အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လယ်ယာထွက်ကုန်များကိုအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်စက်မှုဇုန်ဖော်ဆောင်မည်

လယ်ယာထွက်ကုန်များကိုအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်စက်မှုဇုန်ဖော်ဆောင်မည်

Green Way
Green Way Greenovator 26/06/2019
လယ်ယာထွက်ကုန်များကိုအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်စက်မှုဇုန်ဖော်ဆောင်မည်
 
ရန်ကုန်၊ ဇွန် ၂၆ ရက်။
 
လယ်ယာထွက်ကုန်ပစ္စည်းများကိုအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအား အခြေပြု စက်မှုလုပ်ငန်းဇုန်ကို အမေရိကန် ဒေါ်လာသန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီထံမှ သိရသည်။ ယင်းစီမံကိန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြို့နယ် ခေတ်မီစက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန် ဇုန် ၁၊ အကွက် ၁ ရှိ Dagon International Limited ကပိုင်ဆိုင်သည့် မြေဧက ၅၀၀ ပေါ်တွင် လေးနှစ်စီမံကိန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“စက်မှုဇုန်ဖော်ဆောင်မယ့်နေရာက အမှတ် ၂ လမ်းမကြီးနဲ့ အမှတ် ၇ လမ်းမကြီးရဲ့ထောင့်မှာတည်ရှိပါတယ်။ ယနေ့စက်မှုဇုန်တွေရဲ့ အနေအထားက ရေသန့်ပေးဝေမှု ၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှုတွေကို သာမန်အားဖြင့်ပဲဖော်ထုတ်ထားတာပါ။ ကျွန်တော်တို့ စက်မှုဇုန်က နိုင်ငံတကာအဆင့်မီတဲ့ စက်မှုဇုန်ဖြစ်လာဖို့ ပိုင်လော့ပရောဂျက်အနေနဲ့ ပထမဆုံး စမ်းသပ်ဖော်ထုတ်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။” ဟု Dagon International Limited ဥက္ကဋ္ဌဦးဝင်းအောင်က ပြောသည်။
လယ်ယာထွက်ကုန်ပစ္စည်းများကို အခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအား အ ခြေပြု စက်မှုလုပ်ငန်းဇုန်ကို ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် JFE Engineering Corporation နှင့် နည်းပညာပိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Dagon International Limited နှင့် JFE Engineering Corporation တို့အကြား တန်ဖိုးမြှင့်စားသောက်ကုန် လယ်ယာထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအားအခြေပြု စက်မှုလုပ်ငန်းဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဆက်စပ်ဘက်စုံပံ့ပိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်းကို ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့ရှိ Novot el Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကုမ္ပဏီရဲ့ တာဝန်က နည်းပညာကိုအသုံးချပြီး ကောင်းကျိုးပေးတဲ့ စက်မှုဇုန်တစ်ခု ဖြစ်ပေါ်လာရေးပါ။ ဥပမာ လျှပ်စစ်၊ ရေ၊ မီးတို့ အပြည့်အဝပေးနိုင်ရေးတို့ ပါဝင်ပါတယ်။” ဟု JFE Engineering Corporation မှ MD Mr. Masakazu Yoshida က ပြောသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး Phase 1၊ Phase 2 နှင့် Phase 3 စသည့် အပိုင်းသုံးပိုင်းဖြင့် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကို အပိုင်းလိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းကာလမှာ လေးနှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီထံမှ သိရသည်။ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မည့် စက်မှုဇုန်အပြင် ပြပွဲခန်းမများ၊ Whole Sale Market များ၊ စက်မှုဇုန်မှထွက်ရှိလာသည့်ကုန်ပစ္စည်းများကို ရောင်းချမည့်ဆိုင်ခန်းများ၊ လူနေအိမ်တိုက်ခန်းများနှင့် ပန်းခြံလည်း ပါဝင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဘာရောပါလဲဗျ။ ကိုင်လိူက်တာနဲ့ အညာကကြွေပါတယ်

Nan Lin Soe • ဖြေကြားချက် 0 ခု

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

ko zaw • ဖြေကြားချက် 4 ခု

စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ

ဝင်းဇော် • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လား​ခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ

kyaw zin • ဖြေကြားချက် 1 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။