား သစ်ပင်အား ရွှေတူးဖော်ခဲ့သည့် မိုင်းတွင်းများ၏ ပျက်စီးနေသော မြေများ ပြန်လည်ပြုပြင်ရန်အတွက် အသုံးပြုကြသည်။
Aye Thanda Soe ( 15.12.2017)
https://en.wikipedia.org/wiki/Acacia-mangium
http://powo.science.kew.org/taxon/um:lsid:ipni.org:names:470839-1#uses
http://www.worldagroforesty.org/treedb/AFTPDFS/Acacia-mangium.PDF
u htet
လွန်ခဲ့သော ၁၀ လ ကအသုံး၀င်ပါသည်
sai
လွန်ခဲ့သော ၁၁ လ ကထိုင်းနိုင်ငံမှာ စိုက်နေတဲ့ Acacia Tepa နဲ့တစ်မျိုးတည်းလား
tau au
လွန်ခဲ့သော ၁ နှစ် ကမျိုးေစ့ ဝယ်ချင်တယ်
tau au
လွန်ခဲ့သော ၁ နှစ် ကမျိုးေစ့ဘယ်လိုရမလဲ
minzaw Htet
လွန်ခဲ့သော ၅ နှစ် ကအကွာအဝေးကိုသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020