အပ်မှိုစားသုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

19/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နေရာဒေသမရွေးက လူမျိုးမရွေးစားသုံးကြတဲ့ ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်တွထဲမှာ အပ်မှိုကလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။ အပ်မှိုကို တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတွေမှာ စတင်စားသုံးခဲ့ပြီး ယခုအချိန်မှာတော့ နိုင်ငံအသီးသီးမှာ အများအပြားစားသုံးနေကြပါပြီ။ အပ်မှိုထဲမှာ ဗီတာမင် ဒီ၊ ပိုတက်စီယမ်၊ အမျှင်ဓါတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓါတ် စတဲ့ အဟာရဓါတ်များ အများအပြားပါ၀င်ပြီး ကယ်လိုရီဓါတ်ကတော့ လုံး၀မပါ၀င်ပါဘူး။

ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်၀စွာပါ၀င်တဲ့ အပ်မှိုကို စားသုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့......

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

အပ်မှိုကို တရုတ်နှင့် ဂျပန်တိုင်းရင်းဆေးပညာမှာ ဆေးဖက်၀င်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသည်းကျမ်းမာရေးအတွက် အသုံးပြုနိုင်သလို အစာအိမ်တွက်သာမက သွေးတိုးရောဂါ မခံစားရအောင်လည်း ကူညီပေးပါတယ်။

အပ်မှိုထဲမှာပါ၀င်တဲ့ Flammulin က ဒြပ်ပေါင်းကင်ဆာဆဲလ်များနှင့် အကြိတ်ပြန့်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ ကင်ဆာရောဂါကုသပေးဌာနက ပြောကြားချက်အရသိရှိရပါတယ်။

ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးသက်သာစေခြင်း

တစ်နေ့တာ ပင်ပန်းနွမ်းနယ်ပြီး နောက်တစ်နေ့အတွက် အင်အားမရှိသလိုဖြစ်နေပါသလား။ ဒါဆိုရင် အပ်မှို စားသုံးပေးလိုက်ပါ။ ထို့နောက် အင်အားပြည့်၀အောင် အနားယူပေးမယ်ဆိုရင်တော့ ခွန်အားပြည့်လာမှာပဲ ဖြစ်ပါတယ်။

ခေါင်းကိုက်ဝေဒေနာကို ကုသပေးခြင်း

သင်က မကြာခဏ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါသလား။ ဒါဆိုရင်တော့ အပ်မှိုများများစားသုံးပေးလိုက်ပါ။ အပ်မှိုမှာ ခေါင်းကိုက်ဝေဒနာကို သက်သာစေတဲ့ ဒြပ်ပေါင်းများစွာ ပါ၀င်နေလို့ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ချွေးနံပြင်းခြင်းကို သက်သာစေခြင်း

အပ်မှိုစားသုံးလိုက်တဲ့အခါ ဘက်တီးရီးယားနှင့် ချွေးနံ့တွေပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခနွာကိုယ်အနံ့တွေက ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

Source - MY FOOD


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်