ပြည်တွင်းစျေးကွက်၌ မတ်ပဲစျေးတစ်တန်လျှင် ကျပ် ၇၄၀၀၀၀ အထိ ရောက်ရှိလာပြီး ယခင်လထက် ကျပ် ၉၀၀၀၀ ဝန်းကျင် စျေးတက်လာ

09/04/2019 10:32 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြည်တွင်းစျေးကွက်၌ မတ်ပဲစျေးတစ်တန်လျှင် ဧပြီ ၁ ရက်က ကျပ် ၇၄၀၀၀၀ အထိ ရောက်ရှိလာပြီး မတ် ၁ ရက်ကဖြစ်ပေါ်ခဲ့သည့် မတ်ပဲစျေးထက် တစ်တန်လျှင် ကျပ် ၉၀၀၀၀ ဝန်းကျင်စျေးတက်လာကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ပြီးခဲ့သည့် မတ် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၇၅၀၀၀၊ ဖေဖော်ဝါရီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀ စျေးရှိခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်