အစိမ်းရောင်လမ်းဆော့ဝဲထဲက စပါးစစ်တမ်းဖြေဆိုသူတွေရဲ့ ဆုလက်ဆောင်တွေကို ပို့ပေးနေပါပြီရှင်။
ဆုမဲအမျိုးအစားတွေများတဲ့အပြင် ကံထူးရှင်တွေလည်းများတာကြောင့် အစိမ်းရောင်လမ်းရုံးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်ရှင်။
လမ်းခရီးအခက်အခဲတွေရှိပေမယ့်လည်း စာအုပ်လက်ဆောင်လေးတွေကိုတော့ ပို့လိုက်ပြီဖြစ်ပါတယ်။ ရက်အနည်းငယ်လေးကြာတဲ့အခါ ကံထူးရှင်တွေစီကိုရောက်ရှိမှာပါ။
ဆုအကြီး ငွေသားစုပေါက်သူများကို တနင်္လာနေ့မှာ လွှဲပေးပါမယ်တဲ့ရှင်။ ဖြေဆိုပေးခဲ့သူအားလုံးကိုလည်း ဖုန်းဘေလက်ဆောင်ထည့်ပေးအုံးမှာမို့ အစိမ်းရောင်လမ်းက ဆက်သွယ်တဲ့ဖုန်းလေးကို စောင့်နေပေးပါအုံးနော်။
စစ်တမ်းအစီအစဉ်တွေမှာပါဝင်ပေးကြလို့ကျေးဇူးတင်ရှိပါကြောင်းလည်း ပြောပါရစေနော်
နောက်ထပ် စစ်တမ်းအစီအစဉ်တွေလည်းရှိသေးတာမို့ ပါဝင်ဖြေဆိုပေးပါအုံးလို့လည်း ကြိုတင်မေတ္တာရပ်ခံလိုက်ပါတယ်ရှင့်..
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more