သစ်တိုသီး အကြောင်း သိကောင်းစရာ 

10/03/2020 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လွန်ခဲ့တဲ့ ၂ လလောက်က ဖေ့စ်ဘုတ် မှာ ကြည့်လိုက်ရတဲ့ ဗီဒီယို တစ်ခုကြောင့် သစ်တိုသီးဆိုတာကို သတိထားမိခဲ့ပါတယ်။ သစ်တိုသီး စားကောင်းကြောင်းကို အားပါးတရ ပြောထားတဲ့ ဗီဒီယိုလေးကြည့်ပြီး စာရေးသူတောင် စားချင်လာမိတာ အမှန်ပါပဲ။ အဲ့လိုနဲ့ပဲ သစ်တိုသီးအကြောင်းကို စာရှာဖွေဖတ်ပြီး အခုလို ဆောင်းပါးလေး တစ်ပုဒ်ရေးလိုက်ပါတယ်။ 

ပေါက်ရောက်ရာ ဒေသ

သစ်တိုသီးပင်၏ မူရင်းဒေသများမှာ အင်ဒိုချိုင်းနား ဒေသ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ သြစတြေးလျ မြောက်ပိုင်း၊ မော်ရီးရှပ်စ်နှင့် ဆေးရှဲလ် ကျွန်းစုများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ အများဆုံး တွေ့ရပါသည်။ သစ်တိုသီးကို အထက်ဖော်ပြပါ ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်း၏ ရာသီချိန်တွင် ပေါပေါများများ ထွက်ရှိကာ နိုင်ငံတကာဈေးကွက်အထိ ရောင်းချ နိုင်ကြောင်း သိရပါသည်။ 

ရာသီဥတုနှင့် မြေဆီလွှာ

သစ်တိုသီးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ သစ်တိုသီးပင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ ဝန်းကျင်ရှိသော ဒေသများတွင် ပေါက်ရောက်ပါသည်။ မြေဆီသြဇာကြွယ်ဝကာ မိုးရေရရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ကြာရှည်စွာ ခြောက်သွေ့ခြင်းကိုလည်း ကောင်းစွာခံနိုင်ရည် ရှိပါသည်။

အပင်နှင့်အသီး၏ သွင်ပြင်လက္ခဏာ 

သစ်တိုသီးကို ယေဘူယျအားဖြင့် အနီမျိုးနှင့် အဝါမျိုးဟူ၍ ခွဲခြားထားပါသည်။ မျိုးအပေါ်မူတည်၍ အခွံပါးနှင့် အခွံထူ ဟူ၍လည်းရှိပါသည်။ အခွံအောက်ရှိ အသားမှာ စားသုံးနိုင်သော အပိုင်းဖြစ်ပါသည်။ အသီး၏ အလယ်ရှိ နူးညံ့ပျော့အိသော အသားမှာ ချိုချဉ် အရသာရှိပြီး အညိုရောင် အစေ့များလည်း အသီးအလယ်တွင် ပါဝင်ပါသည်။ အရွက် တစ်ရွက်တွင် ရွက်မွှာ ၃ ခု ပါရှိပါသည်။ ၎င်းရွက်မွှာများသည်  အပင်ထိပ်ဖျားပိုင်းတွင် အစိမ်းရင့်ရောင်ရှိပြီး အပင်အောက်ခြေဘက်တွင် အစိမ်းဖျော့ရောင် ရှိပါသည်။ သေးငယ်ပြီး အနံ့မွှေးကာ ဝါစိမ်းရောင်ရှိသော ပန်းပွင့်များ ပွင့်ပြီးနောက် ဇွန်လမှ သြဂုတ်လအတွင်း အသီးများသီးမည် ဖြစ်ပါသည်။ အသီးမှာ ယေဘူယျ အားဖြင့် လုံးဝန်းပြီး ပန်းသီးငယ် တစ်လုံးကဲ့သို့ အရွယ်အစား ရှိပါသည်။ သစ်တိုသီးပင်သည် အမြင့်ပေ ၅၀ မှ ၁၅၀ အထိ ရှည်လျားစွာ ကြီးထွားနိုင်ပါသည်။

မြေပြုပြင်ခြင်း 

စိုက်ပျိုးမည့် မြေနေရာ ရွေးချယ်ပြီးနောက် မလိုအပ်သော ပေါင်းပင်နှင့် အခြားအပင်များကို ရှင်းလင်းရမည် ဖြစ်ပါသည်။ မြေကြီးမွစေရန်နှင့် ပေါင်းမျိုးစေ့များအား အမြစ်ပြတ်ရှင်းလင်းရန် ထယ်ထိုး ထွန်မွှေခြင်းများကို မိုးရာသီ မတိုင်မီ ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့နောက် အကျယ်နှင့် အနက် ၂၀ လက်မဝန်းကျင်ရှိ ကျင်းများတူးရန် လိုအပ်ပြီး တစ်ကျင်းနှင့် တစ်ကျင်း ပေ ၂၀ ခန့်ခွာထားရမည် ဖြစ်ပါသည်။ မစိုက်ခင်ကြိုတင်၍ ၎င်းကျင်းများထဲသို့ သဘာဝမြေသြဇာ ၂၀ ကီလိုဂရမ်ခန့် ထည့်ပေးရမည် ဖြစ်ပါသည်။ 

စိုက်ပျိုးခြင်း

 စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ပေ ၂၀ မှ ၂၅ ပေ အထိ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ စိုက်ပျိုးလျှင် အပင်သက်တမ်း ၅ နှစ်မှ ၇ နှစ်ကြာလျှင် အသီးရရှိမည် ဖြစ်ပါသည်။ အချို့မျိုးများမှာ အသီးရရှိရန်အတွက် ၃ နှစ်မှ ၄ နှစ်သာ စောင့်ရန် လိုအပ်ပါသည်။ 

မြေသြဇာ ကျွေးခြင်း 

အပင်ကြီးထွား သန်စွမ်းရန်အတွက် တစ်နှစ်လျှင် မြေသြဇာ ၂ ကြိမ် ကျွေးရန် လိုအပ်ပါသည်။ အမိုနီယမ် ဆာလဖိတ်မြေသြဇာကို ၁၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၁ ကီလိုဂရမ်မှ ဝ.၅ ကီလိုဂရမ်) အထိ ၁ နှစ်လျှင် ၂ ကြိမ် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ အပင်ခြေတွင် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး ၁ လသားတွင် တစ်ကြိမ်၊ ၆ လတွင် တစ်ကြိမ် မြေသြဇာထည့်သွင်းပေးရမည် ဖြစ်ပါသည်။ အသီးစသီးချိန်တွင် အပင်တစ်ပင်ချင်းဆီအတွက် ယူရီးယားနှင့် ပိုတက် ဓာတ်ပါဝင်သော မြေသြဇာ ၃၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၃ ကီလိုဂရမ်နှင့် ဝ.၅ ကီလိုဂရမ်) အထိထည့်သွင်းပေးရမည် ဖြစ်ပါသည်။ 

မျိုးပွားခြင်း 

သစ်တိုသီးကို အစေ့မှ မျိုးပွားနိုင်သလို မြေထုပ်စည်းခြင်း၊ အဖူးသွင်းခြင်းနှင့် သပ်သွင်း ပင်ထောက်ကိုင်းကူးခြင်း နည်းလမ်းများ အပြင် အခြား ကိုင်းကူးဆက်နည်းများဖြင့်လည်း ပွားယူနိုင်ပါသည်။ 

ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း 

သစ်တိုသီးများသည် ဇူလိုင်လမှ အောက်တိုဘာလ အတွင်း ရင့်မှည့်ကြပါသည်။ အသီး၏ အခွံမှာ အဝါရောင် ရင့်ရင့် ဖြစ်သည်ကို တွေ့ပါက ခူးဆွတ်နိုင်ပြီ ဖြစ်ပါသည်။ သစ်တိုသီးပင်သည် အသီးအများ အပြားထွက်ရှိသော အပင် ဖြစ်ပါသည်။ အရွယ်ရောက်ပြီးသော အပင်တစ်ပင်သည် ၁ နှစ်လျှင် အသီး ၁၈၀၀၀ မှ ၂၄၀၀၀ အထိ သီးနိုင်ပါသည်။

ပိုး ကျရောက်မှု

ပိုးအနေဖြင့် သီးထိုးယင် ကျရောက်လေ့ရှိပြီး အသီးပုံပျက်ခြင်းနှင့် အသီးမျက်နှာပြင်ပေါ်တွင် အကွက်အပြောက်များ ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေပါသည်။ သီးထိုးယင်ကို ကာကွယ်ရန်အတွက် အသီးကိုစက္ကူဖြင့် တစ်ထပ်ခံပြီး ပလတ်စတစ်အိတ်ဖြင့် စွပ်ကာ ကာကွယ်ထားရမည် ဖြစ်ပါသည်။

အစားအသောက်အနေဖြင့် အသုံးပြုပုံ 

သစ်တိုသီးအား အရှေ့တောင်အာရှ နိုင်ငံများတွင် အစားအသောက် အနေဖြင့် စားသုံးကြပါသည်။ အနောက်နိုင်ငံများတွင် သစ်တိုသီး၏ အရွက်၊ အမြစ်နှင့် အသီးတို့ကို  ဆေးဖော်စပ်ရာတွင် အသုံးပြုကြသလို ယိုနှင့် ဂျယ်လီပြုလုပ်ကာ သရေစာအနေဖြင့် စားသုံးကြပါသေးသည်။  မြန်မာနိုင်ငံတွင် ဒေသမျိုး သစ်တော်သီးကို သစ်တိုသီးငပိချက် ချက်ကာ စားသုံးကြပါသည်။ ဒေသမျိုး သစ်တော်သီးများမှာ အလုံးသေးပြီး အဖန်ဓာတ်နှင့် အချဉ်ဓာတ် ပိုများပါသည်။ မွန်လူမျိုးများ အနေဖြင့် အသားဟင်းများ ချက်ရာတွင် အအီပြေစေရန်အတွက် သစ်တိုသီးကို ဓားနှင့်ပေါက်ကာ ထည့်ချက် စားသုံးကြပါသည်။

အာဟာရဓာတ် ပါဝင်မှု 

သစ်တိုသီးကို အစိမ်းအတိုင်း စားသုံးနိုင်သလို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်။ သစ်တိုသီးတွင် ကာဗွန်ဟိုက်ဒရိတ်ဓာတ်များစွ ာပါဝင်ပါသည်။ ထို့အပြင် ဗိုက်တာမင် ဘီ၊ သံဓာတ်နှင့် ကယ်လ်ဆီယမ် အနည်းငယ်လည်း ပါဝင်ပါသည်။ 

ကျန်းမာရေးအတွက် အသုံးပြုပုံ 

၁။ ယားယံမှုကို သက်သာစေခြင်း

ယားယံသော နေရာကို သစ်တိုသီး အရွက်အား ကြိတ်ခြေပြီး အုံပေးထားပါက အယားသက်သာစေမည် ဖြစ်ပါသည်။ 

၂။ ဝမ်းလျှော သက်သာစေခြင်း 

အမြစ်အား ဝမ်းလျှောဝေဒနာအတွက် အစွမ်းထက် အိမ်သုံးဆေး အနေဖြင့် အသုံးပြုကြပါသည်။ 

၃။ အဖျားကျစေခြင်း 

အပင်ပေါ်မှ လတ်ဆတ်သော အရွက်ကို ခူးဆွတ်ပြီး အပူရှိန်တက်နေသော နေရာတွင် ကပ်ပေးပါက ချွေးထွက်စေပြီး အပူချိန် ကျဆင်းစေပါသည်။ သစ်ရွက်ပြုတ်ရည်နှင့် ရေချိုးပါကလည်း အပူချိန်ကျဆင်းသည်ဟု သိရပါသည်။ 

၄။ ဗိုက်အောင့် သက်သာစေခြင်း 

အမြစ်ကို ဗိုက်အောင့်သက်သာစေသော ဆေးများ ဖော်စပ်ရာတွင် အသုံးပြုတတ်ကြပါသည်။ 

ဇင်ထူးနိုင်

ကိုးကားချက် 

https://hort.purdue.edu/newcrop/morton/santol.html

https://en.wikipedia.org/wiki/Sandoricum_koetjape

https://www.pha-tad-ke.com/santol/

http://www.stuartxchange.org/Santol.html

http://bpi.da.gov.ph/bpi/images/Production_guide/pdf/Production%20Guide%20for%20Santol.pdf

myfoodmanmar.com (Source – Good Health) Facebook 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်