နွားချေးပြာအား မြေသြဇာအဖြစ် အသုံးပြုခြင်း

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

နွားချေးအား ပြာချအသုံးပြုခြင်းသည် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အာဟာရဓာတ်များရရှိရန် အသုံးပြုခဲ့သော မိရိုးဖလာနည်းပညာတစ်ခုဖြစ်ပါသည်။

နွားချေးပြာ (Cattle-manure ash) သည် မြေချဉ်ငံဓာတ် (pH) နှင့် မြေ၏ အစိုဓာတ်ထိန်းသိမ်းထားနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသည်။ ထို့အပြင် မြေတွင်းအောင်းပိုးမွှားများကို တွန်းလှန်မောင်းနှင်ပြီး ပေါင်းစေ့များကို ပျက်စီးစေသောကြောင့် ပေါင်းရှင်းရန်ကုန်ကျသောစရိတ်ကို လျော့နည်းသက်သာစေသည်။

နွားချေးပြာကို ဟင်းသီးဟင်းရွက်ပျိုးခင်းများနှင့် စိုက်ဘောင်များတွင် အသုံးပြုနိုင်သည်။

နွားချေးပြာအသုံးပြုရခြင်း၏ အကျိုးကျေးဇူးများ

  • မြေအစိုဓာတ်ထိန်းသိမ်းထားနိုင်မှုနှင့် အပင်အတွက်လိုအပ်သောအာဟာရဓာတ်များ တစ်ရာသီအတွင်းအထိ ထောက်ပံ့ပေးထားနိုင်မှုတို့ကြောင့် အစေ့များအညှောက်ပေါက်နှုန်းမြန်စေပြီး အညှောက်ပေါက်မှုလည်း ညီညာစေသည်။ အပင်များကြီးထွားမှုနှုန်းကိုလည်း ကောင်းစေသည်။
  • နွားချေးပြာသည် ရေဝပ်မှုကိုလျော့ချပေးပြီး မြေဖုံးပစ္စည်း (Mulch)အဖြစ်လည်း မြေကြီး၏ အစိုဓာတ်ကို ထိန်းသိမ်းထားပေးသည်။
  • အရွက်နှင့် အမြစ်စားသီးနှံများတွင်ကျရောက်သော ပိုးမွှားရောဂါများ(ဥပမာ - နီမတုတ်)ကို ကာကွယ်နှိမ်နင်း နိုင်သည်။
  • နွားချေးနှင့်အတူပါလာသော ပေါင်းစေ့တို့ကို မီးရှို့လိုက်သောကြောင့် အလိုလိုပေါင်းနှိမ်နင်းပြီးသားဖြစ်သွားသည်။
  • နွားချေးအား သယ်ယူပို့ဆောင်ရန် ခက်ခဲမှုမရှိဘဲ အလွယ်တကူလည်းရနိုင်သည်။
  • ဓာတ်မြေဩဇာအသုံးပြုရသောကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်သည်။
  • နွားချေးပြာသုံး၍ စိုက်ပျိုးသောဟင်းသီးဟင်းရွက်များသည် ဓာတ်မြေဩဇာများသုံး၍ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များထက် အရသာပို၍ချိုမြသည်။

ဆောင်ရွက်ရန်လိုအပ်သော ပစ္စည်းများ

  • ပေါက်ပြား
  • အနည်းဆုံး ၁ လသားသက်တမ်းရှိ ခြောက်သွေ့ပြီး မွနေသည့် နွားချေး

ဆောင်ရွက်ပုံနည်းလမ်းများ

၁။ စိုက်မည့်မြေသည် ရွံ့စေးအရမ်းဆန်သောမြေဖြစ်လျှင် နွားချေးအား ပျိုးဘောင်(သို့) စိုက်ဘောင်ပေါ်တွင် ပုံ (၁) တွင် ပြထားသကဲ့သို့ ပုံပါ။ တစ်မီတာပတ်လည်တွင် နွားချေး ၅-၁၀ ကီလိုဂရမ်အသုံးပြုပါ။ ညနေခင်းပိုင်းတွင် နွားချေးပုံအား မီးရှို့ပြီး တစ်ညလုံးလောင်ကျွမ်းနေအောင်ထားပါ။ သဲဆန်သောမြေများနှင့် နှုံးဆန်သော မြေများတွင် နွားချေးအားတစ်ခြားနေရာတွင် သီးသန့်မီးရှို့ပြီးပြာများကိုသာ ဟင်းသီးဟင်းရွက်စိုက်ဘောင်များသို့ သယ်ဆောင်သွားရမည်။ပုံ (၂) တွင် ပြထားသကဲ့သို့ အခြားနေရာတွင် နွားချေးများအား ပြာချပြီး ၎င်းပြာများအား မြေနှင့်ရောပြီး စိုက်ကျင်းများအတွင်းသို့လည်း ထည့်နိုင်သည်။

၂။ နံနက်ပိုင်းတွင် နွားချေးပြာများအား ညီညီညာညာ ဖြန့်ပါ။ ထို့နောက် ၎င်းတို့အား မြေအတွင်းသို့ရောက်သွားအောင် ပေါက်ပြားဖြင့် ပေါက်မွှေပေးရမည်။ သို့သော် ၎င်းပြာများအား မြေအတွင်း ၂ လက်မအောက် ရောက်မသွားစေရန် ဆောင်ရွက်ရမည်။ ရေလောင်းသောအခါ အစိုဓာတ်ကိုထိန်းထားရန် ပြာတချို့တဝက်မြေပေါ်တွင်ချန်ခဲ့ရမည်။

၃။ စိုက်ဘောင်အား ရေပါးပါးလောင်းပေးရမည်။

၄။ ဟင်းသီးဟင်းရွက်မျိုးစေ့များအား အတန်းလိုက်ဖြစ်စေ၊ ကျဲပက်၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။

၅။ ပျပိုးအားနှိမ်နင်းရန် အရွက်များပေါ်သို့ပြာများအား ဖြူးပက်ပေးနိုင်သည်။

ဆောင်ရန်

  • ပြာများအား မြေမျက်နှာပြင်ပေါ်နှင့် မြေကြီးအတွင်း အပေါ်ယံ ၂ လက်မအတွင်းတွင်သာရှိစေရမည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့်မြေအစိုဓာတ်ကို ထိန်းသိမ်းထားပြီး ဟင်းသီးဟင်းရွက်ပင်များ၏အမြစ်ဇုံတွင် အာဟာရဓာတ်များကိုပို၍ ရရှိစေသည်။
  • ရွံ့စေးဆန်သောမြေများတွင် ယခင်နွားချေးပြာချနေရာများအား သုံးနှစ်တစ်ကြိမ် တစ်ရာသီ မြေလှပ်ထားရမည်။

ရှောင်ရန်

  • မိုးရာသီနှင့်ထိတွေ့ပြီးသော နွားချေးအား အသုံးမပြုရပေ။
  • ပြာများသည် လေနှင့်အတူလွင့်စင်နိုင်သောကြောင့် နေ့အခါတွင် နွားချေးအားမီးမရှို့သင့်ပေ (များသောအားဖြင့် ညအခါတွင်လေငြိမ်တတ်သောကြောင့် ညနေခင်းအခါမှသာမီးရှို့ခြင်းကို ဆောင်ရွက်သင့်သည်)။
  • သဲဆန်သောမြေများနှင့် နှုံးဆန်သောမြေများတွင် နွားချေးအားပုံ၍ မီးမရှို့သင့်ပေ။ဤသို့ဆောင်ရွက်ခြင်းဖြင့် ရေထိန်းထားရန် မြေကြီး၏အရည်အသွေးကို ပျက်စီးစေနိုင်သည်။
  • မြေတစ်နေရာတည်းတွင် နွားချေးအား မကြာခဏ မီးရှို့ခြင်းသည်လည်း အပေါ်ယံမြေသားကို ပျက်စီးစေသောကြောင့် ယင်းသို့ဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

21-8-2009 (8:45 pm)

(မှတ်ချက်။ ။Sustainable Agriculture Extension Manual ပါ “Cattle-manure ash” အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားပါသည်။)

 
 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်