အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အာဟာရပြည့်ဝတဲ့ နွားနို့ယိုပြုလုပ်နည်း

အာဟာရပြည့်ဝတဲ့ နွားနို့ယိုပြုလုပ်နည်း

နွားနို့ယိုက ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိရုံသာမက အာဟာရလည်းရှိတဲ့အတွက် ကလေး၊ လူကြီး၊ နလန်ထလူမမာများ၊ အားနည်းနေသူများနဲ့ ခံတွင်းပျက်နေသူများ စားပေးသင့်ပါတယ်။ ဒါကြောင့် နွားနို့ယိုကို အိမ်မှာပဲ နို့စစ်စစ်နဲ့ သန့်သန့်ရှင်းရှင်းလုပ် စားချင်သူတွေအတွက် လွယ်ကူလှတဲ့ ပြုလုပ်နည်းလေး ကိုဖော်ပြပေးလိုက်ရပါတယ်။

 

နွားနို့ယို ပြုလုပ်ရာတွင် ပါ၀င်သောပစ္စည်းများမှာ-

 

၁။ နွားနို့- ၂ လီတာ

 

၂။ သကြား - ထမင်းစားဇွန်း ၈ ဇွန်း 

 

၃။ ဆား - လက်ဖက်ရည်ဇွန်း နှစ်ပုံတစ်ပုံတို့ လိုအပ်ပါတယ်။

 

ပြုလုပ်နည်း

 

၁။ နွားနို့ကို အိုးကြီးကြီးတစ်လုံးထဲမှာ ပွက်လာအောင် တည်ပါ။ (နွားနို့ကို အိုးနဲ့ကွက်တိ ထည့်ရင် နွားနို့ပွက်ရင် ဝေတတ်တာမို့ အိုးအကြီးထဲမှာထည့်၍ တည်ပါ။ ပွက်လာတာကို သတိထားကြည့်ပါ။ သတိမထားမိရင် ဝေကျတတ်ပါတယ်။)

 

၂။ နွားနို့ပွက်လာလျှင် မီးအေးအေးဖြင့် ပြောင်း၍ တည်ပါ။ သကြားနှင့်ဆားကို ထည့်ပြီး ခဏခဏ မွှေပေးပါ။ မလိုင်တက်လာတိုင်း မွှေမွှေပေးရပါမယ်။

 

၃။ မီးအေးအေးဖြင့်တည်လျှင် ဆက်တိုက်မွှေနေစရာ မလိုပါ။ ၁၀ မိနစ်တခါလောက်မှမွှေရင် ရပါတယ်။ 

 

၄။ မီးဖို မီးအားပေါ်မူတည်ပြီး ၁ နာရီ (သို့) ၁ နာရီခွဲ လောက်တည်အပြီးမှာ နွားနို့အရမ်းပျစ် လာပါလိမ့်မယ်။ အရမ်းပျစ်လာလျှင် မီးအားပြင်းပြင်းကို ပြောင်းတည်ပြီး ဆက်တိုက် မွှေပေးပါ။ 

 

၅။ မွှေရင်းနဲ့ မလိုင်အဖတ်ဖတ်တွေဖြစ်လာပြီး ရေခမ်း လျှင် မီးဖိုပေါ်မှချ၍ အအေးခံထားပါ။ အေးသွားလျှင်သကြားရည်များ အနည်းငယ် ထွက်လာပါလိမ့်မယ်။ ထိုအခါမှာတော့ နွားနို့ယိုရပါပြီ။

၆။ နွားနို့ယိုကို လေလုံသောဗူးထဲ၊ ရေခဲသေတ္တာထဲထည့်၍ သိမ်းထားပါက ၂ ပတ်လောက်ထိ အထားခံပြီး ပေါင်မုန့်၊ဘီစကစ်၊ မုန့်ကြွပ်တို့ဖြင့် တွဲ၍သုံးဆောင်နိုင်ပါတယ်။

 

မှီငြမ်း-ချက်နည်းပြုတ်နည်း မှတ်စုများ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ

U Yan • ဖြေကြားချက် 1 ခု

လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

Aung Nay Linn • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။