ပါဝင်ပစ္စည်းများ
- ဟင်းချက်ဆီ ထမင်းစားဇွန်း ၈ ဇွန်း
- ကန်စွန်းဥ ပန်းကန်လုံး ၁ လုံး
- ထန်းလျက် ပန်းကန်လုံး ၁ လုံး
- ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၁၆ ဇွန်း
- ဆန်မှုန့် ထမင်းစားဇွန်း ၄ ဇွန်း
- ငါးနီတူခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- မြေပဲ ပန်းကန်လုံး ၁ လုံး
- သောက်ရေ ထမင်းစားဇွန်း ၄ ဇွန်း

ချက်ပြုတ်ခြင်း/ ပြင်ဆင်မှုအဆင့်များ
ထန်းလျက်များကို ထန်းလျက်ရည်ဖြစ်အောင် ကြိုပါ။ ကန်စွန်းဥကို သီးခြားပြုတ်ပြီး ထောင်းထားပါ။ မြေပဲကို အပူနည်းနည်းနှင့် လှော်ပြီး ထောင်းထားပါ။ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ကန်စွန်းဥ၊ ငါးနီတူခြောက်မှုန့်နှင့် မြေပဲထောင်းတို့ကို ရောမွှေပါ။ ရေအနည်းငယ် ရောစပ်ပြီး မုန့်နှစ်သားဖြစ်အောင် သေချာစွာ နယ်ပေးပါ။ ပြီးနောက် ဒယ်အိုးထဲသို့ ဆီထည့်ကာအလယ်အလတ်ဖြင့် အပူပေးပါ။ ဆီပူလာလျှင် အဝိုင်းပုံသဏ္ဌာန်ရှိသော မုန့်သားလုံးများကို ဆီထဲသို့ ထည့်ကြော်ပါ။ အရောင်းပြောင်းလာသောအခါ ဒယ်အိုးထဲမှ မုန့်ကိုဖယ်လိုက်ပါ။ ထန်းလျက်ရည်ဖြင့် တွဲစားနိုင်သည်။
ဟင်းတစ်ပွဲလျှင် လူ (၅) ယောက်ခန့် စားနိုင်သည်။ ခန့်မှန်းကုန်ကျစရိတ် ၂၉၀၀ ကျပ်ခန့်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပဲခူးဒေသတို့တွင် အစားများသည့် အစားအစာဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
WorldFish