ဆရာခိုင်ကြည်သစ်၏ အစိမ်းရောင်ကန္တာရမှသည် ဇီဝမျိုးကွဲစုံလင်မှုဆီသို့

07/04/2025 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရေရှည်တည်တံ့မှုကို ဦးတည်သော Analog Forestry အကြောင်းကို စာဖတ်သူများနားလည်စေရန်နဲ့

လေ့လာရာမှာ အထောက်အကူပြုနိုင်ရန် နားလည်ရအလွယ်အကူဆုံးဖြစ်မယ့် စကားလုံးများကို ဦးစားပေးရေးသားဖော်ပြထားတဲ့ 

ဆရာခိုင်ကြည်သစ်ရဲ့ အစိမ်းရောင်ကန္တရမှသည် ဇီဝမျိုးကွဲစုံလင်မှုဆီသို့ ဆိုတဲ့ စာအုပ်ထဲမှာဆိုရင် 

  • ဂေဟစနစ်ကို ထိန်းသိမ်းပြီး စိုက်ပျိုးကြတဲ့ လက်ဖက်စိုက်ပျိုးရေးအကြောင်း
  •  သစ်တောပုံတူစိုက်ခင်းတည်ထောင်ရမှာ သိထားသင့်တဲ့အချက်အလက်များနဲ့

စာရေးသူရဲ့ သီရိလင်္ကာနိုင်ငံလေ့လာရေးခရီးအတွေ့အကြုံအကြောင်းကို တဝကြီး လေ့လာဖတ်ရှုရမှာပဲ ဖြစ်ပါတယ်

မှာယူဖတ်ရှုလိုပါက Comment ကနေ Order တင်နိုင်သလို ဖုန်းနံပါတ် 09254379501 ကိုလည်း ဆက်သွယ်လို့ ရနိုင်ပါတယ်ရှင့်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်