ပန်းနာ၊ ရင်ကြပ်အပါအဝင် ရောဂါအများကြီးအတွက် ဆေးဖြစ်စေတဲ့ ကျီးအာသီး

08/08/2022 14:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း ။  ။ Cucurbitaceae (ဘူး၊ သခွားမျိုးရင်း)

၂။ ရုက္ခဗေဒအမည် ။ ။ Trichosanthes palmata Roxb

၃။ အခေါ်အဝေါ်

မြန်မာအမည် - ကျီးအာပင်

၄။ ပုံသဏ္ဌာန်-

အပင်

နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပင်စည်သန်မာ၍ အောက်ပိုင်း၌ သစ်မာဖြစ်သည်။ အကိုင်းဖြာသည်။ မြောင်းပါသည်။ ရင့်သောပင်စည်သည် မွဲခြောက်ခြောက်အရောင်ဖြစ်ပြီး ကြမ်းသော အပြောက်အစက်များ ရှိသည်။ နွယ်နှာမောင်း ၃ ခုဖြစ်သည်။

အရွက်

ရွက်လွှဲ တစ်ရွက်ချင်းထွက်သည်။ ရွက်ပြားချော၍ ကြီးသည်။ ရွက်ရင်း နှလုံးပုံရှိပြီး အဝိုက်ညီသည်။ ရွက်ထိပ်ချွန်၍ ရွက်နားများ ခွေးသွားစိပ်ကျဲကျဲပုံရှိပြီး ရွက်ညှာအလွန်ရှည်ကာ အလယ်တွင်မြောင်းပါရှိသည်။

ပန်းပွင့်

ပန်းခိုင်ပေါ်တွင် အဖြူရောင် ပန်းပွင့်လေးများပွင့်၏။ တန်ခူးလမှ နယုန်လအတွင်းပွင့်သည်။

အသီး

အစေ့များ ခွံမာသီးဖြစ်သည်။ ၁ ၁/၂ - ၂လက်မခန့်အချင်းရှိ၍ လုံးဝိုင်းသည်။ မှည့်သောအခါ အနီရောင်ဖြစ်သည်။ လိမ္မော်ရောင်အစင်း ၁၀စင်းခန့်ရှိစည်။ အသီးခွံထူသည်။ ဝါခေါင်၊ တော်သလင်းလတွင် သီးသည်။

အမြစ်

အမြစ်သည် မြေတွင်းသို့ နက်ရှိုင်းစွာသွား၍ မြစ်ဥပေါင်းများစွာနှင့် ဆက်စပ်လျက်ရှိ၏။ 

ပေါက်ရောက်သည့်ဒေသ

အအေးပိုင်းဒေသမှအပ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် အလေ့ကျပေါက်ရောက်သည်။

အသုံးပြုသည့် အစိတ်အပိုင်း

အသီး၊ အမြစ်

အာနိသင်

မြန်မာ့ဆေးကျမ်းများ အလိုရ ကျီးအာသီးသည် ခါးသည်၊ အနည်းငယ်ချိုသည်၊ သိမ်မွေ့သောအရသာရှိသည်။ နှလုံးနှင့် မသင့်ချေ။ အရည်သည် ဝမ်းသက်စေသည်။

အသုံးဝင်ပုံ

အသီး

(၁) ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့်ရောကျိုပြီး ခပ်နွေးနွေးထည့်ပေးက နာကိုက်နာနှင့် နှာခေါင်းတွင်ဖြစ်သော အနာများကိုပျောက်စေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်းထဲသို့ ယင်းဆီကို အစက်လိုက်ထည့်ပေးရ၏။ 

(၂) ၎င်းသီးအခြောက်ကိုချေ၍ ဆေးလိပ်၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါကို ပျောက်ကင်း၏။

(၃) အသီးကိုလည်ချောင်းရောဂါ၊ အစာမကြေရောဂါ၊ ချောင်းဆိုးရောဂါ၊ ကုဌနူနာရောဂါ၊ နာတာရှည်ရောဂါ၊ အစာအိမ်နှင့် စပ်လျဉ်းသောရောဂါများအတွက် အသုံးပြုသည်။

အမြစ်

(၁) ကျီးအာမြစ်ကိုသွေး၍ လျှာတွင်ပွတ်ပေးလျှင် တစ်ခဏချင်းပင် သလိပ်ကိုကြေစေ၏။ အမြစ်သက်သက်အမှုန့်ကို ထိပ်ကပ်နာရောဂါ၌ ရှုရ၏။

(၂) အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့်နာပျောက်၏။

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်