သကြားထွက်သီးနှံများမှ ကြံ

20/05/2024 16:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science  (124)  Sugar Crops - Sugarcane (Part-1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ  (၁၂၄) သကြားထွက်သီးနှံများ - ကြံ  (အပိုင်း-၁)

မိတ်ဆက် (Introduction)

လယ်ယာသီးနှံများ အမျိုးအစားခွဲခြားမှု (Agronomic Classification) အရ သကြားထွက်သီးနှံများ (Sugar Crops) အောက်တွင် အောက်ပါသီးနှံများ ပါရှိပါသည်။

(က) ကြံ (Sugarcane – Saccharum officinarum)

ပုံ - ၁ ကြံ နှင့် သကြား

ကမ္ဘာ့ သကြားထုတ်လုပ်မှု၏ ၈၀% ကို ကြံမှရရှိသည်။

(ခ) သကြားမုံလာ (Sugar Beet – Beta vulgaris) 

ပုံ - ၂ သကြားမုံလာ နှင့် သကြား

သကြားမုံလာမှ ထုတ်သော သကြားကို ဥရောပနိုင်ငံများ၊ ရုရှား၊ အမေရိကန်၊ ယူကရိန်းစသော သမပိုင်း အေးသောနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်ပြီး စားသုံးမှုလည်း ပြုပါ သည်။ 

ပုံ - ၃ သကြားညို၊ သကြားဖြူ လေးထောင့် သကြားထုတ်လုပ်ပုံ

(ဂ) ပြောင်းချို (Sweet Sorghum -  Sorghum bicolor)

ပုံ - ၄ ပြောင်းချိုမှ သကြားထုတ်လုပ်ပုံ

(ဃ) သကြားမေပယ်ပင် (Sugar Maple – Acer saccharum)

ပုံ - ၅ မေပယ်ပင်မှရသော သကြား

(င) သကြားထွက် အုန်းပင်မျိုး (Sugar Palm – Arenga pinnata)  စသည်တို့ဖြစ်ပါသည်။

ပုံ - ၅ သကြားထုတ်သောအုန်းပင်

ထိုအထဲမှ ကြံပင်အကြောင်း လေ့လာကြည့်ရအောင်ပါ။ ကြံပင်သည် အပူပိုင်းဒေသ သီးနှံပင် (Tropical Crops) ဖြစ်ပြီး မြက်မျိုးရင်း (Family - Gramineae) စပါး၊ ဂျုံ၊ ပြောင်းဖူး စသည်တို့နှင့် အတူတူဖြစ်ပါသည်။ 

ဇယား - ၁ ကမ္ဘာ့ ကြံစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံများ (၂၀၂၂-၂၃ ခုနှစ်)

ကြံပင်၏ရုက္ခဗေဒ (Botany of Sugarcane)

ကြံပင်မျိုးစု (Genus - Saccharum) အောက်တွင် မျိုးစိတ် (Species) ၅-ခုရှိပါသည်။

(က) Saccharum officinarum L.

(ခ) Saccharum sinense Roxb.

(ဂ) Saccharum barberi Jesw.

(ဃ) Saccharum robustum Brandes & Jesw.

(င) Saccharum spontaneum L.  စသည်တို့ဖြစ်ပြီး (Saccharum officinarum L.) ကသာ စိုက်ပျိုးသော သီးနှံ (Cultivated species) ဖြစ်ပါသည်။ ဤမျိုးက ဆူးခရို့စ် (Sucrose) များစွာပါပြီး ပင်စည်က ရှည်လျား၊ တောင့်တင်း (Long and Vigorous Stalk) ပြီး အမျှင်ဓါတ် (Fibre Content) ပါဝင်မှု နည်းပါသည်၊ ဒတ်ချ်လူမျိုးတွေက (Noble Cane) ဟု ခေါ်ဆိုကြပါသည်။

ကြံပင် သည် ဧရာမ ထူးကဲသော မြက်ပင် ကြီး (Giant Grass) လို့တင်စား နိုင်ပြီး ခုတ်သိမ်းရန် (Harvesting) ၁၂-လ ကြာပါသည်။ 

ပင်စည် (Stem) တစ်ချို့ကလည်း ကြံပင်စည် (Stalk) သို့မဟုတ် ကြိတ်ဝါးနိုင်သောအပိုင်း (Millable cane) ဟူ၍ လည်း ခေါ်ဆိုကြပါသည်။ ကြံပင်က အဖူး (Buds) က နေ ပင်ပိုင်းဆိုင်ရာ မျိုးပွားမှု (Vegetative Propagation) ဖြင့် စိုက်ပျိုးလေ့ ရှိပါသည်။ အဖူးပါသော ပင်စည် အစိတ် အပိုင်းကို ကြံမျိုးပိုင်း (Cane Setts) ဟူ၍ ခေါ်ပြီး အဖူးတစ်ဖူးမှ အဖူး များစွာပါဝင် ပါသည်။ ထိုအဖူး မှ ရာသီဥတု အခြေအနေပေးပါက (Under Favorable Condition) ပထမ ပင်စည်/ပင်ပွား (Primary Stalk) ထွက်လာပြီး နောက် ဒုတိယပင်ပွား (Secondary Stalk)၊ တတိယ ပင်ပွားများ (Tertiary Stalk) အထိ ဆက်လက်ပွားများသွားပါသည်။ 

ပုံ - ၅ ကြံပင်စည်နှင့် ပင်ပွားများ

ထိုအဖူးမှထွက်သော ပင်စည်များမှ နေ၍ အဆစ် (Nodes)၊ ဆစ်ကြားများ (Internodes) ပါဝင်သော ပင်စည်ကြီးရှည်ထွက်လာပါသည်။ 

အဆစ်တွင် (က) အမြစ်မွေးကလေးများပါ အမြစ်အရစ် (Root band with Primodial Root)၊ (ခ) ကြံမျိုးပြားများကို ခွဲနိုင်သော အဖူးပုံ (Bud, which is characteristic to each Variety)၊ (ဂ) ဖယောင်းလွှာ (A wax band below the node)၊ (ဃ) အဆစ် အပေါ်က ကြီးထွားမှု စက်ဝန်း (A growth Ring above the Node) ရှိပါသည်၊ အဆစ် သည် အရွက်၏ အခြေ (The base of the leaf) ဖြစ်ပါသည်။ ဆစ်ကြားများ က ပုံသဏ္ဍာန် (Shape)၊ အရှည် (Length) နှင့် ထူထဲမှု (Thickness) များက မျိုး အလိုက် ကွာခြားသွားပါသည်။ 

ပုံ - ၆ ကြံပင် အဆစ်နှင့် ဆစ်ကြားများ

အဖူးတွေက ကြံပင်အဆစ်တွေမှာ အလျှားလိုက်၊ မြောင်းသဖွယ် (Longitudinal Grove) ထဲတွင်ရှိပါသည်၊ မျက်လုံးအဖူးထိတ်ဖျားတွင်  အပင်လောင်းထွက်အပေါက် (Germination Pore) ရှိပြီး ကြံပင်ပေါက် (Sprouting Shoot) ထွက်လာနိုင်ပါသည်။ 

ကြံပင်စည်က စပါးအပါအဝင် အခြားမြက်မျိုးရင်းဝင်များ ကဲ့သို့ အခေါင်းပေါက် မဟုတ်ဘဲ အပိတ် (Solid) ဖြစ်ပါသည်။ ကြံရိုးပင်စည်အခွံအရောင် တစ်ရှူး (Rind Tissue) အောက်တွင် ပယ်ရင်ခိုင်မာ (Parenchyma) များရှိပြီး ဆူးခရို့ကြွယ်ဝသော    (Sucrose Rich Vacuole) များရှိ ပါသည်။ ပင်စည်က ဖယောင်းလွှာ (Wax) နှင့် ဖုံးထားလေ့ရှိပါသည်။ ပင်စည်က အပေါ်သို့ ထောင်မတ် (Upright) သို့မဟုတ် ကွေး (Bent) သွားပါသည်။ ပင်စည် အောက်ပိုင်းတွင် ထူတုတ်ပြီး (Thicker) အဖျားပိုင်း သွယ်ဆင်း (Tapers) သွားပါသည်၊ ပင်စည်အရောင်က မျိုးအပေါ်မူတည်၍ အမျိုးမျိုး ရှိပါသည်။

ကြံပင်အမြစ် (Sugarcane Roots) က မြစ်ဖွာအမျိုးအစား (Adventious Roots) ဖြစ်ပြီး ကြံမျိုးပိုင်း အဆစ်၏ အမြစ်နေရာ (Root bands of the setts) ကနေ အမြစ်ထွက်ပါသည်။ မျိုးပိုင်းကထွက်သောအမြစ်ကို မျိုးပိုင်းအမြစ် (Sett Roots) ဟူ၍ခေါ်ပြီး နောက်ပိုင်း အပေါ်ပိုင်းက ထွက်သည်ကို အညွန့် မြစ် (Shoot Roots) ဟူ၍ ခေါ်ပါသည်။ မျိုးပိုင်း အမြစ်က ပထမ ၂-လခန့် သာအလုပ်လုပ်ပြီး နောက်ပိုင်း အညွန့်မြစ်တွေက အ လုပ်လုပ် သွားပါသည်။ အမြစ်မွေး (Root  hairs) များကလည်း သက်တန်းတိုပေမဲ့ ဆက် တိုက် ထွက် ပြီး အလုပ်လုပ်ပေးပါသည်။ ကြံပင်အမြစ်၏ ၉၀-ရာခိုင်နှုန်းသည် မြေဆီလွှာ အပေါ်ပိုင်း ၅၀-စင်တီမီတာ (၂-ပေခန့်) အတွင်းမှာ ရှိပြီး ရေနှင့် အဟာရဓာတ်များ စုတ်ယူ ပေးပါသည်။ အခြား မြက်မျိုးရင်းဝင် အပင်များထက် အမြစ် နက်နက်ဆင်းနိုင်၍ မြေဩ ဇာများကို ကြံမြောင်း အတွင်းသို့နက်နက် ထည့်ပေး ခြင်းဖြင့် လေထုထည်း အငွေ့ပြန် ဆုံးရှုံးမှုက နည်းပါးသွားနိုင်ပါသည်။  သဲဆန်သောမြေ (Sandy and Loose Soils) တွင် အမြစ်များက သေးပြီး နေရာများများ ပြန့်နှံ့နိုင်ပြီး (Thinner and Widely Spread) မြေစေး၊ ကြပ်တီးမြေ (Clay and Compact Soils) များ တွင်တော့ အမြစ်က ထူပြီး ပြန့်နှံ့မှုနည်း (Thicker and Less Ramified) ပါသည်။

ပုံ - ၇ ကြံပင် အမြစ်အမျိုးမျိုး

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်များ (Reference Books)

James, G. (2004) Sugarcane. 2nd Ed. Oxford Black Well Science. 216p.

Sundara, B. (1998) Sugarcane Cultivation. Vikas Publishing House, New Delhi. 292p.

မှီငြမ်းစာတမ်းများ (e-Documents)

Moore, P.H. and Botha, F.C. (2014) Sugarcane Physiology, Biochemistry and Functional Biology. Wiley-Blackwell. 750p.

(ဒေါ်ညိုညိုအောင် (အငြိမ်းစား ဒုညွန်မှူး)၊ ဒေါက်တာခင်ခင်ကြီး (ဒုညွန်မှူး)၊ ဒေါ်ဥမ္မာစိုး (လ/ထ ညွန်မှုး) နှင့် ဒေါက်တာအိအိခိုင် (လ/ထ ညွန်မှူး)၊ သကြား ထွက်သီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေး မြူရေးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်