နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၄/၅)
08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
ကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။
သံကူ ကွန်ကရစ်တိုင်ဖြင့် စိုက်ပျိုးခြင်း ဓာတ်ပုံ - ကျော်နိုင်
အုတ်တိုင်ဖြင့် စို်က်ပျိုးခြင်း ဓာတ်ပုံ - ကျော်နိုင်
ကွန်ကရစ်တိုင် တစ်လုံးလျှင် နဂါးမောက်ပင် တစ်ပင်မှ လေးပင် အထိ စိုက်လေ့ ရှိပါသည်။ မိုးဦးကျ ရာသီတွင် စိုက်လေ့ ရှိသော်လည်း ရေလောင်း နိုင်လျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင် ပါသည်။ ရေကို မနက်ခင်း ဖြစ်စေ၊ ညနေခင်း ဖြစ်စေ ပေးလောင်း သင့်သည်။ စာရေးသူ၏ နဂါးမောက်ခြံတွင် အပင်၏ အမြစ် အနီးသို့ ရေပိုက်ငယ် သွယ်၍ ရေတိုက်ရိုက် လောင်းသော စနစ်ကို သုံးပါသည်။
ကိုင်းဖြတ်ပေးခြင်း
နဂါးမောက်ပင်သည် လျင်မြန်စွာ ကြီးထွားသော အပင်ဖြစ်သည်။ တိုင်၏ ထိပ်သို့ တစ်နှစ်ခန့် အတွင်း ရောက်ရှိမည် ဖြစ်သည်။ နဂါးမောက်ပင်ကို တိုင်နှင့် ကောင်းမွန်စွာ တွယ်ကပ် နေစေရန် လျှော်ဖြင့် ခပ်ချောင်ချောင် စည်းပေးရ ပါမည်။ စာရေးသူ အနေနှင့် သင်အူလျှော် ကိုသုံးပါသည်။ အကိုင်းအတက်ကို ချန်ထား၍ ဘေးတိုက် ထွက်သော အတက်များကို ကိုက်ဖြတ်ပစ် ပါသည်။
သင်အူကို အသုံးပြပြီး အပင်ကို တိုင်သို့ ကပ်ချည်ထားပုံ ဓာတ်ပုံ - ကျော်နိုင်
အကိုင်းအတက်များ ထွက်လာပြီးနောက် နဂါးမောက် ပင်စည်ကို လေဝင်လေထွက် မကောင်းစေခြင်း၊ နေရောင်ခြည် မကျရောက် စေခြင်း ဖြစ်ပါက မှိုရောဂါ ဖြစ်စေပါသည်။ ရောဂါ ကျရောက်သော၊ ရိပုပ်သော ကိုင်းများကို ဖြတ်တောက်ခြင်း၊ ရိပုပ်နေသော အသားကို ဓါး နှီးပြားနှင့် ခြစ်ချ၍ ကော့ပါးအောက်ဆိုဒ်ပါ မှိုသတ်ဆေးနှင့် လိမ်းပေးခြင်း၊ မှိုသတ်ဆေး မှန်မှန် ဖျန်းခြင်း ပြုလုပ်ရ ပါသည်။
နဂါးမောက် ကိုင်းများကို ဖြတ်ရာတွင် သုံးဆင့်မှ လေးဆင့် ကိုင်းအားလုံးကို ဖြတ်ထုတ် သင့်ပါသည်။ ကိုင်းဖြတ်ရာ များကိုလည်း မှိုရောဂါမှ ကာကွယ်ရန် မှိုသတ်ဆေး တစ်ခုခု သုံးသင့် ပါသည်။ ကိုင်းဖြတ်စဖြတ်န များကို မှိုရောဂါ မကျစေရန် စိုက်ကွင်း အပြင်သို့ စွန့်ပြစ်ခြင်း၊ အပင်ပေါက် ပြန်ပျိုးခြင်း နှင့် မြေဆွေး ပြုလုပ်ရာတွင် သုံးခြင်း စသည်တို့ ပြုလုပ်ပါသည်။
ရေလောင်းခြင်း
နဂါးမောက်ပင်သည် မိုးခေါင်ရေရှား အရပ်ဒေသတွင် ပေါက်ရောက်သော အပင်မျိုးနွယ် ဖြစ်သော်လည်း အပင်ကြီးထွားရန် ရေအမြောက်အများ လိုပါသည်။ နဂါးမောက်မြစ်သည် မြေမျက်နှာပြင် အပေါ် မြေလွှာတွင် ခြောက်လက်မမှ တစ်ပေပတ်ဝန်းကျင် အတွင်းတွင်ရှိပြီး ဘေးပတ်ပတ်လည်သို့ ဖြာထွက်ပါသည်။ ရေပေးသွင်းသော စနစ်သည် အမြစ်ပတ်လည်ရှိ မြေသားကို လုံလောက်သော စိုထိုင်းဆပေးနိုင်ရမည် ဖြစ်သလို ရေမဝပ်စေရပါ။ အထူးသဖြင့် နွေရာသီတွင် ရေလောင်းရန် လိုအပ်ပါသည်။ မိုးရေချိန်လက်မ ငါးဆယ်မှ လက်မ တစ်ရာ ရွာသွန်းသော အရပ်ဒေသများတွင် မိုးပုံမှန် ရွာသွန်းပါက ရေလောင်းခြင်းကို အရေးတကြီး မလိုအပ်ပါ။ ခြောက်သွေ့သော နွေရာသီတွင်သာ အပင်ကြီးထွားမှု အသီးနှုန်း ကောင်းမွန်ရန်အတွက် ရေမှန်မှန်လောင်းပေး သင့်ပါသည်။ နွေရာသီတွင် ရေခန်းခြောက်ခြင်း၊ ရေလောင်းရန် ပျက်ကွက်ခြင်းတို့သည် သီးနှုန်းကျဆင်းခြင်း၊ အသီးသေးခြင်းတို့ ဖြစ်စေပါသည်။ အကြမ်းအားဖြင့် ဆိုရသော် ပန်းပွင့်ရာသီ မရောက်မှီ နွေရာသီတွင် ပူးနွေး ခြောက်သွေ့သော ရာသီဥတုလိုအပ်သလို ပန်းပွင့်ရာသီနှင့် အသီးရာသီတို့တွင် လုံလောက်သော စိုစွပ်မှု ရှိရပါ မည်။ နဂါးမောက်စိုက်ရာတွင် မလိုလားအပ်သော ရေပြတ်လပ်မှု၊ ပူပြင်းခြောက်သွေ့မှုများ ရှိပါက သီးနှုန်းနည်း ခြင်း၊ အသီးအရွယ် ပမာဏ သေးငယ်ခြင်းများ ဖြစ်စေပါသည်။
ရေပိုက်ငယ်သွယ်၍ ရေတိုက်ရိုက် လောင်းသောစနစ် ဓာတ်ပုံ- ကျော်နိုင်
ပန်းမပွင့်မှီ အချိန်တွင် အသင့်အတင့် ခြောက်သွေ့သော အချိန်ရှိလျှင် ပန်းပို၍ ပွင့်ပါသည်။ မြေသားအနေ နှင့် လုံလောက်သော စိုထိုင်းဆ၊ စွတ်စိုမှု ရှိရပါမည်။ နဂါးမောက်သီးနေချိန်တွင် အလွန်ခြောက်သွေ့ခြင်းနှင့် ရေ အလွန်များခြင်း၊ ရာသီနှင့် ကြုံရပါက အသီးကွဲခြင်း၊ ကြွေကျခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် သီးနှုန်းကောင်း စေရန် ရေပုံမှန်လောင်းရပါမည်။ ကောင်းမွန်သော ရေလောင်းစနစ်နှင့် သင့်တော်သော မြေသားစိုစွတ်မှု ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။ ကောက်ရိုးခြောက်၊ သစ်ခက်ခြောက်များကို နဂါးမောက်ပင် ခြေရင်းတွင် စုပုံပေးခြင်းဖြင့် မြေသားအပူချိန်ကို လျှော့ချပေးနိုင်သလို မြေသား၏ စိုထိုင်းဆ၊ ရေကိုလည်း ထိန်းသိမ်းပေးပါသည်။ သို့သော် ပူပြင်းသော မြေသားတွင် စွပ်စိုအေးမြသော နေရာသည် ပုရွက်ဆိပ်နှင့် အခြား မြေအောင်းပိုးမွှားများ၏ နားခိုအသိုက်အိမ်ပြုလုပ်စရာ ဖြစ်သွားတတ်ပါသည်။ နဂါးမောက်ပင်၏ အမြစ်များကို ပုရွက်ဆိတ်နှင့် ချများက ကိုက်ဖြတ်စားသောက်ခြင်းဖြင့် နစ်နာဆုံးရှုံးမှုကိုလည်း ဖြစ်စေပါသည်။
နဂါးမောက်ပင်၏ အမြစ်များကို ပုရွက်ဆိတ်နှင့် ချများက ကိုက်ဖြတ်စားသောက်ခြင်း ဓာတ်ပုံ - ကျော်နိုင်
 ဓါတ်မြေဩဇာ အသုံးပြုခြင်း
နဂါးမောက်ပင် စိုက်ပျိုးရာတွင် အော်ဂဲနစ် မြေဩဇာ၊ မြေဆွေးသည် အကောင်းဆုံး ဖြစ်သော်လည်း ဓါတ် မြေဩဇာကိုလည်း အသုံးပြုရပါသည်။ ဓါတ်မြေဩဇာ အသုံးပြုပုံမှာ တစ်နေရာနှင့် တစ်နေရာ မတူညီကြပါ။ မြေ အမျိုးအစား၊ ရာသီဥတု အကြောင်းအရာများစွာပေါ်တွင် ကွဲပြားခြားနားကြပါသည်။ အပင်သက်တမ်း နုစဉ်တွင် ဓါတ်မြေဩဇာ အချိန်မှန်ထည့်ခြင်းဖြင့် အပင်ကြီးထွားမှုကို များစွာ အထောက်အကူ ဖြစ်စေပါသည်။ ထိုင်ဝမ်တွင် ရှိ နဂါးမောက်ခြံများတွင် နဂါးမောက် တစ်ပင်လျှင် ၄-လတစ်ကြိမ်၊ နွားချေး ၄- ကီလိုဂရမ်နှင့် ၁၃-၁၃-၁၃ဓါတ် မြေဩဇာ ၁၀၀-ဂရမ် သုံးပါသည်။ ဟာဝိုင်ရီတွင်ရှိ နဂါးမောက်ခြံများတွင် ၁၆-၁၆-၁၆ ဓါတ်မြေဩဇာကို ၁၈၀-၂၃၀ ဂရမ်ကို နဂါးမောက် တစ်ပင်လျှင် ၄-၆လတစ်ကြိမ် ထည့်ပါသည်။ ထို့ပြင် ထုံးဓါတ်နှင့် အနည်လို အာဟာရ ဓါတ်များကိုလည်း အသီးတင်ရန်၊ အသီးကြီးထွားရန် ထည့်ကြပါသည်။
နဂါးမောက်ပင်သည် အသီးသီးရန်၊ အသီးကြီးထွားရန် နိုင်တြိုဂျင်ဓါတ် လိုအပ်မှု နည်းပါးသွားသော ကြောင့် ဓါတ်မြေဩဇာကို (၀-၁၀-၁၀) သို့မဟုတ် (၂-၁၀-၁၀) အစရှိသော ဓါတ်မြေဩဇာကို သုံးရပါသည်။ ဗီယက်နမ်နိုင်ငံတွင် သုံးနှစ်အောက် သက်တမ်းရှိ နဂါးမောက် ပင်ငယ်များကို နွားချေး (၁၀-၁၅) ကီလိုဂရမ်နှင့် စူပါ ဖော့စဖိတ် ၁၀၀ ဂရမ် ထည့်ပေးပါသည်။
ပထမ (၂)နှစ်တွင် အပင်တစ်ပင်စီအတွက် ယူရီးယား ပုလဲဓါတ်မြေဩဇာ (၃၀၀) ဂရမ်နှင့် (၁၆-၁၆-၈) ရှိ ဓါတ်မြေဩဇာမှာ (၂၀၀) ဂရမ် ထည့်ပေးပါသည်။ မြေဩဇာထည့်ရာတွင် နဂါးမောက်ပင်စိုက်ပြီး တစ်လအကြာ၊ (၆)လအကြာနှင့် တစ်နှစ်အကြာတွင် အချိန်မှန် ထည့်ပေးလေ့ရှိပါသည်။ နဂါးမောက် ပင်သင်တန်း သုံးနှစ်နှင့် အထက်ရှိ အပင်များကို တစ်ပင်လျှင် နိုင်တြိုဂျင် (၅၄၀)ဂရမ်၊ ပိုတက်ဆီယမ် အောက်ဆိုဒ် (၃၀၀)ဂရမ်နှင့် ဖော့ စပရပ်အောက်ဆိုဒ် (၇၂၀) ဂရမ်နှုန်း နှစ်စဉ် ထည့်ပေးရပါသည်။ ထို့အပြင် နွားချေးဆွေး (၂၀) ကီလိုဂရမ်ကို နဂါး မောက်တစ်ပင်စီအတွက် ထည့်ပေးရပါမည်။ မြေဩဇာထည့်ရာတွင် တစ်နှစ်လျှင် လေးကြိမ်ခွဲ၍ ထည့်ပေးလေ့ ရှိပါသည်။ တတိယအကြိမ်ကို သီးကင်းစလေးများ စတင်ချိန်တွင် ထည့်ပေးလေ့ရှိပါသည်။ သီရိလင်္ကာနိုင်ငံတွင် တော့ နဂါးမောက်ပင်ကို မြေဩဇာထည့်ခြင်းအတျွက် သတ်မှတ်ထားသော လမ်းညွှန်ချက် မတွေ့ရပါ။ ဓါတ်မြေ ဩဇာ (၁.၁.၂)ကို ၃၀-၄၀ ဂရမ်လျှင် နဂါးမောက်တစ်ပင်နှုန်း ထည့်ပြီး တစ်နှစ်လျှင် သုံးကြိမ် ထည့်လေ့ရှိပါသည်။ အချို့နေရာများတွင် အထူးရောစပ်ထားသော (၁၅-၅-၁၅-၈)ဆာလဖာ (၁.၆) မဂ္ဂနီဆီယမ် အနည်လို အာဟာရ ဓါတ်မြေဩဇာကို နဂါးမောက်တစ်ပင်လျှင် တနှစ် (၁၀၀)ဂရမ်နှုန်း ထည့်ပါသည်။နဂါးမောက်ပင်ကို ဓါတ်မြေဩဇာ မသုံးဘဲ နွားချေးနှင့် မြေဆွေးသဘာဝ မြေဩဇာသုံး၍ စိုက်ပျိုးနိုင်ပါသည်။ သဘာဝမြေဩဇာသုံး အော်ဂဲနစ် နဂါးမောက်သီးသည် ကျန်းမာရေး အထောက်အကူအဖြစ် ဆေးဘက်ဝင် အသီးတစ်မျိုး အနေနှင့်ဈေးကွက်ဝင်၊ ဈေးကောင်းဝင်ရသော သီးနှံ ဖြစ်သည်။
 (ဆက်ရန်ရှိပါသေးသည်)
ဦးကျော်နိုင် BE. Mech, PE (Myanmar Engineering Council )
နွေရာသီ Vocational Training နည်းပညာသင်တန်းများ
& Red Pitaya Wine
အမှတ် စ၂ (၇၁ x ၇၂) ရပ်ကွက်ကြီး ၁၀
ရတနာလမ်း နှင့် သိင်္ဂီလမ်းအကြား
ကားကြီးကွင်းအနီး
ပဒေသာမြို့သစ်
ပြင်ဦးလွင်မြို့
References:
Dragon Fruit by H. P. M Gunasena , Department of Crop Science, Faculty of Agriculture, University of Peradeniya, Sri Lanka
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်
ဆွေးနွေးချက်များ
ဆွေးနွေးရန်