မြန်မာ့ ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စင်္ကာပူနိုင်ငံရှိ NTUC fair price သို့ တင် ပို့ရောင်းချခွင့်ရရှိ

09/12/2018 09:31 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

ဓါတုပစ္စည်းများနှင့် ပြုလုပ်ထားသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည်တို့ကို အသုံးအပြုပဲ စိုက်ပျိုး ထားသည့် ဓာတုကင်းလွတ် မြန်မာ့ဟင်းသီးဟင်းရွက်များကို စင်္ကာပူနိုင်ငံ၏ ဆိုင်ခွဲအများဆုံး ဖြစ်သည့် NTUC fair price တွင် တင်ပို့ရောင်းချခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိသည်။

အဆိုပါ ဟင်းသီးဟင်းရွက်များကို ၂၀၁၇ ခုနှစ်တွင်  စင်္ကာပူနိုင်ငံ၏ Coldstorage ခေါ်supermarkets သို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊  ယခု၂၀၁၈ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏  ဆိုင်ခွဲ အများဆုံးဖြစ်သည့် NTUC ကို တင်ပို့ ရောင်းချခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အသေးစိတ်ဖတ်ရန်နှိပ်ပါ...


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်