တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (စက်တင်ဘာလ၊ ၂၀၂၀)

31/08/2020 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

     ယခုစက်တင်ဘာလသည် မိုးနှောင်းရာသီသီးနှံများကို စိုက်ပျိုးသည့်ရာသီဖြစ်သည်။ ဆည်ရေ၊ သွင်းရေဖြင့် စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ရွာသွန်းသည့်မိုးရေကိုသာအားကိုးပြီး ယာမြေတွေမှာ စိုက်ပျိုးလျက်ရှိတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။

     စက်တင်ဘာလအတွင်း စိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးသီးနှံများဆိုင်ရာ ဆောင်ရွက်သင့် သည်များကို အသိပေးနှိုးဆော်လိုပါသည်။

မိုးနှောင်းယာသီးနှံများ

     မည်သည့်မိုးနှောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ရွေးချယ် စိုက်ပျိုးသည့်မျိုး  မှန်ကန်ရန် ဖြစ်ပါသည်။ ရှိသင့်သည့်အရည်အချင်းများမှာ-(၁)သက်လျင်အထွက််ကောင်းမျိုး ဖြစ်ရမည်။ (၂)အပင်ပေါက် (၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရမည်။ (၃)စိုစွတ်မှုဒဏ်(Excess Water)ကို ခံနိုင်ပြီး အပင်ပေါက်သန်စွမ်း ကောင်းမွန်သည့်(good seedling vigour) ရှိသည့်မျိုး ဖြစ်သင့်သည်။ (၄)ရေမြေဒေသ ကိုက်ညီ ဖြစ်ထွန်းစျေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုး ဖြစ်သင့်ပါသည်။

     သတိမူသင့်သည်မှာ မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်း တို့ကို ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ မိုးရွာသွန်းမှုသည်ပုံမှန်မဖြစ်ပြန့်နှံ့မှုမညီညာ သွန်ချချင်သလို သွန်ချနေသည်ကို နေရာတိုင်းလိုလိုမှာတွေ့ရသည်။ ထို့ကြောင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ပြုစုဂရုစိုက် ဆောင်ရွက်ရန်လိုပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။

ပဲမျိုးစုံသီးနှံအတွက်  ပဲမြစ်ဖုမြေသြဇာ

      မြေပဲနှင့် ပဲမျိုးစုံစိုက်ခင်းတွေအတွက်လိုအပ်သည့် အာဟာရနိုင်ထရိုဂျင်ရဖို့ ပဲမြစ်ဖုဇီဝမြေသြဇာကို အသုံးပြုစိုက်ပျိုးသင့်သည်။ နိုင်ထရိုဂျင်က အပင်ဖြစ်ထွန်းကြီးထွားရေးကို အကျိုးပြုသည်။ ပဲမြစ်ဖုဇီဝမြေသြဇာမှာ မြစ်ဖုဘက်တီးရီးယားများ ပါဝင်သည်။ မျိုးစေ့နှင့်လူးနယ်စိုက်ပျိုးလိုက်လျင် သို့မဟုတ် မြေကြီးထဲထည့်လိုက်လျင် ဘက်တီးရီးယား ကလေးများသည် ပဲပင်၏မြစ်ဖုထဲတွင် နေထိုင်ပြီး လေထဲမှ နိုက်ထရိုဂျင်ကို ပဲပင်အတွက် ရယူပေးသည်။

     ပဲမျိုးအလိုက် လေထဲမှနိုက်ထရိုဂျင်ကို တစ်ဧကပေါင် ၄ဝ မှ ပေါင် ၁၅ဝအထိ ဖမ်းယူပေးသဖြင့် ၂၀ မှ ၅၀ ရာခိုင်နှုန်း ပဲသီးနှံအထွက်ကို တိုးစေသည်ဟု သိရပါသည်။

     လက်ရှိပဲစိုက်ခင်းအတွက်သာမက သီးထပ်စိုက်မည့် နောက်သီးနှံအထွက်တိုးရေး အတွက်လည်း သွယ်ဝိုက်အကျိုးပြုသေးသည်။ ပဲမြစ်ဖုဇီဝမြေသြဇာကို သုံးပါက ယူရီးယား ဓါတ်မြေသြဇာ သုံးဖို့မလိုသဖြင့် ကုန်ကျစရိတ်သက်သာသည်။ Organic Farming အတွက် အထောက်အကူပြုပါသည်။

မိုးစပါးသီးနှံ 

     မိုးစပါးအောင်မြင်ဖို့ စဉ်ဆက်မပြတ်စောင့်ကြည့်ကာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး လုပ်ကိုင်သင့်ပါသည်။

     နိုင်ငံတစ်နံတစ်လျား စပါးခင်းများ၏ အသက်အရွယ်ကို ခြုံကြည့်လိုက်လျင် နှစ်မျိုးသာ ဖြစ်ပါမည်။ ၄င်းတို့မှာ- ၁။ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)အတွင်းရောက်ရှိနေ သည့်စပါးခင်းများနှင့် ၂။မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါသည်။

(က) ပင်ပိုင်းကြီးထွားကာလ စပါးခင်းများအတွက်

     ပင်ပိုင်းကြီးထွားသည့်ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက် သင့်သည်များကို ဦးစွာအသိပေးလိုသည်။ (၁)ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေ ကောက်ပင်ဖာသင့်သည်။ (၂)ကောက်စိုက်ပြီး ၁၄ ရက်အတွင်း နိုက်တရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်စီယံဓါတ်မြေသြဇာများကို ကျွေးပေးသင့်ပါသည်။ (၃)ကောက်စိုက်ပြီး ၂၃ ရက်မှ ၂၇ ရက်သားတွင်မူ ယူရီးယားဓါတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။ အကြောင်းမှာ စပါးအပင်ပွားလှိုင်လှိုင်ပွားသည့် အချိန်ဖြစ်လို့ ဖြစ်ပါသည်။

     ပင်ပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖေါ်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန် တိုက်တွန်း လိုပါသည်။

(ခ) မျိုးပွားပိုင်းကာလ စပါးခင်းများအတွက်

     မျိုးပွားပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့်စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက် အသိပေးလိုပါသည်။ (၁)သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃၇ ရက်၊ သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၄၀ ရက်မှ ၄၄ ရက်တို့သည် အနှံသန္ဓေတည်စအချိန်(တနည်း) မှို့ကပ်စအချိန် ဖြစ်သည်။ ယူရီးယား ဓါတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။

     မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက်(Grains per panicle)များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

(ဂ) မျိုးစေ့ထုတ်စပါးစိုက်ခင်းများအတွက်

     သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ် စိုက်ခင်းနှင့် ကိုယ့်အားကို ကိုယ်ကိုး မျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)အားလုံးအတွက် သီးသန့်အသိပေး နှိုးဆော်လို သည်များရှိပါသည်။ (၁)ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နှုတ်ပယ်မှုစတင်သင့်ပါသည်။ (၂)စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှု ပုံစံမတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ နှုတ်ပယ်ရန် ဖြစ်ပါသည်။

     ထို့အပြင်စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါ စစ်ဆေးနှုတ်ပယ်သင့်ပါသည်။ 

ဆင်းသီဟ

     ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်