မန္တလေးတိုင်းဒေသကြီးတွင် သတ္တမအကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ ဆိတ် ပြပွဲပြိုင်ပွဲကျင်းပမည်

08/02/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မန္တလေးတိုင်းဒေသကြီး၏အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး သတ္တမအကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မြန်မာ့နွားသိုးအလှ၊ နို့စားနွားနှင့် ဆိတ်ပြပွဲပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲကို ၁၁.၂.၂၀၁၉ (တနင်္လာ)နေ့ နံနက် ၈ နာရီတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုးရုံးဝင်း၊ ၇၈ လမ်း၊ မန္တလေးမြို့ တွင် ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။

အစိမ်းရောင်လမ်း