သင်မသိသေးတဲ့ ငှက်ပျောပင်စည်မှထုတ်ယူရနိုင်သော "ဖျော်ရည်"

12/01/2018 12:56 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား
ကျွန်တော်တို့ဟာ ငှက်ပျောသီးကို စားခြင်းအားဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများကို သိရှိခဲ့ပြီး ဖြစ် သော်လည်း ငှက်ပျောပင်ပင်စည်က ရနိုင်တဲ့အချက်တွေကိုတော့ မေ့နေတတ်ကြပါတယ်။ အိမ်ထဲမှာပဲ အလွယ်တ ကူလုပ်နိုင်တဲ့ ငှက်ပျောပင်စည်ဖျော်ရည်ကို တစ်ပတ်ကိုတစ်ခါလောက်တော့ အနည်းဆုံးသောက်တာကနေ ဘာ တွေ ရနိုင်တာလဲဆိုတော့
 
၁။ ကျောက်ကပ်အတွက်
ဆရာဝန်တွေကတောင်မှ သည်းခြေအိတ်ကောင်းမွန်စေတဲ့ အကျိုးပြုဓါတ်စာအဖြစ် ငှက်ပျောပင်စည်ကို ညွန်း ထားကြပါတယ်။ အကယ်၍များ သင်ဟာ သည်းခြေအိတ်ကျောက်တည်တာကို ခံစားနေရရင်တော့ ငှက်ပျော ပင် စည်ကို တစ်ပတ်တစ်ခါလောက်တော့ စားသုံးပေးသင့်တာဖြစ်ပါတယ်။
၂။ ကိုယ်အလေးချိန်ကျစေနိုင်တယ်။
ငှက်ပျောပင်စည် တစ်ခွက်မှာဆိုရင် အမျှင်ဓာတ်အများကြီးပါဝင်တာကြောင့် တစ်ခွက်လောက်စားထားရင်ဖြင့် သင့်ကို အချိန်တော်တော်ကြာအထိ ပြည့်ဝနေစေမှာဖြစ်ပါတယ်။ အချိန်တိုတိုလေးအတွင်းမှာ ဝိတ်ကျဖို့အတွက် အစီအစဉ်ရှိတယ်ဆိုရင်တော့ ငှက်ပျောပင်စည်ကို မမေ့ပါနဲ့။
၃။ Hyper Activity
စိတ်အလိုမကျဖြစ်တတ်တဲ့ရောဂါတွေ။ အာရုံစူးစိုက်လို့ မရတဲ့ ဖြစ်စဉ်တွေ၊ စိုးရိမ်လွန်တဲ့ အဖြစ်အပျက်တွေ အား လုံးဟာ Hyper Activity တွေပါပဲ။ အဲ့ဖြစ်စဉ်တွေ အားလုံးအတွက်ဆိုရင်တော့ ငှက်ပျောပင်စည်က ထုတ်ယူ ထားတဲ စားစရာတွေက အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။
၄။ ဝမ်းချုပ်ခြင်း
ငှက်ပျောပင်မှာ ကျွန်တော်တို့ လိုအပ်တဲ့ ဖိုက်ဘာအမျှင်ဓါတ်တွေ အများကြီး ပါနေတာကြောင့် ဝမ်းချုပ်တတ်တဲ့ သူတွေကို ကူညီပေးနိုင်တာဖြစ်ပါတယ်။ ငှက်ပျောပင်စည်နဲ့လုပ်ထားတဲ့ ဖျော်ရည်ကို ဘာမှထပ်မထည့်ပဲ အကြမ်း သောက်ကြည့်လိုက်ပါ။
၅။ Diabetic Patients
ကိုယ်ခန္ဓာအတွင်းက သကြားဓါတ်ကို မထိန်းချုပ်နိုင်တော့သော လူနာတွေကို ဆိုလိုတာဖြစ်ပါတယ်။ အရောင် မဆိုးပဲ ဒါမှမဟုတ် ဘာမှမထည့်ပဲ သောက်ပေးနိုင်ရင် အကောင်းဆုံး အမျှင်ဓါတ်တွေကို ရရှိနိုင်မှာဖြစ်ပြီးတော့ သင်စိတ်ပူသလိုမျိုး သကြားဓါတ်တွေ ထိုးတက်လာတော့မှာ မဟုတ်ပါဘူး။
၆။ UTI (ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်မှုများ)
ငှက်ပျောပင်စည်ကို ဆီးလမ်းကြောင်းတွေမှာဖြစ်တတ်တဲ့ ရောဂါပိုးဝင်ရောက်မှုတွေ ကုသတဲ့နေရာမှာလည်း သုံး နိုင်ပါတယ်။
လူအများစုဟာ ငှက်ပျောပင်မှ အသီးလောက်ကိုပဲစားပြီး ငှက်ပျောပင်စည်ကိုကျတော့ တစ်နေ့တာ စားသုံးစရာ တွေထဲကနေ မေ့နေတတ်ကြပါတယ်။ ငှက်ပျောပင်စည်ကို ထောပတ်ထုတ်ပြီးကျန်ရှိနေတဲ့ နို့်ရည်ထဲမှာ စိမ်ပြီးတော့ ရေခဲသေတ္တာထဲ ထည့်ထားရင် အထားခံပါတယ်။ လိုအပ်တဲ့အချိန်မှ သုံးလို့ရအောင် ထားထားလို့ ရပါတယ်။ buttermilk က ချဉ်သွားပီဆိုရင်တော့ ငှက်ပျောပင်စည်ကို ပြန်ထုတ်ပြီးရေဆေး buttermilk ကို အသစ်ပြန်လဲပေးခြင်းဖြင့်လည်း ထပ်ပြီး သိမ်းထားနိုင်ပါသေးတယ်။
ငှက်ပျောပင်စည်ဖျော်ရည်ပြုလုပ်ခြင်း
ငှက်ပျောပင်စည်၊ ဆား၊ ငရုတ်ကောင်း၊ ပင်စိမ်းစေ့ အလှော်မှုန့်၊ ဒိန်ချဉ်
ပြုလုပ်ပုံအဆင့်များ
အဆင့် (၁)။ ။ ငှက်ပျောပင်စည်ကို ဖြတ်ယူပြီးတော့မှ အထဲကအတွင်းသားကိုယူပြီး အတုံးသေးသေးလေး တွေ တုံးပြီးတော့ နို့ရည်နဲ့စိမ်ထားပြီး ရေနဲ့ထပ်ဆေးပေးထားပါ။
အဆင့် (၂)။ ။ ပင်စိမ်းစေ့လေးတွေကို လှော်ပြီးတော့ အမှုန်ကြိတ်ထားပါ။
အဆင့် (၃)။ ။ နောက်ပြီးတော့ ငှက်ပျောပင်စည်က အတုံးလေးတွေထဲကို ငရုတ်ကောင်းမှုန့်၊ ဒိန်ချဉ်၊ ပင်စိမ်းအလှော်မှုန့်တို့ကို ရောထည့်ပြီးတော့ blender နဲ့ ကြိတ်လိုက်ပါ။ ရေကျက်အေးကို လိုအပ်သလို ရောစပ် ပြီးတော့ သောက်နိုင်ပါသည်။
 
အစိမ်းအတိုင်းကို မသောက်ချင်လည်း တခြားထပ်ထည့်လို့ရပါသေးတယ်။ ဆေးအဖြစ်သောက်ရင်တော့ ဒီအ တိုင်းသောက်တာက ပိုကောင်းပါတယ်။
ငရုတ်ကောင်းနဲ့ ပင်စိမ်းကို အများကြီး မထည့်ဖို့ သတိပြုပါ။
ပြုလုပ်ပြီးပြီးချင်းသောက်တာက အကောင်းဆုံးပါပဲ။
 
Htun Win Kyaw

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်