မြေကြီးကိုသေချာစွာ အစာကျွေးထားရင် ဘာအကျိုးရသလဲ

02/08/2018 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အော်ဂဲနစ် လယ်ယာစိုက်ပျိုးရေးမှာ အဓိကအရေးကြီးတဲ့ အခြေခံအချက်က ဇီဝသက်ရှိများဖြစ်တဲ့ ဘက်တီးရီးယား၊ မှို၊ ပရိုတိုဇွ၊ နီမတုတ်၊ ပိုးမွှားများနှင့် တီကောင်များက အဆွေးပစ္စည်းတွေကို အာဟာရသတ္တုဓာတ်အဖြစ်ပြောင်းလဲပေးပြီး အပင်တွေစားသုံးလို့ရအောင် လုပ်ပေးတယ်ဆိုတာသိပါပြီနော်။ ဒါကြောင့်မို့လို့  အော်ဂဲနစ်လယ်ယာရဲ့ “Feed the soil not the plant”, “မြေကြီးကိုအစာကျွေးပါ။” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အော်ဂဲနစ်အပင်တို့ရဲ့  အခြေခံပစ္စည်းဖြစ်တဲ့ အဆွေးပစ္စည်းမျိုးစုံတွေကို မိမိတို့စိုက်ကွက်ထဲ လုံလောက်အောင် ထည့်ပေးရပါတယ်။   

မြေကြီးထဲကို အဆွေးပစ္စည်းတွေကို ထည့်ပေးခြင်းဖြင့် ရရှိမယ့် အကျိုးကျေဇူးတွေကို တိတိကျကျ ပြန်လည်ဖော်ပြရရင်တော့...

  • အဏုဇီဝ သက်ရှိတွေရဲ့ လှုပ်ရှားမှုရှိနေတဲ့ (သို့) ရှင်သန်နေတဲ့ မြေဆီလွှာ အစာအဖွဲ့အစည်းအဖြစ် ထောက်ပံ့ပေးပါတယ်။
  • အပင်ကျန်းမာရေးအတွက် လိုအပ်သော အဓိကနဲ့ အနည်းငယ်လို အာဟာရဓာတ်များကိုပေးပါတယ်။
  • မြေဆီလွှာတည်ဆောက်မှုကောင်းပြီးတော့၊ ထယ်ရေးထွန်ရေးပိုကောင်းပိုလွယ်စေပါတယ်။
  • မြေကြီးမှာ ရေကိုပိုပြီး စုပ်ထားနိုင်ပြီး၊ သီးနှံပိုမိုအသုံးပြုလို့ရတယ်။ ရေထိန်းထားနိုင်တယ်။
  • အာဟာရများကို သိုလှောင်တဲ့စွမ်းရည်မြင့်မားလာစေပါတယ်။
  • အာဟာရများကို တဖြည်းဖြည်းချင်းထုတ်ပေးတယ်။ မပျော်ဝင်နိုင်သော သတ္တုပစ္စည်းများကို အပင်အ သုံးပြုလို့ရတဲ့ ရေမှာပျော်ဝင်သောပုံစံ၊ အာဟာရသတ္တုဓာတ်သို့ပြောင်းလဲပေးတယ်။
  • ပိုးမွှားနှင့်ရောဂါဒဏ်ကြံ့ခိုင်မှုကို ပိုမိုတိုးတက်လာစေတယ်။
  • ရေအရည်အသွေးကို ထိန်းသိမ်းကာကွယ်ပေးထားတယ်။ နိုက်ထရိတ်ဓာတ်တွေမြေအောက်ရေသို့ ပျောက်ဆုံးခြင်း မဖြစ်အောင် မြေဆီလွှာ အဏုဇီဝတွေကအမြစ်ဇုံတွေမှာ နိုက်ထရိုဂျင်ကို ဆုပ်ကိုင်ပေး ထားတယ်။
  • မိမိစိုက်ပျိုးတဲ့ အပင်ကို ကျန်းမာသန်စွမ်းစေတယ်။
  • ဟင်းသီးဟင်းရွက်ကို အနံ့အရသာနဲ့ ပြည့်စုံစေတယ်။ ပန်းပွင့်ကို အထူးလှပစေတယ်။

မြို့/ရွာတွေမှာ အမှိုက်သရိုက်တွေ ဖယ်ရှားကာ လယ်ယာမှာ အသုံးပြုခြင်းဖြင့် ညစ်ညမ်းမှုမျိုးစုံကိုလည်း လျော့ကျစေ ပါတယ်။ ဒါပေမယ့် မြို့ပေါ်အမှိုက်မျိုးစုံမှာက ပလတ်စတစ်နှင့် ကော်ပါဝင်မှု၊ ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများ၊ ခဲဓာတ်၊ ဇင့်၊ ပြဒါး၊ သံဓါတ်ကဲ့သို့ အဆိပ်ဖြစ်စေ သတ္တုပစ္စည်းပါဝင်နေတတ်သည့်အတွက် အော်ဂဲနစ်က မထောက်ခံပါဘူး။ ကျေးရွာအမှိုက် ကျတော့ အိမ်ခြံများရှိသီးစားပင်၊ အရိပ်များမှ ကြွေကျသော သစ်ရွက် ကြွေများဖြစ်သည့်အတွက် အော်ဂဲနစ်မှာ အသုံးပြုနိုင်ပါတယ်။

အခြေခံ အော်ဂဲနစ် လယ်ယာ (မင်းဝင်းထိန်-B.Ag)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်