နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၁/၅)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ကိုယ်တိုင် စိုက်ပျိုးရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်

နဂါးမောက်သီးသည် အရွက်မရှိ၊ ပင်စည်တွင်အစာနှင့် ရေ သိုလှောင် ထားနိုင်သော တွယ်ကပ်ပင် အမျိုးအစား ဖြစ်ပါသည်။ နဂါးမောက်ပင်ကို အလှစိုက်ရန် အဖြစ်စိုက်ပျိုးကြ သလိုအသီးရရန် လည်းစိုက်ပျိုး လာကြ ပါသည်။ နဂါးမောက် သီးတွင်တောက်ပသော အနီရောင် အခွံပျော့ရှိပြီး အစိမ်းရောင် ရွက်ဖတ်များ ပါဝင်သည်။ အစိမ်းရောင် ရွက်ဖတ်သည် အသီး ရင့်မှည့် ပါကအနီရောင် သို့အသီးခွံပျော့နှင့် အတူပြောင်းလာမည်။

အသီး၏ အတွင်းသား အရောင်မှာ အဖြူ၊ ကြက်သွေး၊ ခရမ်းရင့်၊ အနီ၊ အသားရောင် များဖြစ်လေ့ရှိကာ အနက်ရောင် အစေ့ငယ်များ ပါဝင်ပါသည်။ နဂါးမောက်ပင်၏ အပွင့်မှာ အလွန်လှပပြီး ညတွင်ပွင့်သောကြောင့် ည၏ ဘုရင်မပန်း ဟုပင် တင်စား ခေါ်ပါသည်။

အရည်ရွှမ်းသော အသီးသည် စားသုံးရန် အရသာ ရှိသော အသီး တစ်ခု ဖြစ်ပါသည်။ နဂါးမောက်သီးပင်နှင့် နဂါးမောက်သီး ထုတ်လုပ် ခြင်းကို စားသုံးသီးနှံ အသစ် တစ်ခု အဖြစ် ဩစတေးလျ၊ တရုတ်၊ အစ္စရေး၊ မလေးရှား၊ နီကာရာဂွာ၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးခြင်း ၊နိုင်ငံခြားသို့ တင်ပို့ ရောင်းချခြင်းပြုလုပ် ပါလာ ပါသည်။ဗီယက်နမ် နိုင်ငံတွင် နဂါးမောက်သီး စိုက်ပျိုး ရောင်းချ ခြင်းကို ဒူးရင်းသီး စိုက်ပျိုးခြင်းထက်ပိုမို တွင်ကျယ်၍ စီးပွား ကိုက်အောင် စိုက်ပျိုးလာနိုင် ခဲ့ပါသည်။ နဂါးမောက်ပင် စိုက်ပျိုးရာတွင်အပင် တွယ်တက်ရန် တိုင်နှင့်တန်းများ၏ တန်ဖိုးကြောင့် အရင်းအနှီး ကြီးသည်ဟုပြောနိုင် သော်လည်း မိမိ ပတ်ဝန်းကျင်တွင် လွယ်ကူစွာ နှင့်ဈေးချိုစွာ ရနိုင်သော သစ်ဝါးကို အသုံးပြု၍ စိုက်ပျိုးပါက အရင်း အနှီးမများလှဘဲ စတင် စိုက်ပျိုးနိုင်ပါသည်။

သစ်၊ဝါးကို အသုံးပြု၍ စာရေးသူ စိုက်ပျိုးထားသော အထက်ပါ ပုံများကိုလေ့လာနိုင်ပါသည်။ နဂါးမောက်ပင်ကို အထူးတလည် ဂရုစိုက် စရာမလိုဘဲ လွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း ၊ပြုစုစောင့်ရှောက်မှု နည်းခြင်းနှင့်ရောဂါပိုးမွှား ဒဏ်ခံနိုင်ခြင်း တို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးစားပင် တစ်ခုဖြစ်ပါသည်။ နဂါးမောက်သီးပင်သည် အပင်သက်တမ်း အနှစ် (၂၀) ခန့်ရှိပြီး တစ်ဧကတွင် အပင်(၁၆၀၀) မှ (၅၀၀၀) စိုက်ပျိုးနိုင်ပါသည်။ အကြမ်းအားဖြင့် နဂါးမောက်ခြံ တစ်ဧကလျှင် အသီး(၁၀)တန် ခန့်ရရှိပါမည်။ စိုက်ပျိုးပြီး (၈) လကျော်လျှင် နဂါးမောက်သီး စတင်သီး လာမည်ဖြစ်ပါသည်။

စွမ်းအားပြည့်သီးပွင့် လာစေရန် အတွက်အပင် သက်တမ်းနှစ်နှစ်မှ ငါးနှစ် ကြာပါသည်။ နဂါးမောက်သီးပင် ကိုနွားချေး ၊မြေဆွေး စသည့် ပတ်ဝန်းကျင်တွင် လွယ်ကူစွာ ရနိုင်သောအော်ဂဲနစ်မြေဩဇာ သုံး၍ စီးပွားဖြစ်စိုက်ပျိုး နိုင်ပါသည်။ နဂါးမောက် သီးပင်သည်နိုင်ထရိုဂျင် လိုအပ်မှု နည်းသောကြောင့်နောင် တွင်တွင်ကျယ် လာမည့်စီးပွားရေး အရအလားအလာ ကောင်းသော သီးစားပင် ဖြစ်လာ နိုင်ပါသည်။

နဂါးမောက် သီးပင်မျိုးကွဲ များစွာ ရှိသော်လည်း စာရေးသူ အနေနှင့် အတွင်းသား အဖြူရောင် နှင့်အနီရောင် နှစ်မျိုးကိုသာ အဓိက ဆွေးနွေး သွားပါမည်။ နဂါးမောက်ပင်ကို လေ့လာ ရာတွင် သုံးထောင့်ပုံပင်စည်၊ ပင်လုံးရှိပြီး အဖြူရောင် ပန်းပွင့် ရှိပါသည်။

စားသုံးနိုင်သော နဂါးမောက်သီးပင်၏ ပင်စည်၊ ကိုင်း၊ အပင်၏သဘာဝ၊ အသီး၏အရောင်နှင့် အသီး အတွင်းအသား၏ အရောင်ကို မူတည်၍ခွဲခြား လေ့လာ နိုင်ပါသည်။ နဂါးမောက်သီးဟု လွယ်ကူစွာခေါ်သလိုနိုင်ငံ အလိုက်လူမျိုး အလိုက်အခေါ် နာမည်များကွဲပြား ခြားနား ပါသည်။

 

(ဆက်ရန် ရှိပါသေးသည်)

 

 

ဦးကျော်နိုင်BE. Mech, PE (Myanmar Engineering Council )

နွေရာသီVocational Training နည်းပညာသင်တန်းများ

& Red Pitaya Wine

အမှတ်စ၂(၇၁x ၇၂) ရပ်ကွက်ကြီး၁၀

ရတနာလမ်းနှင့်သိင်္ဂီလမ်းအကြား

ကားကြီးကွင်းအနီး

ပဒေသာမြို့သစ်

ပြင်ဦးလွင်မြို့

References:

Dragon Fruit by H. P. M Gunasena , Department of Crop Science, Faculty of Agriculture, University of Peradeniya, Sri Lanka


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်