အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွားကလေးကို ဘယ်လိုစနစ်တကျ ပြုစုစောင့်ရှောက်မလဲ

နွားကလေးကို ဘယ်လိုစနစ်တကျ ပြုစုစောင့်ရှောက်မလဲ

MDEP
MDEP • MDEP • 20/12/2018

" နွားကလေးပြုစုမွေးမြူခြင်းနှင့် ပတ်သက်ပြီး ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးစွာပြောချင်တာက မွေးမြူသူတွေဟာ ဘာကြောင့်နွားကလေးတွေကို မွေးမြူပြုစုကြလဲဆိုရင် နွားမကြီးတွေနေရာမှာ အစားထိုးဖို့ ဒါမှမဟုတ် နွားအရေအတွက် တိုးချဲ့ဖို့ပါပဲ။ ဒါကြောင့် တစ်ချိန်မှာ နွားမကြီးတွေဖြစ်လာမဲ့ နွားကလေးတွေဟာ မွေးမြူသူတွေရဲ့ အနာဂတ်ဖြစ်တဲ့အတွက် နွားကလေးတွေကို ဘယ်လိုမွေးမြူပြုစုစောင့်ရှောက်သွားမလဲဆိုတာ သိရှိဖို့ လိုအပ်ပါတယ်" ဟု မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူရေးစီမံကိန်းမှ ဒေါက်တာခိုင်သီတာအောင် မှ ရှင်းလင်းပြောပြထားတဲ့ ဗီဒီယိုလေးကို တောင်သူများအတွက် ဖော်ပြပေးလိုက်ရပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။