ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးရေး

31/01/2020 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရာသီဥတုပြောင်းလဲခြင်းနဲ့ စိုက်ပျိုးရေးဟာ အပြန်အလှန်ဆက်နွယ်မှုရှိကြပြီး နှစ်ခုစလုံးဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတာဟာ ပျမ်းမျှအပူချိန်၊ မိုးရွာသွန်းမှုနဲ့ ရာသီဥတုအစွန်းရောက်ခြင်းများ (ဥပမာအားဖြင့် အပူလှိုင်းတွေ၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း) ဖျက်ပိုးရောဂါတွေပြောင်းလဲခြင်း၊ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ပြောင်းလဲခြင်းနဲ့ မြေပြင်က အိုဇုန်းပြင်းအားပြောင်းလဲခြင်းတွေ၊ အချို့အစားအစာတွေရဲ့ အာဟာရတန်ဖိုး လျော့နည်းလာတာနဲ့ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲလာတာ စတဲ့ မြောက်မြားစွာသော နည်းလမ်းများနဲ့ စိုက်ပျိုးရေးကို  အကျိုးသက်ရောက်မှုရှိစေပါတယ်။ 

    ရာသီဥတုပြောင်းလဲတာဟာ ကမ္ဘာအနှံ့ မတူညီစွာအကျိုးသက်ရောက်မှုနဲ့အတူ စိုက်ပျိုးရေးကို ထိခိုက်စေပြီးဖြစ်ပါတယ်။ အနာဂတ်မှာ ရာသီဥတုပြောင်းလဲတာဟာ လတ္တီကျုနိမ့်တဲ့ နိုင်ငံတွေမှာ သီးနှံထုတ်လုပ်ရေးကို ထိခိုက်ဖို့ အလားအလာရှိပြီး မြောက်ဖက်လတ္တီကျုတွေမှာ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ တိရစ္ဆာန်မွေးမြူရေးဟာလည်း ကာဘွန်ဒိုင်အောက်ဆိုဒ် မှန်လုံအိမ် ထုတ်လုပ်ရေး၊ ကမ္ဘာ့မီသိန်းရာခိုင်နှုန်း၊ အနာဂတ် မြေဆီသြဇာလျော့နည်းလာမှုနဲ့ ဒေသမျိုးစိတ်တွေ ပျောက်ကွယ်သွားတာ စတာတွေကိုဖြစ်ပါတယ်။  

    စိုက်ပျိုးရေးဟာ မှန်လုံအိမ်ဓါတ်ငွေ့တွေ ထုတ်လုပ်တာနဲ့ သစ်တောမြေတွေကနေ စိုက်ပျိုးရေးမြေအဖြစ် ပြောင်းလဲပြီး သစ်တောမြေလျော့နည်းလာတာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ သစ်တောနဲ့ မြေယာအသုံးပြုမှု ပြောင်းလဲတာဟာ ၂၀၁၀ ခုနှစ်မှာ ၂၀ ကနေ ၂၅% ပတ်ဝန်းကျင် ရှိပါတယ်။ များစွာသော မူဝါဒတွေဟာ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးကဏ္ဍက ဖြစ်ပေါ်လာတဲ့ မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်ရေးကြောင့်ဖြစ်တတ်တဲ့ ရာသီဥတုပြောင်းလဲရေးအန္တရာယ်ကို လျော့နည်းစေပါတယ်။ 

   အထွက်ကောင်းမျိုး၊ ဇီဝပြုပြင်သက်ရှိများနဲ့ ရေသွင်းစနစ်လို နည်းပညာတိုးတက်လာပေမဲ့ ရာသီဥတုဟာ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား၊ မြေကြီးဂုဏ်သတ္တိနဲ့ သဘာ၀အသိုင်းအဝိုင်းတို့မှာ အရေးပါနေဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအပေါ် ရာသီဥတုအကျိုးသက်ရောက်မှုဟာ ကမ္ဘာ့ရာသီဥတု ပုံစံများထက် ဒေသရာသီဥတု အပြောင်းအလဲများနဲ့ ဆက်စပ်မှုရှိပါတယ်။ ကမ္ဘာမြေမျက်နှာပြင် ပျမ်းမျှအပူချိန်ဟာ ၁၈၈၀ ခုနှစ်ကတည်းက ၁.၅ °F (၀.၈၃  °C) တိုးလာနေပါတယ်။ အကျိုးဆက်အနေနဲ့ စိစစ်သုံးသပ်ရေး လုပ်တဲ့အခါမှာ ဒေသဧရိယာကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ 

   အခြားတစ်ဖက်မှာ စိုက်ပျိုးရေးကုန်သွယ်ရေးဟာ များမကြာမီနှစ်များက တိုးတက်လာပြီး အခုအခါမှာ အဓိကကုန်ပစ္စည်းတင်သွင်းတဲ့ နိုင်ငံတွေအတွက် အမျိုးသားရေးအဆင့်တိုးစေကာ ကုန်ပစ္စည်းတင်ပို့သောနိုင်ငံတွေအတွက် ဝင်ငွေတိုးစေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလက္ခဏာနဲ့ စားနပ်ရိက္ခာလုံခြုံရေးတို့ဟာ ကမ္ဘာ့နဲ့အဝန်း ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ 

    ရေရှည်အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဟာ စိုက်ပျိုးရေးအပေါ် အောက်ဖော်ပြပါ မြောက်မြားစွာသော နည်းလမ်းများဖြင့် အကျိုးသက်ရောက်စေနိုင်ပါသည်။ 

    • ကုန်ထုတ်လုပ်မှုအရည်အသွေးနဲ့ အရေအတွက်စွမ်းအား 

    • ရေအသုံးပြုမှု ပြောင်းလဲခြင်း (ရေသွင်းခြင်း)၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာတို့ကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများတို့လို စိုက်ပျိုးရေးဆိုင်ရာ အလေ့အထများ

    • အထူးသဖြင့် (နိုက်ထရိုဂျင် ဆုံးရှုံခြင်းကိုဖြစ်စေသော) မြေဆုံးရှုံးသည့် အကြိမ်နှင့် ပြင်းအား၊ မြေတိုက်စားခြင်း၊ သီးနှံမျိုးပြားလျော့နည်းခြင်းတို့လို ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက် မှုများ 

    • စိုက်ပျိုးမြေဆုံးရှုံးခြင်းနဲ့ ရရှိခြင်းတို့ကတစ်ဆင့် ကျေးလက်ရွာဖြစ်ပေါ်လာခြင်း 

    • လိုက်လျောညီထွေရှိအောင်နေထိုင်ခြင်း၊ သက်ရှိတွေဟာ အနည်းနဲ့အများ ယှဉ်ပြိုင်နှိုင်စွမ်းအား ရှိလာပြီး၊ လူသားများဟာလည်း ရေမြုပ်ဒါဏ်ခံနဲ့ ဆားငန်ဒဏ်ခံ စပါးများတွေ ထုတ်လုပ်လာပါတယ်။ 

   စိုက်ပျိုးရေးပညာရှင်အများစုက စိုက်ပျိုးထုတ်လုပ်ရေးဟာ ရာသီဥတု တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ အများကြီးမဆိုင်ဘဲ ရာသီဥတုပြောင်းလဲခြင်း ပြင်းအားနဲ့ နေရာတို့က အများဆုံး ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ရာသီဥတုပြောင်းလဲတာဟာ တဖြည်းဖြည်းချင်းဖြစ်ပါက သက်ရှိတွေအား စိစစ်ဖို့ အချိန်လုံလောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီဥတု လျင်မြန်စွာပြောင်းလဲတာဟာ များစွာသောတိုင်းပြည်များက စိုက်ပျိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မြေညံ့နဲ့ ရာသီဥတုမကောင်းတဲ့ဒေသတွေမှာဖြစ်ပါတယ်။ 

   ဒါ့ကြောင့်မို့ စိုက်ပျိုးရေးနဲ့ ပါဝင်ပတ်သက်သူတွေဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုရှိလာတာကို နားလည်သဘောပေါက်ရန်လိုပြီး ဒေသ တွင်းဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်း၊ ဆွေးနွေးအဖြေရှာခြင်းတို့ဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ဝိုင်းဝန်းအဖြေရှာဖို့ လိုပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်