ENI ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ် ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC Myanmar မှထုတ်လွှင့်လျက်ရှိသော "စိုက်ပျိုးပညာမျှဝေရာ" ဆိုတဲ့ ရေဒီယို အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။
ဒီတစ်ပတ် စိုက်ပျိုးရေးပညာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် ဒုတိယညွှန်ကြားရေးမှူးအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနေသော ဆရာမ ဒေါက်တာခင်မိုးကျော် မှ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဦးကြီးတို့....ကိုယ်စိုက်ပျိုးတဲ့သီးနှံတွေဟာ နိုင်ငံတကာစံချိန်စံညွှန်းမီဖို့အတွက် အရည်အသွေးပိုင်းဆိုင်ရာတွေမှာ ဘေးအန္တရာယ်ကင်းရှင်းတဲ့ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့လိုတဲ့အလျောက် ဘယ်လိုအရည်အသွေးတွေ သတ်မှတ်ထားလဲဆိုတာမျိုးလည်း သိဖို့လိုအပ်ပါတယ်။
သိချင်တယ်ဆိုရင်တော့ ဆရာမရဲ့ ဆွေးနွေးချက်လေးကို ကြည့်လိုက်ရအောင်......
ယခုဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ကိုရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေ။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်