တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (၂၀၂၀၊ ဧပြီလ)
ကြီးထွားဖွံ့ဖြိုးဆဲဖြစ်သော ကြံသီးနှံအပါအဝင် နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ စသည့် ယာသီးနှံများ၊ နှစ်သစ်တွင် စတင်ရွာသွန်းလာမည့် မိုးဖြင့် စိုက်ပျိုးမည့် နှမ်းလျင်၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံစသည့် ယာသီးနှံများနှင့် လက်ရှိစိုက်ပျိုးထားသော နွေစပါးသီးနှံတို့နှင့် ပတ်သက်၍ အသိပေးလိုသည်များရှိပါသည်။
မိုးကြိုယာသီးနှံများ(နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ)နှင့် ကြံသီးနှံ
ဧပြီလမှာ စိုက်ပျိုးရှင်သန်လျက်ရှိသော ယာသီးနှံအားလုံးကို မြေအစိုဓာတ်မပြတ်စေဖို့ ဂရုစိုက်ပါ။ နွေရာသီဖြစ်သဖြင့် မိုးရေကို မျှော်ကိုးလို့မရနိုင်ပါ။ သွင်းရေကိုသာ အားကိုးရမည်။ ရေသွင်းရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပြန့်နှံ့မှုရှိရန် အထူးဂရုစိုက်ပါ။ အပင်ခြေရေဝပ်ခြင်းများ မဖြစ်ပေါ်ပါစေနှင့်။
ယာသီးနှံအလိုက် မဖြစ်မနေ ရေလိုအပ်သည့်အချိန်များရှိသည်။ ထိုအချိန်တွင် ရေအစိုဓာတ်သာမရပါက သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်သည်။ ယေဘုယျအားဖြင့် မည်သည့်သီးနှံအတွက်မဆို ပန်းပွင့်ချိန်မှာ ရေအစိုဓာတ်မပြတ်စေရန် အထူးအရေးကြီးပါသည်။
မိုးကြိုချည်မျှင်ရှည်ဝါသီးနှံတွင် စိုက်ပြီး ၄၅ ရက်မှ ရက် ၉၀ တွင် ရေလိုအပ်မှုရှိနိုင်သည်။ ချည်မျှင်ရှည်ဝါပင်၏ ရေအများဆုံးလိုအပ်ချိန်မှာ ပန်းပွင့်ဖြိုင်ချိန်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ထိုအချိန်မတိုင်မီပင် ချည်မျှင်ရှည်ဝါစိုက်ခင်း၌ ရေလိုအပ်မှုရှိမရှိကို စစ်ဆေးကာ ပန်းပွင့်ပြီးဆုံးချိန်ထိ မြေအစိုဓာတ်ရှိနေစေရေး ဆောင်ရွက်သင့်ပါသည်။
ကြံပင်လိုသီးနှံမျိုးတွင်မူ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်းတွင် မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းသင့်သည်ဟုသိရသည်။ နွေရာသီကာလကို ဖြတ်သန်းနေရသဖြင့် မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်းစိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစား ဖွဲ့စည်းပုံအရ မြေအစိုဓာတ်လိုအပ်မှုတွေ ရှိလာနိုင်ပါသည််။
ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးပါ။ ကြံခင်းအတွင်း ရေဝပ်မနေစေဖို့တော့ ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ထားပေးရပါမည်။ ကြံပင်သက်တမ်း ရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံး ပေးနိုင်ပါသည်။
မိုးဦးယာသီးနှံများ (နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူး)
စိုက်ပျိုးရန်လိုအပ်သည့် မျိုး၊ မြေသြဇာတွေ လက်ဝယ်အဆင်သင့် ရှိထားသင့်ပြီ။ ယာခင်းအတွင်း သဘာဝမြေသြဇာ နွားချေးထည့်ထားနိုင်သည်။ သင်္ကြန်မိုးရွာလျှင်ပင် နှမ်းသီးနှံကို စတင်စိုက်ပျိုးနိုင်ပါသည်။
မိုးရွာသွန်းလာမှုအခြေအနေကိုတော့ ကြည့်ဖို့လိုသည်။ အနည်းဆုံး မိုးရေချိန်လက်မဝက် မရွာဘဲနှင့် စတင်မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင်ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။
မိုးဦးရာသီတွင် ယာသီးနှံများစွာကို စိုက်ပျိုးနိုင်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးမည့်မျိုးတွင် ရှိသင့်သည့် အရည်အချင်းများမှာ− (၁)အသက်လျင်ရမည်။ (၂) အထွက်ကောင်းရမည်။ (၃) ခြောက်သွေ့မှုဒဏ်ခံနိုင်ရမည်။ (၄) အပင်ပေါက်ရာခိုင်နှုန်း (၈၀)အထက်ရှိသော မျိုးသန့်ဖြစ်ရမည်။ (၅) အပင်ပေါက်သန်စွမ်း ကောင်းမွန်သောမျိုး ဖြစ်ရမည်။ (၆) ရေမြေဒေသကိုက်ညီဖြစ်ထွန်းပြီး မိုးခေါင်မှုဒဏ် ခံနိုင်သောမျိုးဖြစ်ရမည်။ (၇) စျေးကွက်ရှိရမည်။ မုတ်သုန်မိုးရွာလျှင် ချက်ချင်းစိုက်ပျိုးနိုင်ဖို့ ယခုဧပြီလအတွင်း ကြိုတင်ပြင်ဆင်ကြပါလို့ နှိုးဆော်လိုပါသည်။
နွေစပါးသီးနှံ
မြန်မာနိုင်ငံအောက်ပိုင်းက နွေစပါးစိုက်ခင်းများ ရိတ်သိမ်းချွေသယ်ယူသည့် လုပ်ငန်း အဆင့်ဆင့်မှာ အလေအလွင့်နည်းပါးရေးကို ဂရုစိုက်ပါ။ သပိတ်ဝင်အိတ်ဝင်မို့ မဖိတ်စင်စေလိုတော့ပါ။
မြန်မာနိုင်ငံအထက်ပိုင်းက လယ်သမားအချို့မှာ စိုက်ပျိုးဆဲဖြစ်ကြောင်း သိရသည်။ စိမ်းစိုရွှန်းလဲ့ကာ အပင်ပွားစည်းချိန်ရောက်နေသော စပါးခင်းများကိုလည်း မြင်တွေ့နိုင်သည်။
မိုးစပါးနှင့်နှိုင်းယှဉ်လျှင် နွေစပါးက အထွက်ပိုလေ့ရှိသည်။ အကြောင်းရှိပါသည်။ နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်က နေရောင်ခြည်ကို အတားအဆီးမရှိ၊ အပြည့်အဝရယူနိုင်သည်။ အစိမ်းရောင်ရှိသောအပင်တို့၏ သဘာဝမှာ နေရောင်ခြည်ကိုရယူပြီး အစာချက်လုပ်သည်။
အစာကောင်းစွာချက်လုပ်နိုင်ရေးအတွက် နွေစပါးပင်တွင် အာဟာရပြည့်ဝစွာရှိနေရန် လိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရ ပြည့်ဝနေရသည်။ ထို့ကြောင့် နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးပေးဖို့ တိုက်တွန်းလိုပါသည်။
နောက်တစ်ခုပြောလိုသည်မှာ စပါးခင်းအတွင်း ပေါင်းမြက်ကင်းစင်စေရေးဖြစ်သည်။ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့် ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသည့်အပင်မျိုး ဖြစ်သည်။ ယူရီးယားဓါတ်မြေသြဇာကြောင့် ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်သည် ရည်ရွယ်လိုက်သည်က စပါးသီးနှံပင်အတွက်ဖြစ်သော်လည်း စပါးသာမက ပေါင်းမြက်ပင်များကိုပါ ကြီးထွားဖွံ့ဖြိုးစေဖို့ဖြစ်သွားနိုင်သည်။ စပါးပင်မှာမူ ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ကြုံလှီသေးကွေး အပင်ညံ့သွားတတ်သည်။
ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းခြင်းမပြုလျှင် မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့် သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင်ကြောင်း အသိပေးအပ်ပါသည်။
နှစ်သစ်တွင် စိုက်ပျိုးနည်းစနစ်ပြုပြင်
ဧပြီလသည် နှစ်သစ်၏ အစဦးဆုံးလဖြစ်သည်။ နှစ်ဟောင်းမှာ လုပ်ဆောင်ခဲ့သမျှ အသုံးပြုသည့်မျိုး၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ အသုံးပြုသည့်မြေသြဇာနှင့် ထည့်သွင်းချိန်၊ ထည့်သွင်းနည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်၊ ရေသွင်းရေထုတ်နည်းစနစ် စသည့်လုပ်ငန်းအားလုံး ပြန်လည်ဆန်းစစ် သုံးသပ်စေချင်ပါသည်။
ထို့နောက် နှစ်သစ်မှာ စိုက်ပျိုးမည့်သီးနှံများတွင် အားနည်းချက်များကို ပြုပြင်သည့် စိုက်ပျိုးနည်းစနစ်များဖြင့် ဆောင်ရွက်ပါလို့ တိုက်တွန်းလိုပါသည်။
သီးနှံမျိုးရွေးချယ်မှု မှန်ကန်စေချင်သည်။ အဓိကမှာ အသက်လျင်မျိုးတွေဖြစ်ဖို့လိုသည်။ အထွက်ကောင်းရမည်။ စျေးကွက်ရှိရမည်။ စိုက်ချိန်တွေမှန်ဖို့လိုသည်။ ယာမြေတွင် မိုးဦးသီးနှံ မိုးဦးစိုက်ချိန် နောက်ကျလို့မဖြစ်ပါ။ မိုးနှောင်းသီးနှံ မိုးနှောင်းစိုက်ချိန် နောက်ကျလို့မဖြစ်ပါ။ အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ရန်ဖြစ်ပါသည်။
လယ်မြေတွင်လည်း ထို့အတူပင်။ မိုးစပါးမတိုင်မီ ယာသီးနှံတစ်မျိုးမျိုးကို မိုးဦးတွင် စိုက်ပျိုးသည်ဖြစ်ရာ မိုးဦးစိုက်ချိန် နောက်မကျဖို့လိုသည်။ မိုးစပါးကိုလည်း စိုက်ချိန်နောက်ကျလို့ မဖြစ်ပါ။ မိုးစပါးအပြီး ယာသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးအောင်မြင်ဖို့ လိုပါသည်။
အချုပ်အားဖြင့်ပြောလိုသည်မှာ နှစ်သစ်တွင် သီးနှံပုံစံချမှတ်စိုက်ပျိုးမည့် သီးနှံအားလုံး ၏ စိုက်ချိန်ရိတ်ချိန်တို့ကို ကြိုတင်တွက်ဆပြီး သီးနှံပုံစံတစ်ခုလုံးမှ သီးနှံအထွက်ရရှိကာ အကျိုးအမြတ်ဝင်ငွေပိုမိုရရှိရေး ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်လိုပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....