ကိုင်းဆက် ကိုင်းကူး အကျိုးထူးဖို့ရာ 

25/08/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     ကိုင်းကူး ကိုင်းဆကိ လုပ်ချင်နေကြ စမ်းနေကြတဲ့ တောင်သူတွေအတွက်ပါ။ အပင်ကောင်းတစ်ပင်ဆိုတာ ဘယ်လောက်အဖိုးတန်သလဲဆိုတာ ကိုယ်တိုင်စိုက်ပျိုးပြုစုရတဲ့ သူကပဲ သိပါတယ်။  အဖိုးတန်အပင်လေးတွေကို ဖန်တီးဖို့ ကိုင်းဆက်ကြတဲ့အခါ  ဘာတွေ လိုအပ်သလဲ။ လေ့လာကြည့်တဲ့အခါ အောက်က အတိုင်းတွေ့ရပါတယ်။ 

ကိုင်းဆက်ခြင်း

     ပထမဦးဆုံး အနေနဲ့ ကိုင်းဆက်တယ်ဆိုတာ ဘာလဲ။  မတူညီတဲ့ အပင် ၂ပင်က အစိတ်အပိုင်း ၂ ခုကို ဆက်ပြီးတော့ အပင်သစ် တစ်ပင်ရအောင် ဖန်တီးတဲ့ နည်းပညာဖြစ်ပါတယ်။  

     အဲ့မှာပါဝင်တဲ့ အပိုင်း (၂)  ပိုင်းကတော့ Stock လို့ခေါ်တဲ့ အမြစ်ထွက်တဲ့ အောက်ခံအပိုင်းနဲ့ Sion လို့ခေါ်တဲ့ အညွှန့်ထွက်ဖို့ ဆက်ထားတဲ့ အပေါ်ဖက်အပိုင်းပဲ ဖြစ်ပါတယ်။  ဝမ်းနည်းစရာတစ်ချက်က အသားတိုးလွှာ ကမ်ဘီယမ် (Cambium)  ပါတဲ့ စေ့ရွက်စုံပင်တွေပဲ ကိုင်းဆက်ပြီးတော့ အပင်သစ်ကိုဖန်တီးလို့ရပါတယ်တဲ့။ 

     အဲ့ အသားတိုးလွှာ ၂ ခုက အရင်ဆုံး ဆက်စပ်ပြီးတော့မှ အစာကြော ရေကြောတွေလည်း ဆက်မယ်။ အဲ့လို ဆက်သွယ်မှုတွေပြီးတဲ့အခါကျမှ အပင်သစ်တစ်ပင်ဖြစ်လာနိုင်မှာပါ။ အသားတိုးလွှာ Cambium ကို မြင်သာအောင်ပြောရရင် အခေါက်ခွာပြီး အောက်က အမျှင်လိုက်လေးဖြစ်နေတဲ့ အလွှာပါးပါးလေးပါ။  အဲ့ အလွှာ၂ ခု ထိကပ်နေမှ ကိုယ်ဆက်တဲ့ မျိုးက အောင်မြင်မှာပါ။ အဲ့လို အသားတိုးလွှာ Cambium က စေ့ရွက်တည်းပင်တွေမှာ မပါလို့ ကိုင်းဆက်တဲ့ နည်းနဲ့ အပင်သစ်တစ်ပင် လုပ်လို့မရတာပါ။  တစ်ခြားနည်းလမ်းကိုသုံးပြီး ဖန်တီးလို့ရပါတယ်။ စိတ်ဓာတ်မကျလိုက်ပါနဲ့။ 

သိထားဖို့

     ဆိုလိုက်ရင် နံရံပါးပါးလေးလို ဖြစ်နေတဲ့ အပင်ရဲ့ Paremchyma တွေက လုပ်ဆောင်ချက်တွေ တော်တော်များများကို လုပ်ပေးနိုင်ပါတယ်။  အဲ့ဆဲလ်လေးတွေက အနာကနေ အသားတိုးလွှာဖြစ်အောင် ကူညီပေးတာပါ။ နောက် အနာကျက်သွားတယ်။ အစာကြော ရေကြောတွေကလည်း ဆက်သွားပြီးဆိုရင် အပင်သစ် တစ်ပင်ရပါပြီ။ 

ကိုင်းဆက်တာကို ဘယ်နေရာမှာသုံးလဲဆိုတော့ 

     မျိုးတစ်မျိုးက အမြစ်အားကောင်းတယ် မြေထဲက အမြစ်ရောဂါတွေကိုလည်း ခံနိုင်ရည်ရှိတယ်။ ဒါပေမဲ့ သူ့ဆီက ထွက်လာတဲ့ အသီးတို့ အပွင့်တို့ကျတော့ သိပ်မကောင်းဘူး။ ကိုယ်လိုချင်တဲ့ အနေအထားမဟုတ်ဘူး။ နောက်တစ်မျိုးကကျတော့ သူနဲ့ဆန့်ကျင်ဖက်၊ အမြစ်လေးသာ သန်မယ်ဆိုရင် အထွက်များမဲ့ အပင်မျိုးဆိုရင် သူတို့ (၂)  မျိုးကို ကိုင်းဆက်ကြပါတယ်။  သရက်ခြံတွေဆိုလည်း အဲ့လိုပဲလေ စိုက်ပြီး အပင်ကြီးတွေက အသီးကောင်းကောင်းမပေးနိုင်တော့ဘူးဆို ကိုင်းဆက်ပြီး ပြန်ထူထောင်ကြရတာကိုး။ 

ကိုက်ညီမှု ရှိမရှိ

     အမြစ်အဖြစ်ဆက်မဲ့ Stock ရယ်၊ အညွှန့်ဖြစ်မဲ့ Sion ရယ် ဆက်မှာဆိုတော့ သူတို့ ၂ ခုက ကိုက်ညီမှုရှိရဲ့လား သုံးသပ်ကြရအောင်

     (က) သရက်ပင်နဲ့ ဒန့်ဒလွန်ပင်ကို ကိုင်းဆက်ရင် အောင်မြင်မလား ဆိုတော့သရက်ပင် ရဲ့ သိပ္ပံနာမည်က Mangifera indicaဖြစ်ပြီး သူ့ရဲ့ မိဘအုပ်စုက Anacardiaceae ဖြစ်ပါတယ်။ 

     ဒန့်ဒလွန်ပင် ရဲ့ သိပ္ပံနာနည်က Moringa oleiferaဖြစ်ပြီးတော့ Moringaceaeအုပ်စုထဲမှာပါတာပါ။  ceae နဲ့ဆုံးကြတဲ့ မိဘမျိုးရင်း အုပ်စုက မတူကြတဲ့အတွက် ဒန့်သလွန်သီး က သရက်သီလောက် လုံးကြီးကြီးနဲ့ ထွက်မလာနိုင်ပါဘူး

     အဲ့တော့ ပထမဆုံး အချက်က မိဘမျိုးရင်း အုပ်စု က တူကိုတူရပါတယ်။

     (ခ) စေ့ရွက်တည်းပင်က မဖြစ်ရပါဘူး။  စေ့ရွက်စုံပင်က ဖြစ်ရပါမယ်။ အရွက်ကိုကြည့်ပြီး ခွဲလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ စေ့ရွက်စုံပင်က ရွက်ကြောလေးတွေက ရှုပ်ထွေးနေတတ်ပါတယ်။  စေ့ရွက်တည်းပင်ကျတော့ သူ့ရွက်ကြောလေးတွေက အပြိုင်ရှိပြီး အတန်းလိုက်လေးတွေ ဖြစ်နေတတ်ပါတယ်။  ပြောင်းရွက်နဲ့ သရက်ရွက်ကို ဥပမာထားကြည့်လိုက်ပါ။ 

     (ဂ)  ခုဏက ပြောခဲ့တဲ့ Cambium ဆိုတဲ့ အလွှာလေးက ၂ ခုက ထိပြီးတော့ စည်းထားမှ အောင်မြင်မှာဖြစ်ပါတယ်။ စစချင်း ၂ ခုကို ဆက်ကတည်းက အလွှာ၂ ခု ထိကပ်နေအောင် ကြည့်ပေးဖို့ လိုပါတယ်။  

     အဲ့ဒါဆိုရင် အောင်မြင်ဖို့ လွယ်ပါတယ်နော်။ 

     တကယ်လို့များ သူတို့ (၂) ခုက မကိုက်ညီဘူးဆိုရင် အောက်ကအတိုင်း တွေ့ရမှာပါနော်။ 

     (၁) ဆက်ထားတဲ့နေရာကနေ မအောင်မြင်တဲ့ပုံတွေ တွေ့လာရပါတယ်။ အပင်ထွက်မလာတာတို့ အမြစ်မထွက်တာတို့ ဖြစ်တတ်ပါတယ်။ 

     (၂) အပင်ထွက်လာရင်လည်း အရွက်တွေဝါလာတယ် အရွက်တွေကြွေလာတယ်။ ကြီးထွားမှု ရပ်လာတယ်။ ပြီးတော့ သန်မာမှုက နည်းပါးလာပါတယ်။ 

     (၃) အောက်က ဆက်ထားတဲ့ကောင်က ပိုကြီးနေတာတို့၊ ငယ်နေတာတို့ စတဲ့ ကြီးထွားမှု မညီပဲ ကြီးတာ သေးတာ ဖြစ်နေတတ်ပါတယ်။ 

     (၄) စိုက်ရေးပျိုးရေး အမှားကြောင့် လူတွေကြောင့် ရာသီဥတုကြောင့် မဟုတ်ပဲ မရင့်မှည့်ခင် မကြီးထွားခင် သေသွားမှာ ဖြစ်ပါတယ်။ 

အချင်းချင်း သက်ရောက်မှုတွေ

     အစိတ်အပိုင်း (၂)  ခုကို စပ်ထားတာဆိုတော့ အပေါ်ကနေ အောက်ကို အောက်ကနေ အပေါ်ကို သက်ရောက်လွှမ်းမိုးမှုတွေရှိပါတယ်။  အဓိက အောက်ခြေက မြေကြီးထဲမှာနေပြီး မြေချဉ်ငံကိန်း၊ မြေအစိုဓာတ်နဲ့ အဓိက ထိတွေ့ရတာကြောင့် သူက အပင်ရဲ့ အမာခံဖြစ်ပြီး အပင်ပေါ်ကို သက်ရောက်နိုင်တယ်။  အပေါ်ပိုင်းကလည်း သီးနှံရဲ့ အရည်အသွေး တွေဖြစ်တဲ့ အရောင်အဆင်းနဲ့ အနံ့အရသာတွေ အပေါ်မှာ သက်ရောက်မှုတွေရှိပါတယ်။ 

     ကိုင်းဆက်ရင်း အကျိုးထူးနိုင်ကြပါစေ။ စီးပွားဥစ္စာများလည်း တိုးပွားနိုင်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

http://www.nzdl.org/gsdlmod?e=d-00000-00---off-0fnl2%2E2--00-0----0-10-0---0---0direct-10---4-----sti--0-1l--11-en-50---20-about-dryland--00-0-1-00---4-4---0-0-11-11-0utfZz-8-00-10&cl=search&d=HASH0150ba4e9f73176fac50b5ae.7.5.7.2&gt=1#:~:text=Grafting%20is%20limited%20by%20the,all%20in%20the%20genus%20Prunus.

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်