ကြက်ဥထွက်နှုန်းနှင့် အစာအဟာရ

22/08/2019 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကြက်ဥထွက်နှုန်းနှင့် ကြက်တို့အတွက် အစာအဟာရမှာ ဆက်စပ်နေပါသည်။ ဥပမာအားဖြင့် ကြက် (၁၀ဝ) ကောင် မွေးမြူထားပါက၊ ယင်းကြက် (၁၀ဝ) ဥသော ကြက်ဥနှင့် ၎င်းတို့ကိုကျွေးသော ကြက်စာဖိုးကုန်ကျမှုနှင့် တိုက်ရိုက်ဆက်သွယ်နေသည်။  ကြက်များ၏ ဥထွက်နှုန်းများပြားလာလေ၊ ကြက်ဥထုပ်လုပ်ရသည့် ကုန်ကျစရိတ်နည်းလာလေ ဖြစ်သည်။ ထိုသို့ ကြက်ဥထွက်နှုန်း များပြားလာရန်လည်း ကြက်စာတွင် လိုအပ်သောအာဟာရဓာတ်များ ပြည့်ဝစွာပါဝင်စေရန် လိုအပ်ပါသည်။

ကြက်ပေါက်နှုန်းနှင့် ကြက်စာ

   ပရိုတင်း(အသားဓာတ်နည်းပါးသောအစာ တနည်းအားဖြင့် ၁၂ ရာခိုင်နှုန်းထက်နည်းပါးသော) ကြက်စာများသာစားရသည့် ကြက်မှဥသော ကြက်ငယ်ကလေးများ ပေါက်ဖွားစံချိန် လျော့နည်းလာတတ်သည်။  ခြုံ၍ဆိုရလျှင် ကြက်စာတွင် ဖေါ်ပြခဲ့ပြီးသော သတ္တုဓာတ်များ၊ ဗီတာမင်ဓာတ်များ၊ ပရိုတင်း (အသားဓာတ်) များစသည့် အာဟာရဓာတ်များ ကြက်များတွင် လိုအပ်သည့်အချိုးအစားအတိုင်း ပါရှိစေရန် ဂရုစိုက်သင့်ပါသည်။

   အထက်တွင် ဖေါ်ပြခဲ့သော ဗီတာမင်ဓာတ်ချို့တဲ့လျှင် ဖြစ်တတ်သောအချက်အလက်များကို ဂရုပြုသင့်ပါသည်။

အသားစားကြက်များအတွက် အစာအာဟာရကျွေးမွေးခြင်း

အသားတိုးကြက်မျိုးများသည် ဥစားကြက်မျိုးများထက် ကြီးထွားနှုန်းမှာ နှစ်ဆခန့်အထိ လျင်မြန် သဖြင့် ထိုကြီးထွားနှုန်းအတွက် ပြည့်စုံလုံလောက်မည့် အဟာရဓာတ် လိုအပ်ပေသည်။ အသားတိုးကြက်စာတွင် ဥစားကြက်စာထက် အင်အားဓာတ် (energy) နှင့် အဆီဓာတ် (fat) ပါဝင်နှုန်း မြင့်မားရမည်။

ပရိုတင်း (အသားဓာတ်)ပါဝင်နှုန်းမှာလည်း မြင့်မားရမည်။ ထို့ပြင် ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်နှုန်းမှာလည်း ပြည့်စုံမြင့်မားရပေမည်။ သို့သော် အမျှင်ဓာတ် (Fibers) မှာမူ နည်းပါးရမည်။

ဖွဲနု - ၂၀ ပေါင်  (သို့ ) ပိဿာ

ဆန်ကွဲ - ၂၇ ပေါင်

ပြောင်း - ၁၀ ပေါင်

ပေါင်း - ၅၇ ပေါင်

--------------------------

ပဲဖတ်၊ နှမ်းဖတ် - ၂၅ ပေါင်

ငါးခြောက် - ၁၅ ပေါင်

ခရု - ၂ ပေါင်

ဖြည့်စွက်စာ - ၁ ပေါင်

ပေါင်း - ၄၃ ပေါင်

   အသားတိုးကြက်စာကို အထက်ပါစပ်နည်းဖြင့် ကြက်ငယ်မှ ရောင်းသည်အထိ ကျွေးနိုင်သည်။ ကြီးထွားနှုန်းမြန်ခြင်းကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော ဖြည့်စွက်စာကို အစာတွင် အပြည့်အဝထည့်သွင်းရန် လိုအပ်ပါသည်။

-  အသားတိုးကြက်များမှာ အစာကို အဆက်အပြတ် စားသောက်တတ်ခြင်းကြောင့် မပြတ်လပ်စေရန် ဂရုပြုသင့်သည်။

- အစာစိမ်းကျွေးပါက အစာစိမ်းစားနှုန်းများပြီး အစာနုစားနှုန်းလျော့ကျခြင်းကြောင့် အစာကိုမပြတ်လပ်စေရန် ဂရုပြုသင့်သည်။

- အစာစိမ်းကျွေးပါက အစာစိမ်းစားနှုန်းများပြီး အစာနုစားနုန်းလျော့ကျခြင်းဖြင့် အလေးချိန်တိုးနှုန်း လျော့နည်းသွားတတ်သည်။

- အစာကို ဥကြက်မများတွင်ကျွေးသကဲ့သို့ အတုံးအခဲမဖြစ်စေအောင် ဂရုစိုက်ရမည်။ တစ်နည်းဆိုရသော် အစာမှာမှုန့်ရမည် ဖြစ်သည်။

-   အစာအဟာရလိုအပ်ချက်နှင့် ကြက်၏အရွယ်၊ အချိုးနှင့် ရာသီဥတုအလိုက် အနည်းနှင့်အများကွာခြားမှုရှိလေသည်။

အစာပုံသဏ္ဌာန်

   အစာပုံသဏ္ဌာန်မှာ  အမှုန့် (mash)၊ အတောင့် (pellet) နှင့် အတောင့်တို့ကို ပြန်၍ကြိတ်ခွဲထားသော (crumble) ဟူ၍ သုံးမျိုးသုံးစားရှိသည်။ အတောင့်ကျွေးခြင်းဖြင့် အစာစားသုံးမှုမြင့်တက်စေခြင်း၊ ကြက်စာ၏အရည်အသွေးကို တိုးတက်စေခြင်း၊ အစာလေလွင့်မှုမရှိ လျော့ကျစေခြင်း၊ အစာမှုန့်ထက် စားသောက်ရန်လွယ်ကူခြင်း၊ အချို့သော အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များ လျင်မြန်စွာပျက်စီးမှုနည်းပါးခြင်း၊ အချို့သောဗက်တီးရီးယားနှင့် အချို့ဗိုင်းရပ်စ်ပိုးများ အစာအတောင့် (Pelletting) ပြုလုပ်စဉ် ပျက်စီးသွားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည်။

   သို့သော် ယင်းသို့ အစာတောင့်ကျွေးခြင်းသည် ကုန်ကျစရိတ်ပိုစေသည်။ ရေသောက်သုံးမှု ပိုစေသည်။ ၎င်းတို့မှ စွန့်ထုတ်သော အညစ်အကြေးမှာ ပျော့သည်။ တစ်ကောင်နှင့်တစ်ကောင် ဆိတ်ခြင်းကို တိုးတက်စေသည်။

အစာထဲတွင်ထည့်ကျွေးသင့်သော အခြားပစ္စည်းများ

   အစာထဲတွင် ခရု (Oyster shell) ကို ဖြည့်စွက်စာအဖြစ် ထည့်ကျွေးသင့်သည်။ အထူးသဖြင့် ဥကြက်များ၏အစာတွင် ဥခွံထူအောင်နှင့် အရည်အသွေးကောင်းအောင် ခရုကို ထပ်မံထည့်ကျွေးရမည်။ ၎င်းတွင် ကယ်လ်ဆီယမ် (၃၈) ရာခိုင်နှုန်း ပါဝင်သည်။ ထို့ပြင်အစာထဲတွင် ကျောက်ခဲသေး(Gret)ထည့်ကျွေးသင့်သည်။ ၎င်းမှာ နေ့တိုင်းကျွေးရန် မဟုတ်ပေ။ ယင်းသို့ကျွေးခြင်းဖြင့် အစာကြေညက်မှုကို ပို၍ဖြစ်စေသည်။ တွဲလောင်းချအစာခွက်တစ်ခုတွင် တစ်ပတ်မှာ ကြက် ၁၀ဝ ကောင်အတွက် (Grit)  ၁ ပေါင် (၄၅၄ ဂရမ်) ကျွေးနိုင်သည်။

ဒေါက်တာမြမြဌေး

နည်းသစ်စွယ်စုံဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်