နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၂/၅)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။

နဂါးမောက်ပင်။ ။ အပေါက်မြန် ကြီးထွားသော တွယ်ကပ်ပင် ဖြစ်သည်။ အများအားဖြင့် သုံးထောင့်ပုံ ပင်စည် ကို ရှားပါးစွာ တွေ့ရတတ် ပါသည်။ ပင်စည်မှ အကိုင်း၊ အခက်၊ အတက် ခွဲများ ထွက်နေ သည်ကို တွေ့ရပါမည်။ အကိုင်း၊ အခက်၊ ပင်စည်မှ အမြစ်ပွားများ ထွက်လာပြီး ယင်းအမြစ်ပွား များက တွယ်ကပ်၍ ရသော သစ်ပင်၊ ကျောက်နံရံ စသည် အသင့် အတင့် စွတ်စိုသော မှီတွယ် စရာကို မှီတွယ်၍ တက်ပါသည်။

နဂါးမောက်ပန်းပွင့်။ ။ သုံးခုမှ ငါးခု ပါသော အဖူးတို့သည် ပင်စည်မှ တိုက်ရိုက် ထွက်လာပါသည်။


ယင်းအဖူး တို့သည် (၁၃) ရက်ခန့်တွင် ပန်းဖူးများ အဖြစ် ပြောင်းလဲ သွားပါမည်။ အစိမ်းရောင် ဖျော့ဖျော့ ပန်းဖူး တို့သည် တစ်ဆယ့် ခုနှစ်ရက်ခန့် အကြာတွင် နှစ်ဆယ့်ရှစ် စင်တီမီတာ (၁၁ လက်မခန့်) ခန့်သို့ ရောက်ရှိ မည် ဖြစ်ပါသည်။ ပန်းပွင့်တို့ သည် ညနေ (၆)နာရီ မှစ၍ လျှင်မြန်စွာ ပွင့်လာပြီး ည(၁၀)နာရီခန့် တွင် အစွမ်းကုန် ပွင့်ပါမည်။ နောက်နေ့ည (၂) နာရီခန့် တွင် ပန်းပွင့် ဝတ်မှုန် ကူးပြီး ပန်းပွင့် ညှိုးပိတ် နေပါမည်။ ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ အလင်းရောင် ပန်းပွင့်ခြင်းကို ဩဇာ သက်ရောက် ပြောင်းလဲ စေနိုင် ပါသည်။ ပူနွေး၍ တိမ်သာသော နေ့တွင် ညနေ (၄)နာရီခန့် တွင် ပန်းပွင့်နိုင် သလို အေးမြသော ရာသီဥတုတွင် ပန်းပွင့်ဖက် များ ညှိုးပိတ်ခြင်းကို နေ့ခင်း (၁)နာရီခန့် အထိ တွေ့နိုင် ပါမည်။ ညတွင် ပန်း ပွင့်ခြင်း ဖြစ်သော်လည်း ပန်းဝတ်မှုန် ကူးခြင်း ညတွင် မဖြစ်ခဲ့ပါက နောက်နေ့ နံနက် အထိ ပန်း ဆက်လက် ပွင့်နေမည် ဖြစ်ပါသည်။ ပန်းပွင့် အဖူး မှ ပန်းပွင့် သည် အထိ (၂၅-၃၅) ရက်ခန့် ကြာတတ် ပါသည်။ စာရေးသူ၏ နဂါးမောက်ခြံတွင် ဧပြီလမှ နိုဝင်ဘာလ အထိ နဂါးမောက်ပန်းများ ပွင့်ပါသည်။ ဒီဇင်ဘာလ အအေးပေါ့သော ကာလ (ကျွန်တော့်ခြံ နေရာနှင့် နှိုင်းယှဉ် ပြောပါသည် ) တွင်လည်း အနည်းငယ် သီးပွင့် တတ်ပါသည်။

ပန်းဝတ်မှုန်ကူးခြင်း။ ။သစ်သီးများ ကြီးထွား အောင်မြင် စေရန် ဝတ်မှုန် ကူးခြင်းသည် အလွန် အရေး ကြီးသည်။ နဂါးမောက် ပန်းပွင့် တို့သည် ညတွင် ပွင့်သောကြောင့် ညတွင် သွားလာ နေသော အင်းဆက်၊ တိရိစ္ဆာန်ငယ် များကြောင့် ဝတ်မှုန်ကူးခြင်း အောင်မြင် နေရပါသည်။ စာရေးသူ၏ ခြံတွင် သီးနှံ အသစ် အဖြစ် စိုက်ပျိုး ရာတွင် သဘာဝ အလျောက် ဝတ်မှု ကူးခြင်း အောင်မြင်မှု သင့်တင့်အောင် ရှိပါသည်။ သို့သော် ဝတ်မှုန်ကူးခြင်း အားလုံး အောင်မြင်ရန်မှာ လူနှင့် ဝတ်မှုန် ကူးခြင်း ပြုလုပ် ပေးရ မည်ကို အလေးအနက် ထား၍ စဉ်းစား ရပါမည်။ ပျားမွေးမြူခြင်းကို တွဲဖက် ပြုလုပ် ပါက ဝတ်မှုန်ကူးခြင်း အလုပ်ကို ပျားများက တာဝန်ယူ သွားမည် ဖြစ်ပါသည်။

"ပင်တည်း ဝတ်မှုန် ကူးခြင်းထက် ပင်ခြား ဝတ်မှုန် ကူးခြင်းက သာလွန် ကောင်းမွန်သော အသီးများ ရနိုင်သဖြင့် နဂါးမောက် အဖြူသီး နှင့် အနီရောင် အသီး မျိုးပင် တို့ကို သင့်တင့်စွာ ရော၍ စိုက်ပေး ထားသင့် ပါသည်။"

နဂါးမောက်အသီးသီးခြင်း။ ။နဂါးမောက်သီး အရွယ်အစား ကြီးသည် ဖြစ်စေ၊ အလယ် အလတ်စား ဖြစ်စေ၊ ပုံသဏ္ဍာန်မှာ ကြက်ဥကြီး၊ ဘဲဥကြီး အဝိုင်းပုံနှင့် ပွင့်ဖက်ချပ် များ ပါဝင်သည်။ အသီးအရောင်မှာ အနီရောင် ဖြစ်ပါသည်။ အသီး၏ အတွင်း အသား ရောင်မှာ အဖြူရောင် သို့မဟုတ် အနီရောင် ဖြစ်ပါသည်။ အဝါရောင် နဂါး မောက်သီး ကိုတော့ စာရေးသူ၏ ခြံတွင် မရရှိ သေးပါ။ နဂါးမောက်သီး၏ ပြင်ပ အရောင်မှာ နုစဉ် ကာလတွင် အစိမ်းရောင် ဖြစ်ပြီး ခန့်မှန်းခြေ နှစ်ဆယ့်ငါးရက်ခန့် အကြာတွင် အစိမ်းရောင်သည် လေးရက်မှ ငါးရက်ခန့် ကြာပြီးလျှင် လုံးဝ အနီရောင်သို့ ပြောင်းလဲ သွားပါမည်။

နဂါးမောက်သီး၏ အသီး အဆင့်ဆင့် ဖြစ်ပေါ်လာပုံ ။ ။ ရင့်မှည့်လာချိန်မှာ အသီးကင်း စသည်မှ စ၍ အသီး ရင့်မှည့် လာချိန် အထိ ရက်ပေါင်း နှစ်ဆယ့်ငါးရက်မှ လေးဆယ့်ငါးရက် ခန့်ကြာ ပါသည်။ နဂါးမောက်သီးကို အခွံခွာ၍ အခြောက်ခံလျှင် အလေးချိန် လျော့ကျ သွားသလို အသား သည်လည်း ပျဉ်းတွဲ လာပါသည်။ နဂါးမောက်သီးသည် ခူးဆွတ် ပြီးနောက် ရင့်မှည့် ပြောင်းလဲခြင်း မရှိပါ။ အရင့်မှည့်ဆုံး အချိန်တွင် နဂါးမောက် သီးသည် အနီရောင်သို့ ပြောင်းလဲ သွားပါမည်။ အသီးတွင် ရှိသော ရွက်ဖက်များ၏ အရောင် သည်လည်း အနီရောင်သို့ ပြောင်းပါမည်။ အတွင်းသား အဖြူရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အစိမ်းရောင် ဖြစ်ပြီး အတွင်းသား အနီရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အနီရောင် ဖြစ်ပါသည်။ အသီးမှည့်ချိန်၊ ခူးဆွတ်ချိန် မှာ အသီး စတင်ပြီးနောက် ရက်ပေါင်း သုံးဆယ်မှ ငါးဆယ် ကြာပါသည်။ နဂါးမောက်သီးပင် သည် ပူအိုက်စွတ်စို၊ သို့မဟုတ် ပူအိုက် ခြောက်သွေ့သော ရာသီဥတုတွင် စိုက်ပျိုးနိုင်ပြီး နိုင်ငံ အများအပြား တွင် အောင်မြင်စွာ စိုက်ပျိုး နေသည်ကို လေ့လာ သိရှိ ရပါသည်။

နဂါးမောက်သီး စားသုံးမှု နှင့် အသုံးချမှု

နဂါးမောက်သီးကို အသီးမှည့် စားသုံးမှု သာမက စက်မှု ကုန်ကြမ်း အဖြစ်လည်း အသုံးပြု နိုင်ပါသည်။ အသီး ၏ ၇၀% မှ ၈၀% ရှိသော အသီး၏ အသားကို စားသုံး နိုင်ပြီး အသီးမှည့် အတိုင်း မပြုပြင်ဘဲ စားသုံးလေ့ ရှိပါသည်။ နဂါး မောက်သီး မှည့်ကို စက်မှု ကုန်ကြမ်း အဖြစ် သုံးပြီး ဖျော်ရည်၊ ယိုလုပ်ငန်း၊ ရေခဲမုန့်၊ ဂျယ်လီနှင့် ဝိုင်လုပ်ငန်းများ တွင် တွင်ကျယ်စွာ သုံးလေ့ ရှိပါသည်။ အစားအသောက် များကို အရောင်ဆိုးရန် အတွက် သဘာဝ ဆိုးဆေး လုပ်ငန်းတွင် လည်း အသုံးပြု ပါသည်။ နဂါးမောက်ပန်း အဖူးကလေး များကို စွပ်ပြုတ်ပြု၍ စားသောက် နိုင်သလို အပွင့် ကိုလည်း လ္ဘက်ခြောက် ကဲ့သို့ ရေနွေး ဆူဆူ နှင့်သောက်ပါက ဆီးချို၊ သွေးချို နှင့် သွေးတိုး ရောဂါသည်များ အတွက် ကျန်းမာရေး ဆေးတစ်မျိုး အနေနှင့် သုံးလေ့ ရှိပါသည်။ နဂါးမောက်သီး အနီတွင် ကျန်းမာရေး ထောက်အကူပြု ဂုဏ်သတ္တိများ ဆေးဖက်ဝင်သည့် အကျိုး ကျေးဇူး ရှိပါသည်။ နဂါးမောက်သီး အနီသည် ကင်ဆာ ရောဂါကို ကာကွယ်နိုင် သလို ဆီးချိုရောဂါ ကိုလည်း သက်သာစေ ပါသည်။ အဆိပ်အတောက် ကို ပြေစေ သဖြင့် ကိုလက်စထရော ကို ကျစေပြီး သွေးတိုးကို ကျစေ သက်သာစေ ပါသည်။ သွေးတွင် ပါဝင်သော သကြား ပမာဏကို လျော့ကျ စေပြီး သွေးယိုစီးမှုကို ကာကွယ်ခြင်း နှင့် သွားများ ကိုလည်း ခိုင်မာစေ ပါသည်။ နဂါးမောက်သီးတွင် ဗီတာမင်စီ နှင့် ဖော့စပရပ် ဓါက်များ ပါဝင်သဖြင့် အရိုးများကို ခိုင်မာစေပြီး သွားများကို ခိုင်မာစေခြင်း နှင့် အသားအရေ၊ အရေပြားတို့ကို လှပစေ ပါသည်။ အားလုံးခြုံငုံ၍ ပြောရလျှင် နဂါးမောက် အနီသီးသည် ကျန်းမာရေး အထောက်အကူ ဖြစ်သည့် ဆေးဖက်ဝင် အသီး တစ်မျိုး ဖြစ်ပါသည်။

နဂါးမောက်သီးပင် စိုက်ပျိုးရေး ခြံများကို အိမ်တွင် တစ်နိုင်တစ်ပိုင် မှစ၍ ဧကပေါင်း များစွာ စိုက်ပျိုးသော ခြံများ အထိ တွေ့ရနိုင် ပါသည်။ စာရေးသူ၏ ခြံတွင် နဂါးမောက် ပျိုးပင်များနှင့် ကိုင်းဖြတ်များကို လိုအပ်သလောက် ဝယ်ယူ ရရှိနိုင် ပါသည်။ နဂါးမောက်ပင် စိုက်ပျိုးခြင်းသည် ဝင်ငွေကို အမြန်ဆုံး ပြန်ရရှိ စေသော နှစ်ရှည် သီးစားပင် ဖြစ်ပါသည်။ ပထမ (၈)လမှ (၂)နှစ်အတွင်း ဝင်ငွေ ရရှိနိုင်ပြီး (၅)နှစ် အတွင်း အပြည့်အဝ သီးပွင့်၍ ပုံမှန် ဝင်ငွေကောင်း ရရှိစေ နိုင်ပါသည်။ နဂါးမောက်သီးပင် စိုက်ပျိုးခြင်းသည် ပူနွေး ခြောက်သွေ့သော နေရာဒေသ များတွင် စိုက်ပျိုးရန် အထူး သင့်လျော်သော နှစ်ရှည် သီးစားပင် ဖြစ်ပါသည်။ အသင့်အတင့် ဆားပေါက် နေရာများ တွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင် ပါသည်။ မြန်မာပြည် နောင်ချိုမြို့နယ် နှင့် ပုပ္ပါးတောင် ဒေသတွင် စီးပွားဖြစ် အောင်မြင်စွာ စိုက်ပျိုး နေသည်ကို တွေ့ရှိရ ပါသည်။ နဂါးမောက်ပင်ကို အခြား သီးနှံများ နှင့် အတူ တွဲ၍ အောင်မြင်စွာ စိုက်ပျိုးခြင်း သစ်တောဌာန နှင့် ပေါင်း၍ စိုက်ပျိုးခြင်းများ ကိုလည်း စီးပွားဖြစ် ပြုလုပ်နိုင် ပါသည်။

(ဆက်ရန် ရှိပါသေးသည်)

ဦးကျော်နိုင် BE. Mech, PE (Myanmar Engineering Council )
နွေရာသီ Vocational Training နည်းပညာသင်တန်းများ
& Red Pitaya Wine
အမှတ် စ၂ (၇၁ x ၇၂) ရပ်ကွက်ကြီး ၁၀
ရတနာလမ်း နှင့် သိင်္ဂီလမ်းအကြား
ကားကြီးကွင်းအနီး
ပဒေသာမြို့သစ်
ပြင်ဦးလွင်မြို့

References:
Dragon Fruit by H. P. M Gunasena , Department of Crop Science, Faculty of Agriculture, University of Peradeniya, Sri Lanka


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်