ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျယ်

18/11/2019 11:30 AM တွင် မောင်လှိုင်ပြည့်ဖြိုး မောင်လှိုင်ပြည့်ဖြိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဦးကြီးတို့ရေ လိပ်ပြာဖလံအုပ်စုဝင်ဖျက်ပိုးတွေ ဦးကြီးတို့ရဲ့စိုက်ခင်းတွေမှာ ကျရောက်နေတယ်ဆိုရင် ထရိုင်ဂိုဂရားမားနဂျယ်လေးကို သတိရစေချင်ပါတယ်ဗျာ။ ဦးကြီးတို့ခင်ဗျာ ထရိုင်ဂိုဂရားမားနဂျယ်ဆိုသည်က စပါးရွက်လိပ်ပိုး၊ စပါးရွက်ကပ်ပိုး၊ စပါးပင်စည်ထိုးပိုးတို့ ကဲ့သို့သော လိပ်ပြာဖလံအုပ်စုဝင်အင်းဆက်ဖျက်ပိုးတွေကို အဓိက နှိမ်နင်းနိုင်သော အင်းဆက်သတ္တဝါအသေးလေးပင်ဖြစ်ပါတယ်။ ၎င်းတို့၏ မျိုးစိတ်အလိုက် အင်းဆက်ဖျက်ပိုးအမျိုးမျိုးကို နှိမ်နင်းနိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။

ထရိုင်ဂိုဂရားမားနဂျယ်ဟာ ဥကပ်ပါးတစ်မျိုးဖြစ်ပါတယ် ဦးကြီးရေ။ ဥကပ်ပါးဆိုတာဟာ ဖျက်ပိုးရဲ့ဥမှာ ကပ်ပါးနေထိုင်စားသောက်၍ ဖျက်ပိုးများကိုနှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ထရိုင်ဂိုဂရားမားနဂျယ်အမက ၎င်း၏ဥတွေကိုဖျက်ပိုး၏ဥများအတွင်းမှာ ဥချပါတယ်။ ပြီးနောက်နဂျယ်ဥမှအကောင်ပေါက်လာသော နဂျယ်သားလောင်းဟာ ဖျက်ပိုး၏ ဥအတွင်းရှိ အစာအဟာရများကို စားသောက်၍ ၎င်း၏ကြီးထွားမှုအဆင့်ကို ဖျက်ပိုး၏ဥအတွင်းတွင်သာ ပြီးဆုံးစေပါတယ်။ နဂျယ်တို့၏ ကပ်ပါးပြုမှုကိုခံရသော ဖျက်ပိုးတို့၏ဥမှာ ပုံမှန်အရောင်မဟုတ်တော့ဘဲ အမည်းရောင်အဖြစ်ပြောင်းလဲသွားပါ တယ်။ နဂျယ်သားလောင်းမှ သက်ကြီးကောင်အဆင့်သို့ရှောက်ရှိလာချိန်တွင် နဂျယ်သက်ကြီးကောင်က ဖျက်ပိုး၏ဥကိုဖောက်ပြီးအပြင်ကို ထွက်လာပါတယ်ခင်ဗျ။ ဤနည်းလမ်းဖြင့် ပင်ဖျက်ပိုးများရဲ့ဥတွေကို စားသောက်ဖျက်ဆီးကာ သီးနှံဖျက်ပိုးဖျက်ဆီးမှုဒဏ်ကို ဖျက်ပိုး၏ဥအဆင့်၌ပင် ကြိုတင်ကာကွယ်တားဆီးနိုင်ပါတယ်။

ထရိုင်ဂိုဂရားမားနဂျယ်ကို ဘယ်လိုအသုံးပြုကြမလဲ။ ဥမှ အကောင်ပေါက်ခါနီးဖြစ်နေသော ထရိုင်ဂိုဂရားမားနဂျယ်ဥ တစ်ထောင်ခန့်ပါတဲ့ ဥကပ်ပြားတွေကို စိုက်ခင်းအတွင်း နေရာအနှံ့လိုက်ထားပေးရုံသာ ဖြစ်ပါတယ်။ အရေးကြီးသည်က ကွင်းအတွင်း နဂျယ်ဥကပ်ပြား ထားသည့်အချိန်ပင် ဖြစ်ပါတယ်။ ဦးကြီးတို့မှာဖျက်ပိုး၏ ကြီးထွားမှုအဆင့်တွေကို သိရှိနားလည်ပြီး ဖျက်ပိုးများဥ ဥသောအချိန်နှင့် နဂျယ်လွတ်သောအချိန်မှာ အံကိုက်ဖြစ်နေရန် အရေးကြီးပါတယ်။

ထရိုင်ဂိုဂရားမားနဂျယ်များဟာ ပျံသန်းနိုင်မှုစွမ်းအားနည်းလှတာကြောင့် ၎င်းတို့ကို ကွင်းအတွင်းနေရာအနှံ့ ဥကပ်ပြားများကိုထားရှိရန်လည်း လိုအပ်ပါတယ်ခင်ဗျ။

လယ်ယာသီးနှံများအတွက် ထရိုင်ဂိုဂရားမားနဂျယ်များကို တစ်ဧကလျှင် အကောင်ရေ ၁၀၀၀၀၀ - ၃၀၀၀၀၀ ကောင်နှုန်းဖြင့် သုံးပတ်ကျော်ကျော် သို့မဟုတ် အင်းဆက်ဖျက်ပိုး၏ ဥဥကာလချိန်ကျော်သည်အထိ ကွင်းအတွင်းနဂျယ်များ ပျံ့နှံအောင် လွှတ်ပေးရမည်ဖြစ်ပါတယ်။

ဥယျာဉ်ခြံများတွင်မူ ဖလံများကိုထောင်ချောက်ထဲတွင် တွေ့လျှင်တွေ့ချင်း တစ်ဧကလျှင် အကောင်ရေ ၅၀၀၀၀ − ၁၀၀၀၀၀ ကောင်နှုန်းဖြင့် သုံးပတ်ကြာ နဂျယ်လွှတ်ခြင်းလုပ်ငန်းကို အပတ်စဉ်လုပ်ကိုင်ရမည် ဖြစ်ပါသည်။ အိမ်တွင်းစိုက်ပျိုးမှုများအတွက် သုံးပတ်တွင် တစ်ပတ်စီ၌အကောင်ရေ ၁၂၀၀၀ကိုလွှတ်ပေးရပါမည်။

ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျယ် အသုံးပြုရခြင်း၏အကျိုးကျေးဇူးများ-

 - လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးများကို ဥအဆင့်ကတည်းက နှိမ်နှင်းနိုင်သည်။

 - ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်သည်။

 - တောင်သူများ၏ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်းနှင့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ကင်းဝေးစေသည်။

 - သီးနှံစိုက်ခင်းထဲရှိ အခြားသက်ရှိများ၊ မြေထု၊ ရေထုနှင့် လေထုတို့ကိုလည်းအန္တရာယ်မဖြစ်စေနိုင်ပါ။

 - ထရိုင်ဂိုဂရားမားနဂျယ် အသုံးပြုခြင်းဖြင့် လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို နှိမ်နှင်းရာတွင် ရေရှည်အသုံးပြုနိုင်ပြီးကုန်ကျစရိတ်သက်သာ၍ လုံခြုံစိတ်ချသော စားသုံးသီးနှံများကိုထုတ်လုပ်ပေးနိုင်သည့် နည်းလမ်းပင် ဖြစ် ပါသည်။

 လှိုင်ပြည့်ဖြိုး

 References: ဥကပ်ပါးနဂျယ်မွေးမြူနည်းလက်ဆွဲစာအုပ်

 http://ppdmyanmar.org/biological-control-section/trichogrammanagi/

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်