ပန်းသီးပင်မှာ ကျရောက်တတ်တဲ့ သံချေးရောဂါ

31/08/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဒီရောဂါ ဖြစ်ပွားစေတဲ့သက်ရှိကတော့ Gymnosporangium clavipes ဆိုတဲ့ မှိုကြောင့်ဖြစ်ပြီး ဒီမှိုဟာ ကျွန်တော်တို့ရဲ့ပန်းသီးပင်တွေကို တိုက်ခိုက်ဖို့အတွက် လက်ခံပင်လိုအပ်တာလည်း ဖြစ်ပါတယ်။ 

ဥပမာအားဖြင် ဥယျာဥ်စိုက်ခင်းတွေမှာ ပန်းပွင့်တဲ့ quince ချုံပင် (Chaenomeles speciosa) ကဲ့သို့ နှင်းဆီမျိုးရင်းဝင်အပင်တွေကို စိုက်ပျိုးထားမယ်ဆိုရင် အဲ့ဒီအပင်တွေက ရောဂါလက်ခံပင်အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ၎င်းအပင်တွေကနေတဆင့် ပန်းသီးပင်တွေဆီကို ပျံ့နှံ့သွားမှာဖြစ်ပါတယ်။

ဒီရောဂါရဲ့ လက္ခဏာဟာ အပင်ရဲ့အရွက်တွေပေါ်မှာ သံချေးအစက်အပြောက်တွေ တွေ့ရှိရမှာဖြစ်ပြီး ပန်းသီးတွေပေါ်မှာလည်း လည်း ပုံသဏ္ဍာန်မမှန်ခြင်းနဲ့ အရောင်စွန်းထင်းခြင်းတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။   အကယ်လို့ ရောဂါလက်ခံပင်တစ်မျိုးကို စိုက်ပျိုးထားမယ်ဆိုရင်တော့ ၎င်းအပင်ကနေတဆင့် ရောဂါသယ်ဆောင်ပျံ့နှံ့လာပုံ လက္ခဏာတွေကို ရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ နွေဦးပေါက်မှာ သံချေးအဖုအလုံးတွေကနေ လိမ္မော်ရောင် သံချေးတက်နေတဲ့ "ကန်တော့ပုံသဏ္ဍာန်" လက္ခဏာတွေ့ရမှာဖြစ်ပြီး ၎င်းတို့ကနေ မှိုစပိုးတွေထုတ်ပြီး ပန်းသီးပင်တွေကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။ 

Cedar-Quince သံချေးရောဂါကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကတော့

  • Redfree
  • William’s Pride
  • Freedom စတာတွေ ဖြစ်ကြပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဆွေးနွေးချက်များ

ဆွေးနွေးရန်