နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်ကြေညာခြင်း
အစိမ်းရောင်လမ်းရဲ့ တောင်သူဦးကြီးတို့ မင်္ဂလာပါရှင့်..
(၉-၄-၂၀၂၂) ရက်နေ့မှစ၍ (၁၇-၄-၂၀၂၂) ရက်နေ့အထိသည် နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်များ ဖြစ်ပါတယ်။
ထိုရုံးပိတ်ရက်များတွင် အစိမ်းရောင်လမ်းရဲ့ call center (ဖုန်းခေါ်ဆို)မှုအား ရပ်နားထားမှာဖြစ်ပါတယ်ရှင့်။ ဒါ့အပြင် အစိမ်းရောင်လမ်းရဲ့ နေ့စဉ်သီးနှံဈေးနှုန်းကဏ္ဍအတွက် သီးနှံဈေးနှုန်းများပေးပို့နေတဲ့ ကုန်စည်ဒိုင်များမှ ပေးပို့နေကျ ဈေးနှုန်းတွေကို နှစ်သစ်ကူး ပိတ်ရက်အတွင်း ရပ်နားထားမှာဖြစ်လို့ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းဖော်ပြခြင်းနဲ့ ပုံမှန်တင်ဆက်နေကျ သတင်းနဲ့ဆောင်းပါးများ တင်ဆက်ခြင်းကိုလည်း ရပ်နားထားမှာ ဖြစ်ပါတယ်။
ဒါကြောင့် အစိမ်းရောင်လမ်းရဲ့ တောင်သူကြီးများအတွက် သီးနှံဈေးနှုန်းတွေနဲ့ဆောင်းပါးများကို (၁၈-၄-၂၀၂၂) ရက်နေ့မှသာ ပြန်လည်တင်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင့်။
တင်ဆက်နေကြ ပုံမှန်အစီအစဉ်တွေသာ ရပ်နားထားမှာဖြစ်ပေမယ့် အမေးအဖြေကဏ္ဍမှာတော့ စိုက်မွေးပြဿနာတွေကို ပညာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပါကြောင်းကိုလည်း ထပ်ဆောင်း အသိပေးပါရစေ။
နှစ်သစ်အခါသမယမှာ ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင့်။
အစိမ်းရောင်လမ်း
ဆက်စပ်မေးခွန်းများ
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်လဲ? အချို့အရုံတွေမှာ အပင်ပေါက်တွေ အများကြီး တွေ့ရလို့ပါ
Nova Nova • ဖြေကြားချက် 0 ခု
အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲသုံးခြင်လိုပါ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
ချောင်းဘေးသဲမြေမှာဘာစိုက်ရင် အဆင်ပြေမလဲလူမကြည့်ရတာ
hlaing • ဖြေကြားချက် 2 ခု
ဆီးပင် စိပွားဖြစ်စိုက်ပျိုးနည်းမျှဝေပေးကြပါဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026