ဒန်းစင်းလေဒီ သစ်ခွ စိုက်ပျိုး ပြုစုနည်း (Oncidium orchid)
မြန်မာလို Oncidium အွန်စီဒီယမ်မျိုးစိတ်လို့ ခေါ်တဲ့ ဒန်းစင်းလေဒီ သစ်ခွကတော့ လူကြိုက်များလှပါတယ်။ အွန်စီဒီယမ် မျိုးစိတ်မှာ မျိုးစိတ်ပေါင်း ၃၃၀ အထိ ရှိပါတယ်။ သူ့အပွင့်ကတော့ ကျပ်စေ့ဝိုင်းလောက်သာ ရှိပါတယ်။ အရောင်ကလည်း အမျိုးမျိုးရှိတတ်ပါတယ်။
ဥပမာ - အဝါရောင်ကတော့ အစိုက်အများဆုံးနဲ့ လူသိအများဆုံးပါ။
နောက်ထပ် လူကြိုက်များတာကတော့ ချောကလတ် ဖျော့ရောင် ရှိတဲ့ အပင်ပါဘဲ။ အနံလေးကလည်း ချောကလတ်နံသင်းသလို ဖြစ်နေတော့ စိုက်ပျိုးသူတွေအတွက် စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ အခြားနောက်ထပ် ထပ်ထွက်လာတဲ့ အရောင်တွေ နဲ့ မျိုးစိတ်ကွဲတွေ ကိုတော့ စျေးကွက်မှာ လူကြိုက်နည်းတာကို တွေ့ရပါတယ်။
အပွင့်အရွယ်အစား သေးပေမဲ့လည်း လှပတဲ့ အသွေးအရောင်နဲ့ အမျိုးသမီးလေး ဂါဝန်လေးဖြန့်ပြီး ကနေတဲ့ ပုံကလေးနဲ့ တူတဲ့အတွက် ဒန်းစင်းလေဒီ ( Dancing Lady) လို့သူ့ကို ရုက္ခဗေဒ နာမယ် မဟုတ်တဲ့ အရပ်အခေါ် ပေးထားတာပါ။ မြန်မာနိုင်ငံမှာတော့ ဒန်းစင်းလေဒီဟာ အင်မတန် လူကြိုက်များပြီး သစ်ခွ ကို စစိုက်တဲ့ သူတွေအတွက် အရင်ဆုံးမျက်စိကျတဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။
အပင်စျေးကလည်းပေါတယ်။ စိုက်ရတာလည်း လွယ်တယ်။ နောက်တခါ သူက ရာသီဥတု ဒဏ်ကို ခံနိုင်ပြီး ဂျေးဂျွတ်သိပ်မထူတဲ့ အပင်လို့ဆိုရမှာပါ။ သူ့အပင်မှာ မြေပေါ်ကို ထိုးထွက်နေတဲ့ ဥရှိပါတယ်။ ပန်းပွင့် ပွင့်မယ် အတက် (spike) ကတော့ ဥရဲ့ဘေးမှာ ရှိတယ် အရွက် ၂ ဖက်ကြားကနေ ထွက်လေ့ ရှိပါတယ်။ ပန်းပွင့် အတက် တတက်ကို အပွင့်ရေ ၂၀ ထက်မနည်း ပွင့်တတ်ပြီး တခါတရံမှာတော့ အပွင့်ရေ ပန်းတခိုင်ထဲ ကနေ အပွင့်ရေ ၉၀ ကနေ ၁၀၀ အထိ ပွင့်တာကိုလည်း တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာတော့ သူ့ကို ဖြတ်ပန်းအနေနဲ့ အသုံးပြုပြီး မင်္ဂလာဆောင် နဲ့ အလှူတွေမှာ ပန်းအိုးထိုးတာ အဖြစ်နဲ့ရော ခေါင်းမှာ ပန်ပြီး အလှဆင်တာ အဖြစ် အသုံးပြုတာကို တွေ့ရမှာပါ။ ဒါပေမဲ့လည်း သစ်ခွထဲမှာအပွင့်စျေးဟာ စျေးသက်သာတဲ့အတွက် အခြား သစ်ခွနဲ့ယှဉ်ရင် စျေးပေါတဲ့ သစ်ခွ အဖြစ်နဲ့ ပွဲလယ် မတင့်ပါဘူး။ နောက်တခါ မြန်မာနိုင်ငံက ဒန်းစင်းလေဒီ အပွင့်ရဲ့ အရွယ်အစားက အနည်းငယ် သေးပါတယ်။
သူ့ကို စိုက်မယ် ဆိုရင်တော့ ပူပြင်းနဲ့ ရာသီဥတုကို သဘောကျလေ့ရှိပါတယ်။ မနက်ခင်းမှာ လာတဲ့ တိုက်ရိုက်နေရောင်ကို သည်းခံနိုင်စွမ်းရှိပြီး ညနေပိုင်းနေရောင်ကိုတော့ သိပ်မကြိုက်လှပါဘူး။ အခြားသစ်ခွတွေနဲ့ မတူတဲ့ သူ့ရဲ့ အရည်အချင်းကတော့ ဒူပေဒါပေ ခံနိုင်စွမ်းပါပဲ။ ရေကြိုက်တဲ့ သစ်ခွမျိုးဖြစ်ပေမဲ့အပင်ရဲ့ အောက်ခြေ အမြစ်နေရာတွေမှာ ရေဝပ်နေတာမျိုးကိုတော့ သူမကြိုက်ပါဘူး။ ဒါ့ကြောင့် ဒီသစ်ခွကိုလည်း အပင်မှာကပ်ရင်ကပ် (သို့) အောက်ခြေမှာ အပေါက်များများ ပါတဲ့ သစ်ခွစိုက်ဖို့ အထူးထုတ်ထားတဲ့ ကော်ပလပ်စတိတ်အိုး (သို့) မြေအိုးနဲ့ စိုက်သင့်ပါတယ်။ အခုခေတ်မှာတော့ ပလပ်စတစ်အိုးဟာ အင်မတန် ခေတ်စားလို့လာပါပြီ။ မြေအိုးက စရိတ်စက ကြီးတယ် မဟုတ်လား။ စိုက်တဲ့အခါမှာလည်း အနောက်နိုင်ငံမှာတော့ အသင့်သုံး သစ်ခွ မြေဆွေးတွေ ရှိတဲ့အတွက် သိပ်ပြီး ခေါင်းစားဖို့မလိုပါဘူး။ မြန်မာနိုင်ငံမှာတော့ မီးသွေးအတုံးအသေးလေးတွေ၊ အုန်းခွံအပိုင်းအစတွေရယ်၊ အုတ်နီခဲ အကျိုးအပဲ့လေးတွေ နဲ့ သူ့ကို စိုက်မယ်ဆို အဆင်ပြေပါတယ်။ အဓိက သော့ချက်ကတော့ စိုက်ပျိုးတဲ့အခါ အိုးမှာ ရေတွေ ထွက်သွားနိုင်တဲ့ အောက်ခြေ အပေါက် များ ပါရမယ်၊ ရေလောင်းပြီးတဲ့အခါ အစိုဓါတ်ကို ထိန်းထားနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုထားရပါမယ်။
( ဥပမာ - အုတ်နီခဲ၊ မီးသွေး နဲ့ အုန်းဆံခွံ)
ရေလောင်းရန်
ဆောင်းကာလ ကို ရောက်လာလို့ အအေးချိန် ကျလာပြီဆိုရင်တော့ ရေလောင်းတာကို လျှော့ပစ်လိုက်ဖို့လိုပါတယ်။ ရေကို ၁ ပတ်မှ တခါ အထိ လျှော့ပစ်ရပါမယ်။ ဒါက ရာသီဥတု သိပ်ပူပြင်းတဲ့ မန်းတလေး လို နေရာမျိုးမှာပါ။ အေးတဲ့ တောင်တန်းဒေသတွေမှာ စိုက်ဖြစ်မယ် ဆိုရင်တော့ ၁ လ ခါ သို့မဟုတ် ၂ ပတ် ၁ ခါလောက်သာ လောင်းပေးသင့်ပါတယ်။ အပင်ရဲ့ ဥတွေကို ကြည့်လိုက်လို့ တင်းပြည့် ဖောင်းကားနေမယ် ဆိုရင်တော့ သူဟာ ရေဓါတ်နဲ့ အစာကို ကောင်းကောင်း ထိန်းထားတယ် လို့ နားလည်နိုင်ပါတယ်။ သူ့ရဲ့ ဥနဲ့ အရွက်ဟာ ရှုံ့တွ ပြီး အရစ်ကြောင်းလေးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ရေဓါတ် နည်းနေပြီဆိုတာ သိရပါမယ်။ ဒါပေမဲ့ အပွင့်ပွင့်ပြီးသား ဥလေးတွေက ရှုံလာမယ် ဆိုရင်တော့ ဒါက ဥရဲ့ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တယ် ဆိုတာ နားလည်နိုင်ပါတယ်။
အားဆေးကျွေးသင့် မကျွေးသင့်
အားဆေး ကျွေးဖို့လိုမလားလို့ မေးလာသူတွေအတွက်ကတော့ အားဆေး ကျွေးတာ ကောင်းတယ် လို့ပြောပါရစေ။ ဒါပေမဲ့လည်း အားဆေးက အကျွေးမတတ်ရင် အပင်တွေ လောင်ပြီး သေကုန်နိုင်တာမို့ ဂရုတစိုက်နဲ့တော့ လောင်းရပါမယ်။ အပင်တွေကို အားဆေး ကျွေးနည်းကို နောက်တနေ့မှာ သပ်သပ် ရှင်းပြပေးပါမယ်။ သစ်ခွအားဆေးကို လောင်းတဲ့အခါမှာ ဘူးပေါ်က ရေးထားတဲ့ စာတွေကို သေသေချာချာဖတ်ပါ။ အညွှန်းအတိုင်းလောင်းဖို့ မဝံ့မရဲ ဖြစ်နေတယ်ဆိုရင်တော့ အားဆေးကို တဝက်လျှော့ပြီးတော့ လောင်းပါလို့ အကြံပေးပါရစေ။ ခပ်ပျော့ပျော့ အားဆေးကို လောင်းခြင်းဟာ အမှားနည်းနိုင်တာမို့ပါ။ အပင်ကစတင်ပြီး ကြီးထွားလာနေတယ် ဆိုရင်တော့ အားဆေးကို ပုံမှန်လောင်းပေးနိုင်ပါတယ်။ အပွင့်ပွင့်ချိန်မှာတော့ အားဆေး ကျွေးခြင်းကို ရပ်နားထားနိုင်ပါတယ်။
ဒီ သစ်ခွ မျိုးစိတ်ဟာ ရာသီဥတု ဒဏ် နဲ့ ဒူပေဒါပေ ခံနိုင်တဲ့ အစွမ်းရှိတာကြောင့် သစ်ခွကို စတင်စမ်းသပ် စိုက်ပျိုးမဲ့သူများအတွက် စပြီး စမ်းစိုက်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ် ဆိုတာကို သတင်းကောင်းပါးပါရစေရှင့်။အတွေ့အကြုံရှိသူများလည်း အချက်အလက် အတွေ့အကြံုများကို ဖလှယ်နိုင်ပါတယ်။ မေးခွန်းများကိုလည်း လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်။
ရေသားသူ - Ma Lynn Lynn
(Credit to သစ်ခွစိုက်ကြမယ်)
IVU Plant Lover's မှ ကူးယူဖော်ပြထားပါသည်။
နိုင်လင်း
လွန်ခဲ့သော ၃ နှစ် ကthanks
Su Su
လွန်ခဲ့သော ၄ နှစ် ကတခြား သစ်ခွအကြောင်းလေးလဲ တင်ပေးပါဦး
ဒေဝီ
လွန်ခဲ့သော ၄ နှစ် ကကတ်တလီယာသစ်ခွအတွက်တင်ပေးပါ
khamoshi
လွန်ခဲ့သော ၄ နှစ် ကhi
U Tin Aung Win
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 1 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026