တီကောင်နဲ့ မိုက်ခရုပ်တွေပါဝင်တဲ့ ပွားစာမြေဆွေးရဲ့ အရည်အသွေးကွာခြားချက်များ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈ဝ)
စိုက်ခင်းများတွင် ဓာတ်မြေသြဇာ လျှော့ချရန် မှိုပွားစာမြေဆွေးကို တီမြေဆွေး ပြုလုပ်ပြီး သုံးပါ (၇)
စားမှို စိုက်ပြီးပွားစာဟောင်းနှင့် နွားချေးအရောသည် တီမြေဆွေး၏ ဆွေးမြည့်မှု မြန်စေသည်။

၁။ နွားချေးနှင့် စားမှို စိုက်ပြီးကျန်သောပွားစာဟောင်းအရော တီမြေဆွေးဖြစ်စဥ်တွင် ၇ ပတ်(ရက် ၅ဝ သား) ဝန်းကျင်သည် မြေဆွေး ဖြစ်ပေါ်မှုအတွက်လုံလောက်သည်။ အရည်အသွေးကောင်းသည်။ စုစုပေါင်း နိုက်ထရိုဂျင် ပါဝင်မှု ကောင်းသည်။
၂။ တီမြေဆွေးဖြစ်စဥ်ကာလကြာပါက အော်ဂဲနစ်ကာဗွန်ကျဆင်းမှုတိုးလာသည်။
၃။ တီမြေဆွေးဖြစ်စဥ်တွင် နွားချေးနှင့် စားမှို စိုက်ပြီး ပွားစာဟောင်း ကို ၈ဝ :၂ဝ မှ ၅ဝ : ၅ဝ ရောစပ်ရန် ဆိုထားကြသည်။
ပွားစာ မြေဆွေး အခြေခံတီမြေဆွေး ၏ ရုပ်ပိုင်းဓာတုပိုင်းဆိုင်ရာ အရည်အသွေးများ

နွားချေးနှင့် စားမှို စိုက်ပြီး ပွားစာဟောင်းအရော တီမြေဆွေးဖြစ်စဥ်တွင် ၇ပတ်(ရက်၅ဝသား) သည်မြေဆွေးဖြစ်ပေါ စုစုပေါင်း နိုက်ထရိုဂျင် ပါဝင်မှု ကောင်းသည်။ အရည်အသွေးကောင်းသည်ကို ဖော်ပြသည်။ စားမှို စိုက်ပြီး ပွားစာဟောင်းအခြေခံသော ရိုးရိုမြေဆွေးနှင့် တီမြေဆွေးတွင် တီမြေဆွေးဖြစ်စဥ်က ရိုးရိုမြေဆွေးဖြစ်စဥ်ထက် ရက်၃ဝ စောပြီး မြေဆွေးဖြစ်သည်။ စုစုပေါင်း နိုက်ထရိုဂျင် ပါဝင်မှုမြင့်သည်။ အကြောင်းမှာ စားမှို စိုက်ပြီး ပွားစာဟောင်းတွင် တီကောင် ကောင်းစွာပွားလွယ်စေခြင်းသာမက တီများ၏ ဇီဝကမ္မဖြစ်စဥ်နဲ့ အာဟာရဓာတ်ပါဝင်မှု မြင့်မားသောကြောင့်ဖြစ်သည်။ စားမှို စိုက်ပြီး ပွားစာဟောင်း အခြေခံသော တီမြေဆွေး သည် ရိုးရိုးပွားစာ မြေဆွေး ထက် ပိုကောင်းစေသည်။
အကျိုးပြု မိုက်ခရုပ်ပါသော စားမှိုစိုက်ပြီး ပွားစာ အခြေခံ ၆ ပတ်သားအထက် တီ မြေဆွေးသည် သတ္ထုဓာတ် ပါဝင်မှု

နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယံ ပါဝင်မှု

ပွားစာမြေဆွေးများ၏ မြေဆွေးဖြစ်စဥ် ကာလ နှင့်စီအမ်အချိုး နိုင်းယှဥ်ချက်

အရည်အသွေး တွေ့ ရှိချက်
အကျိုးပြု မိုက်ခရုပ်ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ပွားစာ မြေဆွေးဖြစ်စဥ် အားလုံးတွင် မြေဆွေးဖြစ်ပေါ်မှုအဆင့်တွင် အစိုဓာတ်နှင့် ပီအိပ်ချ်သည် အတက်အကျရှိနိုင်သည်။ အာဟာရဓာတ်၊သတ္ထုဓာတ်ပါဝင်မှု လျော့နည်းလာသည့် လမ်းကြောင်းရှိသည်။ စားမှို စိုက်ပြီး ပွားစာ အခြေခံသည့် အကျိုးပြု မိုက်ခရုပ်ပါသော ၆ ပတ်သားအထက် တီမြေဆွေးသည် အခြားသော မြေဆွေး ဖြစ်စဥ်များထက် အရည်အသွေးအကောင်းသည်။ အာဟာရဓာတ်လည်း ကြွယ်ဝသည်။ အနံ့နှင့် အရောင်ကောင်းလည်းသည်။ ဆားဓာတ်များနဲ့ စီအမ်အချိုးလည်း လျော့သည်။
ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှ တဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
စားမှို စိုက်ပြီး ပွားစာ အစိမ်း/အဟောင်းများကို တိုက်ရိုက်သုံးခြင်းထက် မြေဆွေး ပြုလုပ်နည်းများဖြစ်သော
၁။ စားမှို စိုက်ပြီး ပွားစာ မြေဆွေး
၂။ စားမှို စိုက်ပြီး ပွားစာ အခြေခံ တီမြေဆွေး
၃။ အကျိုးပြု မိုက်ခရုပ် ထည့်ထေားသော စားမှို စိုက်ပြီး ပွားစာ အခြေခံ တီ မြေဆွေးများသည် အာဟာရဓာတ် ကြွယ်ဝသည်။ တခြားမြေဆွေးများထက် အရည်အသွေး ပိုကောင်းသည်။ ဆွေးမြည့်မှုမြန်သော တီ မြေဆွေး တစ်မျိုးလည်း ဖြစ်သည်။
ပွားစာ များကို ရေရှည်တည်တံ့သော တန်ဖိုးရှိ ထုတ်ကုန်များအဖြစ် ထုတ်နိုင်သော နည်းလမ်း တစ်ခုဖြစ်သည်။ စားမှိုစိုက်ပျိုးသော လုပ်ငန်းများတွင် မှိုစိုက်ပြီး ကျန်ပွားစာဟောင်းကို မြေဆွေးအဖြစ် ပြန်လည်သုံးစွဲခြင်းအားဖြင့် ဓာတ်မြေသြဇာကို လျှော့ချသုံးစွဲနိုင်သည်။ တပတ်လည် စီးပွားရေးအတွက် ကွင်းဆက်လမ်းကြောင်း တစ်ခု ဖြစ်သည်။
ကိုးကား
Domínguez-Gutiérrez M et al., Composting and vermicomposting of spent mushroom substrate to produce organic fertilizer. Emirates Journal of Food and Agriculture. 2022. 34(3): 220-228 doi: 10.9755/ejfa.2022.v34.i3.2828
Duggan T., Effects of vermicomposted spent mushroom compost on growing medium characteristics, plant growth, yield and abiotic stress tolerance. 2015
Zied DC et al., Use of Spent Mushroom Substrate in New Mushroom Crops to Promote the Transition towards A Circular Economy. Agronomy 2020, 10(9), 1239.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 3 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....