COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

08/10/2020 20:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
(၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၂၆၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၀၁၂)ဦး တွေ့ရှိရပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန