နဂါးမောက်စိုက်ပျိုးနည်း
နဂါးမောက်သီး မှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ စျေးကွက် အလားအလာကောင်း သဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါ သည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင် (အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များ ပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။
မူရင်းဒေသ
မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိရာမျိုးစိန်အလိုက်မူရင်းဒေသကွဲပြားပါသည်။စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏မူရင်ဒေသမှာမက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။
ရာသီဥတု
ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။ ပူနွေးသော ရာသီဥတု ကိုကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များ တွင်ကောင်းစွာဖြစ် ထွန်းသည်။ အနိမ့်ဆုံး အပူချိန်(-၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိပါသည်။
မြေအမျိုးအစား
နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။ ရေစီးစိမ့် မှုကေင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။
အပင်အမျိုးအစား
တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်ဝင် အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့် ပုံရှိသည်။ ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။ မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသော ပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင် သမ်းသော အဝါရောင် ရှိသည်။ ပွင့်ချပ် သည်နို့နှစ်ရောင်ဖြစ် သည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။ အသီးလုံး ပတ်လည်တွင် နဂါးအမောက် ကဲ့သို့ကော့ပြန်နေသော အဖတ်များ ရှိသည်။ အတွင်းသား အရောင်အဖြူရောင် မျိုးနျင့် အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။ အစေ့မှာအမဲရောင်ဖြစ်သည်။
မျိုးရွေးချယ်ခြင်း
မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည် အသွေး တို့ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင် ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။ ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ် စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။
စိုက်ပျိုးခြင်း
၁။ ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့) အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့် လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။
၂။ (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅) ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan, Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။ စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေဝပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေး ရန်လိုပါသည်။
၃။ ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။ တစ်ကျင်းလျှင် ၂ ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။
၄။ မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီး တိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။
၅။ ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။
အပင်ပြုစုခြင်း
ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင် ပါသည်။
သဘာဝမြေသြဇာ ရွက်ဖျန်းဆေးများ အသုံးပြုခြင်း
စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေသြဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲ ဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။ မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကို အပင်ပတ်ပတ်လည်တွက် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သော လုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည် မြင့်တက် လာမည်ဖြစ်သည်။ သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။
ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း
အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။ (၅) နှစ်သားကျော်ပါက NPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း (၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။
ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း
နဂါးမောက်ပင်၏ အဓိက ဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ် သည်။ အပင်၏ အဖျားပိုင်း အဖူးနုများနှင့် အသီးညှာ တို့တွင် ပုရွက်ဆိတ် များ စားသောက် ဖျက်ဆီး ပါသည်။ ပင်စည်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများ ကိုမြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး အသုံးပြု ၍နှိမ်နင်းနိုင် ပါသည်။ ပင်စည်ပေါ်ပိုင်း ဖျက်ဆီးသော ပုရွက်ဆိတ်နီ များကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ် ဆီဗင် (sevin) ပိုးသတ်ဆေးဖြင့်နှိမ်နင်းနိုင် ပါသည် ။ရောဂါ အနေဖြင့် ပင်စည်ပုပ်ရောဂါနှင့် အမြစ်ပုပ်ရောဂါများ ကျရောက်တတ်ပါသည်။
၀တ်မှုန်ကူးခြင်း
ပင်တည်း ဝတ်မှုန်ကူးခြင်း ရှိသော်လည်း အသီးတင်နှုန်းများစေရန် ဝတ်မှုန်ကူးပေး ရမည်။ နဂါးမောက်သီး၏ ပန်းပွင့်ချိန်မှာ ညပိုင်းမှာ ပွင့်သည့် အတွက်ကြောင့် ဝတ်မှုန်ကူးခြင်း ကို ညပိုင်းမှာပြုလုပ်ပေး ရသည်။ မိုးများပါက ဝတ်မှုန်ကူးခြင်း ကို အဟန့်အတားဖြစ်သည့် အတွက် ဝတ်မှုန်ကူးပြီး လျှင် ပန်းပွင့်ကို ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးထားသင့်သည်။
အသီးဆွတ်ခူးခြင်း
လက်သန်းထိပ် အဆစ် အရွယ် အစိမ်းရောင်ရှိပွင့်ဖူး ကို ပင်စည် အဖျားပိုင်းတွင်တွေ့နိုင်သည်။ ဧပြီလ၊ ဇူလိုင်လ အတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ် အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီး ဆွတ်ခူးနိုင်သည်။ အသီးရင့်ပြီးနောက် အပင်ပေါ် (၁၅) ရက်ခန့် ဆက်လက် ထားနိုင်သော်လည်း အသီးအရည်အသွေး (အနံ့အရသာ) လျော့သွားတတ်သည် ။မေလ မှအောက်တိုဘာ လ ကာလအတွင်း သီးထွက်ရရှိသည် ။နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ အသီးထွက်ချိန်ကွာခြားသည်။
အလေးထားစားသုံးသင့်သည့်သစ်သီး
အာဟာရပြည့်ဝစေပြီး၊ ခွန်အားကို အမြန်ဆုံးပြန်လည်ပြည့်ဝစေခြင်း ၊မောပန်းနွမ်းနယ်မှု ကို အမြန်ဆုံး သက်သာ၍ အစာ မကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ကို ချက်ချင်းပျောက်ကင်းစေပြီး ဆီးချို၊သွေးချို၊သွေးတိုး မတက်စေရန် အကူအညီပေးသည်။ ပန်းနာရင်ကြပ်သမားများ သက်သာပျောက်ကင်းစေသည် ။နှလုံးရောဂါများ သက်သာစေသည်။
မျဖစ္မေနစားသုံးသင့်သူများ
- ကျန်းမာဖွံ့ဖြိုးပြိး အသားအရေ လှပနုပျိုလိုသူ
- နာတာရှည်ရောဂါ ခံစားနေရသူ
- လေးဘက်နာ ၊နှလုံးရောဂါ ခံစားနေရသူ
- ဆီးချို၊ သွေးချို၊သွေးတိုးရောဂါ ခံစားနေရသူ
- အစာအိမ်နှင့် ပက်သက်သည့် ရောဂါရှိသူ
- ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူ
- ဆီးချုပ်၊ ဝမ်းချုပ်တတ်သူ
- ဦးနှောက် မဖွံ့ဖြိုးသည့်ရောဂါရှိသူ
- လေကောင်းလေသန့် မရရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရသူ
- စိတ်မောလူမောဖြစ်နေသူ
- ကိုယ်အလေးချိန်လျော့ချချင်သူ
- အားအင်ကုန်ခမ်းစိတ်ဓါတ်ကျနေသူ
မြန်မာအမည် - နဂါးမောက်သီးပင်
အင်္ဂလိပ်အမည်- DRAGON FRUIT
ရုက္ခဗေဒအမည်- Hylocerus sprecies
မျိုးရင်း - CACTACEAE
သွင်ကိုကိုအောင်
လွန်ခဲ့သော ၅ နှစ် ကအသီးစသီးချိန်မှစဘယ်ချိန်ဆိုခူးလို့ရလည်းခူးလို့ရမရဘယ်လိုကြည့်ခွဲကလည်းသိချင်ပါတယ်
Htet Wai Yan
လွန်ခဲ့သော ၅ နှစ် ကဝတ်မှုန်ကူးနည်းကို ရှင်းပြပေးလို့ရမလား ခင်မျ ကျေးဇူးပါ
ဆန်းလွင်
လွန်ခဲ့သော ၅ နှစ် ကပင်စည်ပုပ်ရောဂါကိုဘယ်လို နှိမ်နင်းနိုင်ပါသလဲခမျာ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026