ပျားလေးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်များ

29/03/2023 11:02 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ကမ္ဘာကြီးရဲ့ တာဝန်တော်တော်များများကို ကျောပိုးထားတယ်ဆိုပြီး လူတိုင်းသိကြတဲ့ ပျားတွေဟာ စိုက်ပျိုးရေးကဏ္ဍမှာအကျိုးပြုရုံသာမက သူတို့ဆီကရတဲ့ ပျားရည်ဟာလည်း လူသားတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိလို့နေပါတယ်။

တကယ်လို့ ပျားတွေသာ ကမ္ဘာကြီးပေါ်က လုံးဝ ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေဟာ ဆက်လက်အသက်ရှင်ဖို့ ၄ နှစ်လောက်ပဲတတ်နိုင်တော့ပါမယ်တဲ့။ (အဲ့ဒီအကြောင်းရင်းသီးသန့်ကြောင့်မဟုတ်ပေမဲ့ အဲ့ဒီကနေ ဆက်စပ်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ကြောင့်ပါ)

လူသားတွေအတွက် မရှိမဖြစ် အကောင်လေးတွေလို့ဆိုရင်ကို လွန်မယ်မထင်ပါဘူး။ (ဒီအကြောင်းကို သီးသန့်ဆောင်းပါးတစ်ပုဒ်အနေနဲ့ ဖော်ပြပေးသွားပါဦးမယ်)

ဒီလိုမျိုးကောင်းကျိုးတွေကို ထောက်ပံ့ပေးနေတဲ့ ပျားတွေမှာဆိုရင် ထူးခြားချက်လေးတွေ ရှိလို့ နေပါတယ်။ အဲ့တာတွေကတော့..

  • (၁) ပျားတွေမှာ မျက်လုံး ၅ လုံးတောင်မှ ပါရှိပါတယ်တဲ့။
  • (၂) ပျားတွေမှာ ခြေထောက် ၆ ချောင်းရှိလို့ သူတို့ကို အင်းဆက်အုပ်စုထဲ ထည့်သွင်းထားပါတယ်။
  • (၃) ပျားတွေက တစ်နာရီကို မိုင် ၂၀ ခန့်ထိတောင် ပျံသန်းနိုင်ပါတယ်။
  • (၄) ဘုရင်မကလွဲပြီး ကျန်ပျားမတွေအားလုံးက လုပ်သားပျားတွေပဲ ဖြစ်ပါတယ်။
  • (၅) ပျားဘုရင်မက တစ်နေ့ကို အမြင့်ဆုံး ၂၀၀၀ လောက်ထိ ဥအုချနိုင်ပါတယ်။
  • (၆) ပျားတွေက သူတို့ရဲ့  ဆူးချွန်တွေနဲ့ ထိုးသွင်းပြီး တုပ်လိုက်ပြီးနောက် လူရဲ့အရေပြားမှာ သူ့ရဲ့ ဆူးချွန်ကျန်ခဲ့မယ်ဆိုရင် သေသွားမှာဖြစ်ပါတယ်။
  • (၇) ပျားတွေ ကမ္ဘာပေါ်မှာ ရှိနေတာဟာ နှစ်ပေါင်းသန်း ၃၀ ခန့်တောင်ရှိနေပြီဖြစ်ပါတယ်တဲ့။
  • (၈) ပျားတွေက ဝတ်မှုန်များကို သယ်ဆောင်ရန် သူတို့ရဲ့ နောက်ခြေထောက်မှာ corbicula လို့ခေါ်တဲ့ ဝတ်မှုန်သယ်ခြင်းတောင်းပါရှိပါတယ်။
  • (၉) ပျားအုံတစ်အုံမှာ ပျားကောင်ရေ စုစုပေါင်း ၅၀၀၀၀ ခန့်ထိ ရှိပါတယ်။
  • (၁၀) ပျားလေးတွေအနေနဲ့ ပျားရည် ၁ ပေါင် (၂၇ ကျပ်သားခန့်) ရရှိဖို့ ပန်းပွင့်ပေါင်း ၂ သန်းဝန်းကျင်ဆီက ဝတ်မှုန်များကို စုဆောင်းရပါတယ်တဲ့။
  • (၁၁) ဒါပေမဲ့ ပျမ်းမျှအားဖြင့်တော့ ပျားတစ်ကောင်ဟာ သူတို့ရဲ့ ဘဝမှာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရဲ့ ၁၂ ပုံပုံလျှင် တစ်ပုံခန့်သာ စုဆောင်းနိုင်ပါတယ်။
  • (၁၂) အမေရိကန်မှာ ပျားရည်စားသုံးမှုက ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်စားသုံးမှု ၁.၃ ပေါင် ဖြစ်ပါတယ်။
  • (၁၃) ပျားလေးတွေမှာ တောင်ပံ ၂ စုံတောင် ရှိပါတယ်။
  • (၁၄) ပျားတွေက  pheromones (ဖီရိုမုန်း) လို့ခေါ်တဲ့ ဟော်မုန်းလိုမျိုး ခန္ဓာကိုယ်စစ်ထုတ်ရည်တစ်မျိုးကို သုံးပြီး အချင်းချင်း အဆက်အသွယ်လုပ်ကြပါတယ်။
  • (၁၅) ပျားထီးတွေက သူတို့ရဲ့ ဘဝမှာ ပျားဘုရင်မနဲ့ တစ်ကြိမ်သာ မိတ်လိုက်ကြပြီး လေထဲမှာပဲ မိတ်လိုက်ကြတာဖြစ်ပါတယ်။ မိတ်လိုက်ပြီးပြီဆိုတာနဲ့ အဲ့ဒီပျားထီးလည်း သေသွားပါတယ်။
  • (၁၆) ပျားဘုရင်မကတော့ များသောအားဖြင့် သူတို့ရဲ့ ဘဝမှာ သက်တမ်းတစ်ကြိမ်သာ မိတ်လိုက်ပါ တယ်။ အဲ့ဒီတစ်ကြိမ်အတွင်း ပျားထီးအကောင်ရေတော်တော်များများနဲ့ မိတ်လိုက်လိုက်တာဖြစ်ပြီး မိတ်လိုက်မှုပြုလုပ်တဲ့ကာလကတော့ တစ်ရက်ကနေ နှစ်ရက်ထိ ကြာနိုင်တယ်လို့ သိရပါတယ်။

ပျားတွေက ဝတ်မှုန်ကူးရာမှာအရေးကြီးတဲ့ အကောင်လေးများဖြစ်ကြတာပါ။ အမေရိကန်နိုင်ငံမှာ ဆိုရင် အသီး၊ အစေ့အဆန်နှင့် ဟင်းသီးဟင်းရွက်တွေအပါအဝင် ခန့်မှန်းချေ စိုက်ပျိုးသီးနှံ ၁၃၀ လောက်ထိကို ဝတ်မှုန်ကူးပေးနေကြသူလေးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပျားတွေရဲ့ ဝတ်မှုန်ကူးခြင်းကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကာ နှစ်စဉ် ခန့်မှန်းချေ ဒေါ်လာ ၁၄ သိန်းလောက် ရရှိနေတယ်လို့ သိရှိရပါတယ်။

Ref: https://honeybeenet.gsfc.nasa.gov/Honeybees/Basics.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်